Monday, April 28, 2008

ယဉ်ကျေးမှု


မနေ့က သူငယ်ချင်း တစ်ယောက်က တို့မြန်မာမတွေ သင်္ကြန်မှာကဲ နေတာ မနိင်ဘူးလို့ ပြောလာလို့ ဘာဖြစ်လို့လည်း ဆိုပြီး မေးကြည့်တော့ ကျွန်တော့်ကို metacafe မှာတင်ထားတဲ့ လင့်ခ်လေးပေးလာပါတယ်။ အဲဒီ ဗီဒီယိုလေးထဲမှာ ကနေတာဗျာ။ ဘယ်လို ပြောရမှန်းတောင် မသိဘူး။ တော်တော်လည်း မူးနေတယ်နဲ့ တူပါတယ်။ သူတပါး သားသမီးကို မကောင်းတဲ့ မိန်းမလို့လည်း မစွပ်စွဲချင်တာကြောင့် ဘယ်လို ပြောရမှန်းတောင် မသိဘူး။ တော်တော်တော့ အတင့်ရဲတယ်ဗျ။ အောက်မှာ ကြည့်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။











တဆက်တည်း ဘာတွေးမိလိုက်လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာတွေ အလေးအနက်ထားတဲ့ သင်္ကြန်နဲ့ ဒီပုံစံနဲ့ မျက်စိထဲ ဘယ်လိုမှ ကြည့်မရဘူး ဖြစ်သွားတယ်။ အိနြေ္ဒဆိုတာ မရှိတော့ဘူး။ ဒီလို ပြောလို့ ကိုဆိုးသွမ်းကလဲ သင်္ကြန်မှာ အကျီရင်ဖုံးနဲ့ ထမိနဲ့ ၀တ်ရမှာလားဆိုလာရင်တော့ အဲဒီလိုလည်း မဟုတ်ဘူးလို့ ဖြေရမှာပါပဲ။ ခေတ်ကိုနားလည်ပါတယ်။ ဒါပေမယ့် မြန်မာမိန်းခလေး ပီသစွာပြုမှုသင့်တယ်။ လူငယ်စကားနဲ့ ပြောရင် ကဲသင့်တယ်။ ဘောင်းဘီ အတိုဝတ်တာ လက်ခံတယ် ။ ဒူးလောက်ဆို တော်ရောပေါ့ဗျာ။ အခုတော့ ပေါင်လည်လောက်ရောက် ရုံတင် မကဘူး ဒင်းက လှန်ပြလိုက် ၊ ကော့ပြလိုက်နဲ့။ ဒီလိုဆို ရှင်တို့ကရော မကြည့်ဘူးလားလို့ မေးလာရင် ကြည့်တာပေါ့ဗျာ။ ကြည့်လို့ ဒီလို မှတ်တမ်းလေးတွေတောင် ရှိလာတာပေါ့လို့ပဲ ဖြေရတော့မှာပဲ။ ၀တ်တဲ့လူက ၀တ်ရဲမှတော့ ကြည့်တဲ့လူကလည်း ကြည့်တာ မဆန်းပါဘူး။ အခုဟာက ၀တ်ရုံတင် မဟုတ်ပဲ လူပုံအလည်မှာ စင်ပေါ်မက်တပ်ရပ်ပြီး ကပြနေလိုက်တာ။ ခုနှစ်လွှာကပွဲတွေ အတိုင်းပဲ။ ၂ လွှာပဲ ကျန်တော့တယ်။ ယဉ်ကျေးမှု ဆိုတာကို ကျွန်တော် တော်တော် စဉ်းစားယူလိုက်ရတယ်။ ဒါက ဒီလောက်ပဲ ရှိသေးလို့ လူမမြင် ၊ သူမမြင်ဟာတွေ ဘယ်လောက်ရှိကုန်ပြီလဲ မသိဘူး။ အရင်တုန်းက ပိတောက်ခက်နဲ့မှ လောင်းတဲ့ခေတ်ကနေ အခုမီးသက်ပိုက်ထိုးတဲ့ ခေတ် ရောက်ကုန်တယ်။ အရင် ရင်ဖုံး ၊ ထမီ ကနေ အခု အတိုအပြက်တွေခေတ်ရောက်ကုန်တယ်။ နောက်ဆိုရင် ၀တ်လစ်စတစ်တွေများ လာကြမလား မသိဘူး။ ကိုယ့်လူမျိုး ကိုယ်ပြန်ပြောရတာလဲ တော်တော် စိတ်ကုန်ပါတယ်။

ဒါက ကျွန်တော့်အမြင်လေးပါ။ စာဖတ်သူလည်း ဘယ်လို ထင်ကြမလဲ မသိဘူး။ လွတ်လပ်စွာ ကွဲလွဲနိင်ခွင့် ရှိပါတယ်။



11 comments:

စိုးထက် - Soe Htet ! said...

အင်း ... သမီးလေး မွေးထားသဗျ ... ဘာ ပြောရမှန်း ကို မသိတော့ပါဘူး ... :P လေတယ် ... :P

lwansay said...

