Monday, April 7, 2008

!_! လွမ်းမျက်ရည် !_!


မျှော်လင့်ခြင်း အသက်ဝင် ရှင်သန်ဖို့
ငါက အိမ်အပြန် လမ်းပျောက်မှာတောင် ကြောက်ခဲ့သူ
မဟုတ်ပါဘူး.......ချစ်သူ

အချစ်ဆိုတာကို ဖြစ်မြောက်အောင်
စာလုံးပေါင်း မသိခဲ့တဲ့ ငါ့ကိုမှ
ချစ်ခြင်းမုန်းခြင်း အတိပြီးတဲ့ အပါးလွှာဆုံး ဓါးနဲ့မှ
ရင်ကို ချော့မြူထိုးသွားရက်တယ်

ငါကမ္ဘာလဲပြို တိမ်တွေလဲ ညိုလို့
လေထဲမှာ ပြောလို့ လေထဲမှာပဲ မျောပစ်လိုက်ရတဲ့ စကားတွေ အတွက်
ဒီရင်မှာ ကျန်ခဲ့တာ
အရောင်မပြောင်းတော့မဲ့ နှလုံးသားပဲ ရှိတော့တယ်

နုတ်ဆက်လိုက်ပါတယ်....အချစ်ရယ်

ပျော်ရွှင်ဖွယ် သတင်းစကား....မင်းအမြဲ ကြားရပါစေ
အောင်မြင်ခြင်းရလဒ်....မင်းအမြဲ ရတက်ပါစေ
ဘ၀မှာ ထာဝရ...မင်းအမြဲ လှပနိင်ပါစေလို့
ငါမျှော်လင့်ရင်း

အခုတော့ ငါနုတ်ဆိတ်နေပါတော့မယ်
လမ်းခွဲမှာ ၀မ်းနည်းစွာနဲ့
ထာဝရ နုတ်ဆက်ရင်း ........။ ။

!_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_!

သူငယ်ချင်း တစ်ယောက်အတွက်သာ ရည်စူး၍ ရေးဖွဲ့ခြင်းသာ ဖြစ်ပါသည်။


3 comments:

လင်း said...

သူကအလွမ်းဇတ်ခင်းနေတာကိုး။
မျှော်နေတာကိုတော့မရေးဘူး
ခေါင်းမူးတဲ့ဒဏ်ပေးနည်းတော့လိုချင်နေပြီထင်တယ်

စိုးထက် - Soe Htet ! said...

ချစ်ခြင်းမုန်းခြင်း အတိပြီးတဲ့ အပါးလွှာဆုံး ဓါးနဲ့မှ
ရင်ကို ချော့မြူထိုးသွားရက်တယ် ...

ဒါဏ်ရာ မပေါ် ဘူးပေါ့ ... :)

Anonymous said...

စကားလုံးတွေ ကိုတော့ သဘောကြတယ် အကို
တစ်ပုဒ်လုံးကောင်းတဲ့ လွမ်းမျက်ရည်