Tuesday, April 29, 2008


အခုလို ချန်ပီယံလိဂ် ဘောလုံးပွဲတွေ လာတော့ ကျွန်တော် မြန်မာပြည်က မထွက်ခွာခင် ပြင်ဦးလွင်မှာ နေခဲ့တုန်းက အဖြစ်အပျက်လေး တစ်ခုကို ပြောပြရဦးမယ်။ ချန်ပီယံလိဂ် ဘောလုံးပွဲတွေ ဆိုတာက သူတို့နိင်ငံမှာတောင် ည ၉ နာရီ ၁၀ နာရီလောက် ကန်ကြတာ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ နိင်ငံမှာဆိုတော့ ပိုနောက်ကျသွားတာပေါ့။ ည ၂ နာရီ ၂း ၃၀ လောက်ကို အချိန်က ရောက်သွားတယ်။ ဒါပေယ့် ဘောလုံး ၀ါသနာ အိုးတွေကတော့ ဒီအချိန်လောက်ကတော့ မမှုပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ထားတယ်။ မင်းနိးရင် ငါ့ကိုလာနှိုး ၊ ငါနိးရင်လည်း မင်းကို လာနှိုးမယ် ဆိုပြီး လက်ဝါး ရိုက်ထားကြလေရဲ့။ တစ်ချို့ သူငယ်ချင်း တွေကတော့ အခန်းပြန် မလာကြတော့ဘူး။ အပြင်မှာ တစ်ခုခုလုပ်ရင်း စောင့်နေကြတယ်။

တစ်ညတော့ ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်းရယ် ချန်ပီယံလိဂ် ဘောလုံးပွဲ ကြည့်ရန် အလို့ဌာ နှစ်ယောက်သား စကားလေး တပြောပြောနဲ့ အိပ်ဆောင်တွေကနေ နှစ်ယောက်သား ထွက်လာခဲ့ကြတယ်။ စက်ဘီး တစ်စီးထဲကို ၂ ယောက်သား အသွားအပြန် တလှည့်စီနင်းမယ်လို့ ကတိပေးရင်း ပထမဆုံး စီးရတဲ့ သူက ကျွန်တော်ပေါ့။ ဒါနဲ့ အဆောင်ကနေထွက်ပြီး ဘောလုံးပွဲ ရှိတဲ့ ရုံကို ချီတက်လာလိုက်တာ လမ်းမှာ ဘုန်းကြီးကျောင်း တစ်ခုကို ဖြက်ရပါတယ်။ အဲဒီဘုန်းကြီးကျောင်းရှေ့မှာ လမ်းက လမ်းစုံလမ်းခွ အသေးလေး တစ်ခုရှိပါတယ်။ မှောင်တာကလည်း တော်တော် မှောင်နေတာကြောင့် စက်ဘီးကိုတောင် သတိထားပြီး နင်းနေရသေးတယ်။ ဒီနေ့မှာ ဘောလုံးပွဲကြည့်မဲ့သူတွေကလဲ မလာသေးတာလား ၊ အရင်ရောက်ကုန်လို့လား ၊ ကျွန်တော်တို့ကပဲ စောနေလို့လား မသိဘူး တစ်ယောက်မှကို မရှိဘူး။ ဘုန်ကြီးကျောင်းနားလဲ ရောက်ရော ခွေးအူသံတွေ ကြားလိုက်ရတာ တော်တော်ကြီးကို ကြက်သီးထသွားတယ်။ အူလိုက်ကြတာဆိုတာ စုစုပေါင်း ၁၀ ကောင်လောက် ရှိမယ်ထင်တယ်။ အူရုံတင်မကပဲ လမ်းမပေါ် ပြေးထွက်လာလိုက်တာ အဲဒီမှာ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်း မသိတဲ့ ခွေးတွေနဲ့ ကိုက်နေကြပါလေရော။ ဘုန်းကြီးကျောင်းထဲက ခွေးတွေနဲ့ အပြင်ကခွေးတွေနဲ့ စစ်ခင်းကြတာပေါ့။ အလင်းရောင်ဂိုဏ်းသားတွေနဲ့ အနက်ရောင်ဂိုဏ်းသားတွေ သိုင်းပြိုင်ကြသလိုပဲ။ အပြိုင်အဆိုင် ကိုက်နေကြတာ။ အူတဲ့ ကောင်က အူ။ နာလို့ အော်တဲ့ အကောင်က အော်နဲ့ ။ ကျွန်တော်တို့က သူတို့ကို မကျော်ရသေးဘူး။ ကျွန်တော်တို့ အရှေ့မှာ ဖြစ်နေတာကြောင့် အရှေ့က နင်းနေတဲ့ သူငယ်ချင်းကို လှမ်းမေးလိုက်တယ်။ ဟေ့ကောင် သွားလို့ ဖြစ်ပါ့မလားပေါ့။ ဒီလောက် ကိုက်နေကြတာ လှမ်းမပေါ်ကြီးမှာ။ ငါတို့ဖြက်လို့ လိုက်ကိုက်ရင် ပြေးပေါက်မှားနေပါဦးမယ်ဆိုမှ ကိုယ့်ဆရာက

