Sunday, June 29, 2008


ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ်
ကိုယ်
ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။

ခုတော့
ကိုယ့်မျက်လုံးတွေ
အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့်
ကိုယ်အိပ်နေတုန်း
မင်းကို ဆုံးရှုံးသွားမှာ စိုးလှတယ်။

ခွင့်မပန်ဘဲ
ပစ်မသွားပါနဲ့ အချစ်ရယ်
ကိုယ် ထထိုင်ပြီး
မင်းကို လက်နဲ့စမ်းတယ်။

“ အိမ်မက်များလား” လို့
ကိုယ့်ကိုယ်ကို မေးမိပြန်တယ်
မင်း ခြေအစုံကို
ရင်ခွင်မှာ
တင်းတင်း ပွေ့ထားနိင်ချင်စမ်းလှတယ်

ကိုယ့်ကို
ခွင့်မပန်ပဲ
ပစ်မသွားပါနဲ့ အချစ်ရယ်....။ ။



4 comments:

Anonymous said...

ညလုံးပေါက် စောင့်နေတာ သိလို့...ကျွဲရိုင်း ၂ဗူးလာပို့သွားတယ် ဘိုစိုဿးွမ်းရေ...ဟေး..ဟေး
မင်းအိပ်ချင်ရင်..ရဲဘော်တွေကို ခဏစောင့်ခိုင်းပေါ့ဟ..လာရင် သူတို့နိုးလိမ့်မယ်..း)

Anonymous said...

အင်းဗျ. . . ချစ်ရတာ တကယ်ပင်ပမ်းလွန်းပါတယ်ဗျာ ။ တစ်ခါတစ်လေကျတော့လည်း တော်တော် အောက်ကျနောက်ကျ ခံရပါလားလို့ အမြင်က စောင်းချင်ချင်ရယ်ဗျာ . . .
တစ်ဘက်သတ် အချစ်ဘ၀တွေ အားလုံး ဒီဘ၀တွေက လွတ်မြောက်ကြပါစေဗျာ။

Anonymous said...

တစ်ခုခုတော့ တစ်ခုခုပဲ.. ဘာပါလိမ့်... @_@

ပန်းခရေ said...

ပစ်မသွားပါဘူးကလေးရယ်...
ရောင်းစားပစ်မယ်နော်...အဟိ
ရောင်းစားလိုက်တာမှ ပိုက်ဆံရလိမ့်မယ် ပစ်ပမလားး..ဟဲ
ိမိုက်တယ်ကွာ...နင်ကတော့ တော်ကိုတော်တယ်..ကဗျာရေးတော့ကောင်းပ..
ငါ့သူငယ်ချင်းလို့မပြောရဘူး...အဟိ ဘာမှလည်းမဆိုင်ဘူး..