အစ်ကိုရေ ... သတိသာ ထားတော့ .. ကိုစိုးထက်ကြီးလို
သမီးတော့ မွေးမထားနဲ့ :P ...

အမြန်ဆုံး ပြုပြင်နိုင်ပါစေလို့ ဆုတောင်းရတော့မှာပေါ့ဗျာ..။ ယဉ်ကျေးမှုတွေ ပျောက်ကုန်ရင် မကောင်းပါဘူးနော...။

Anonymous said...

မောင့်ကို သမီးလေးဘဲ အရင်မွေးမယ်လို့ ပြောဘူးတယ်နော်၊ သူများယောင်လို့ လိုက်မပေါင်နဲ့၊ အဲလိုမဖြစ်အောင် နှစ်ယောက်ကြိုးစားကြမယ်နော်၊

Apprenticeship said...

No culture has such things.. It's just the dark side of the goblization. Saddddd........ I think more is coming on the way..:( :( :( :(

Soe Mya Nandar Thet Lwin (Borros Roxo) said...

Right.., What can i say!!

I was grew up in West country and I cant even imagine to put myself to conduct like that in Public.

It's seen like they dance in strip club, wearing only knicker and showing the flesh.

I wonder how their parents will feel after watching the footage.., It's pathetic!!

I agree we are in 21 century and we can follow the fashion style but there limit and not out of the line. No one will maintained to our tradition and culture unless we should control morally.

I feel sad and so shameful to watch it behalf of them.

SMNTL

Anonymous said...

တော်တော်ကြီး ဆိုးဝါးတာပဲ ဒါက မြန်မာ့ယဉ်ကျေးမှုကို ခုတုံးလုပ်သလိုပဲ ။ မပြောဘူးဆိုပေမယ့် ပြောရအုံးမယ် အဲ့လောက်ကနေတဲ့ မိန်းခလေးကတော့ မိန်းမကောင်းမဖြစ်နိုင်ဘူးထင်တယ် ။ ၀တ်ထားတာက နိုင်ငံခြားသူတွေထက်တောင်ဆိုးနေတယ် ။

မီးငယ် said...

အင်းလျားသင်္ကြန်ကတော့....ပြောချင်တော့ပါဘူး...

Anonymous said...

Ko Soe Thwan, u know I live in the west but I never saw this dance in the public. It's seen like they dance in strip club.That's horrible. We should control these kind of people.

Unknown said...

video ကည့်ပြီး နာရင်တုန်ပြီး ညအိပ်မရရင် ဆိုးသွမ်းရေ နင့်ကြောင့်ဟ.... ဟီး..ဟီး

MelodyMon said...

OHHHHHHHHH MYYYYYY GODDDDDDDDD!!!!!!!! စိတ်ဆင်းရဲလိုက်တာ။ သံစဉ်ကဂျပန်လူမျိုးတွေ၊ တခြားနိုင်ငံခြားသားတွေကိုမြန်မာမိန်းကလေးတွေဘယ်လိုအိနြေ္ဒရှိကြောင်း၊
မြန်မာ့ယဉ်ကျေးမှုကဘယ်လိုစည်းကမ်းကြီးကြောင်းပြောပြောနေတတ်တာ။
အခုတော့ ညာသလိုဖြစ်နေပြီ။ ဘယ်လိုဖြစ်တာလဲ။ အမြင်မတော်လိုက်တာ။

Anonymous said...

ဘာပြောရမှန်းတောင်မသိတော့ပါဘူး ကိုဆိုးသွမ်းရယ်..
မရောက်တာကြာလို့ ဝင်ကြည့်တော့မှ ဒီပို့စ်နဲ့ တည့်တည့်တိုးတယ်.. တော်တော်ကို အမြင်မတော်တာပါ...
လူ ဒီလောက်စည်တဲ့ သင်္ကြန်လိုရက်မျိုးမှာ အဲ့လိုမျိုးတောင် ကနိုင်တယ်ဆိုတော့ တော်တော်ဆိုးလို့ပေါ့.. နော့..
မြန်မာအမျိုးသမီးထုကိုယ်စား ရှက်မိပါရဲ့.. အဲ့ဒါထက်စာရင် ဒီမှာ နိုင်ငံခြားသူနဲ့ မခြား ဝတ်နေစားနေတဲ့ မြန်မာအမျိုးသမီးတွေကမှ ကြည့်ရတာ အမြင်တော်ဦးမယ်.. ဒီလိုကတယ်ဆိုတာ ရန်ကုန်ကရောက်တာမကြာသေးတဲ့ အစ်မပြောတော့ မယုံဘူး.. မြန်မာမိန်းကလေးတွေ အဲ့လောက်တော့ မဆိုးဝါးနိုင်ပါဘူးလေလို့ ထင်ထားတာ.. လက်တွေ့ကြည့်ရမှပဲ သူပြောတာ နည်းတောင်နည်းနေသေးတယ် ဆိုပြီး ဖြစ်သွားတယ်.. ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက်တော့ ကိုယ့်ရိုးရာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရမှာပဲလေ.. =)