“ မင်းကလည်း ဖြစ်ပါတယ်ကွာ ၊ လူဖြစ်ပြီး ခွေးကြောက်နေရသေးတယ်တဲ့ ” အမယ် လူလည်း ကြောက်တာပဲ မဟုတ်လား။ ဒီနိင်ငံက ခွေးတွေဆို လူထက်တောင် ကြီးသေးတယ်။ လမ်းမှာ ကျောင်းသွားရင် သတိထားနေရတယ်။ ဒါနဲ့ ဒီကောင်နဲ့ ကျွန်တော်လည်း “ ယားးးးးးးးးးးးးးးးးးးးး ” ဆိုပြီး ကိုက်နေတဲ့ ခွေးအုပ်စုထဲကို အတင်းဖြက်နင်းတာ ။ အဲဒီမှာ ခွေးတွေလည်း ကြောင်သွားတယ်နဲ့ တူတယ် ။ အကုန်ကိုက်နေတဲ့ နေရာကနေ ရပ်ပြီး ကျွန်တော်တို့ကို ၀ိုင်းကြည့်နေကြတယ်။ စက်ဘီးရှေ့က ခွေးတွေကတော့ ရှောင်လို့ ရှောင်နဲ့။ လားလား အနားဖြက်ကြည့်လိုက်တော့မှ ခွေးတွေက အကောင် ၃၀ လောက်ရှိတယ်ဗျ။ တစ်ချို့အကောင်တွေက တကိုယ်လုံး နက်လို့ မှောင်လို့ ။ မျက်လုံးတွေက ညဆိုတော့ လင်းနေကြတာ။ မျက်လုံးပဲ မြင်ရတယ်လေ။ ခွေးအုပ်စုလည်း ပထမတော့ ကြောင်သွားတယ်နဲ့တူပါတယ်။ နောက်လည်း ကြရော သူတို့မျှားဦးက ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းဆီကို ဦးလှည့်သွားတယ်။ ပြည်ပရန်ကို ကျူးကျော်လာရင် မျိုးတူချင်း စည်းလုံးရမယ်ဆိုတာ ခွေးမှာလည်း ရှိတယ်နဲ့ တူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်း နောက်ကို လိုက်ကိုက်ကြတာ ကျွန်တော်က နောက်ထိုင်ခုံကနေတော့ မြင်နေရတယ်လေ။ ဒီတော့ “ ဟာ...ဟေ့ကောင် နင်း နင်းဟ ၊ ဟိုမှာ တအုပ်တမကြီး လိုက်လာပြီ ဆိုပြီး ” နင်းပြေးကြတာ ဘယ်လွှတ်မှာလဲ ကုန်းကလဲ ကုန်းနည်းနည်းလေး အတက် ၊ ခွေးကလည်း ၃၀ လောက်နီးပါးဆိုတော့ အနောက်က ကျွန်တော့်ကို ခုန်ဟပ်တဲ့ အကောင်က ခုန်ဟပ် ၊ ပုဆိုးကို ဆွဲတဲ့ ကောင်က ဆွဲနဲ့ ကျွန်တော်လည်း သတ္တိဘယ်ခေ မလဲ ငယ်သံပါအောင် အော်လွှတ်ပြီး ခြေထောက်နဲ့ တောင်ကန် မြှောက်ကန် လုပ်တာပေါ့။

မယုံမရှိနဲ့ တော်တော်လေး လန့်သွားတယ်။ ဒါနဲ့ တော်တော်လေး ဒေါသဖြစ်သွားတယ်။ ဒီကောင်တွေ အုပ်စုအားကိုးနဲ့ အနိင်ကျင့်တယ်။ ဒီလို အဖြစ်မျိုးက လူမှာတင် မဟုတ်ဘူး ၊ ခွေးမှာပါ ရှိတာပါလားဆိုပြီးလည်း သိလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဒေါသထွက်သွားတာပေါ့။ ခွေးရန်က လွတ်တာနဲ့ အနီးအနားမှာ ခဲလုံးတွေ လိုက်ရှာ ၊ ရှိသမျှကို ခြင်းထဲထည့် ၊ ပြီးတာနဲ့ ခွေးတွေရှိတဲ့ နေရာကို ပြန်သွားပြီး အကုန်လိုက်ထုတာ။ ကျွန်တော် ဆိုးသွမ်းကလည်း အဲဒီလို ခွေးနဲ့ဖက်ပြီး ရန်ဖြစ်အောင်ကို ဖြစ်သေးတယ်။ နောက်ဆုံး ခွေးတွေလည်း ထိတဲ့ အကောင်ကထိ ၊ ပြေးတဲ့ အကောင်က ပြေးနဲ့ တ ဂိန် ဂိန် နဲ့ ပွတ်လောရိုက်သွားတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်း သံတံခါးနားမှာ ရပ်နေတဲ့ ခွေးတကောင်ပဲ ကျန်တော့တယ်။ ဒါနဲ့ စဉ်းစားလိုက်သေးတယ်။ ဆက်ထုရင် ကောင်းမလား ၊ မထုရင် ကောင်းမလားပေါ့။ ခဲလုံးကလည်း တလုံးတည်း ၊ ခွေးကလည်း တကောင်တည်း ဆိုတော့ ကိစ္စမရှိပေမယ့် ခွေးအနောက်က သံတံခါးကြီးရှိနေတော့ အသံထွက်သွားနိင်တယ်လေ။ ဒါနဲ့ မထူးပါဘူးဆို ကိုယ့်ကို လိုက်ကိုက်ထားတဲ့ အရှိန်လေးကို မျက်လုံးထဲ ပြန်မြင်လာတာနဲ့ ကောက်ထုလိုက်တာ ထင်တဲ့အတိုင်းပဲ တစက်ကလေးမှ မလွဲဘူး။ တံခါးကို ဒုန်းဆို သွားလည်း မှန်ရော စက်ဘီးနှင်းပြီး ပြေးလိုက်တာ အဆောင်အထိပဲ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ဆုံးဖြက်လိုက်တယ် ။

“ ငါက မတရား အနိင်ကျင့်လို့ကတော့ လူတင်မဟုတ်ဘူး ခွေးနဲ့တောင် ဖက်ပြီး ရန်ဖြစ်တက်တဲ့ ကောင်ပဲလို့ ” ။

ရွှင်လန်းကြပါစေ။

8 comments:

မီးငယ် said...

နာ့ အစ်ကိုတို့ကတော့..ခွေးနဲ့တောင်ရန်ခြစ်တယ်...
နာ နဲ့သိပ်မကွာဘူး...ဟီး...

လားရှိုးသူ said...

မောင်လေးတို့က ဖြတ်နင်းတာကိုး၊ သူတို့ကို ဖြန်ဖြေတဲ့နည်းတော့ ရှိမှာပါ၊ အရင်မစဉ်းစားဘူးနော်၊ နောက်တခါဆို ခွေးသော်၊ လူသော်၊ အချင်းချင်း ကိုက်၊ ရန်ဖြစ်တာတွေ့ရင် ဖြန်ဖြေတတ်သူ ဖြစ်ပါစေလို့ အစ်မဆုတောင်းပေးလိုက်တယ်နော့။

Apprenticeship said...

Hote pa hpyit mah hpyit ya lae Bo Kyawng yay...

Anonymous said...

ဖြစ်မှ ဖြစ်ရလေ အစ်ကိုရာ စုံထောက်ဝတ္ထုကျနေတာပဲ ကျနော်ကတော့ သိနေတယ် အစောကြီးထဲက ခွေးတွေ အစ်ကိုတို့ နောက်လိုက်တော့မယ်ဆိုတာ ထင်တဲ့အတိုင်းပဲ ဟားဟား ကိုဆိုးသွမ်း ကြီး ပြေးနေတဲ့ ပုံ မြင်ယောင်သွားတယ်း)

Unknown said...

ဟားဟား ... ဘယ်ရမလဲကွ။ အဲဒီ့တုန်းက သတ္တိကောင်းကောင်းနဲ့ စက်ဘီးနင်းတာ အီဖေကိုပေါ့။ မတရားဘူးဆိုလို့ကတော့ ခွေးတောင်လာမစမ်းနဲ့။
ကြံရိုးနဲ့ရိုက်လိုက်လို့ နံရိုးပါနိမ့်သွားမယ်။
နယ်သား မကြောက်နဲ့ မင်းနောက်မှာငါရှိတယ်။

မင်းကျန်စစ်။ said...

သည်းထိတ်ရင်ဖိုပဲ အကိုရေ။ ဘာမှတ်နေလဲ သတ္တိခဲ ငါ့အကိုကွ။ လူဆိုရင်တော့ အသာလေးပေါ့။ :P

Anonymous said...

ကျောက်တောင်နားက ဘုန်းကြီးကျောင်းကြီးဖြစ်မယ်.. ကွိကွိ.. ပတ္တမြားကျောင်းတိုက်ဆိုလား.. :D ။ နောက်တစ်ခါဆို ပိုပြေးနိုင်ပါစေလို့ ဆုတောင်းလိုက်တယ်နော်.. :P

NatShinNaung said...

ဟားဟား။ အကို. ခွေးကိုက်ခံရတာ ဘာတွေပါသွားသေးလဲ ပြန်ကြည့်ဦး။ စုံမှစုံရဲ့ လားလို့။ ဥပမာ နားရွက်တို့ ဘာတို့။ :D အကောင် ၃၀ ဆိုတော့ နည်းနည်းတော့ ဟပ် မိမယ်ထင်တယ်။ :P