Thursday, May 28, 2009

ကျောပိုးအိတ်



ဘ၀ခရီး တစ်လျှောက်လုံး
အချိန်ဘယ်လောက် ကြာနိင်မလဲ
မင်းကို...ကျောပိုးအိတ်လေးထဲ
ထည့်ခေါ်သွားချင်တယ်

ငွေရောင် ၊ ရွှေရောင် ၊ ဂုဏ်ရောင်
အရောင်မျိုးစုံ ကျောပိုးအိတ်တွေထဲက
မေတ္တာနဲ့ သစ္စာတရားအရောင်စပ်တဲ့ ကျောပိုးအိတ်လေးထဲ
ချစ်ခြင်း နဲ့ စာနာနားလည် ခြင်းတွေကို
စားသုံးပြီး လိုက်ခဲ့

ကျောပိုးအိတ် အဖုံးကိုတော့
ဘယ်တော့မှ ပိတ်ထားမှာတော့ မဟုတ်ပါဘူး

ကုန်းတက်တွေ ၊ ကုန်းမြင့်တွေ ကြုံလို့
ကျောပိုးအိတ်သွားနှုန်းလေး နှေးသွားရင်
မင်း ခုန်ချ ချန်နေရစ်ခဲ့နိင်ပါတယ်

ဒါမှမဟုတ်
ကုန်းဆင်းတွေ ၊ မြေပြန့်တွေ ဖြစ်လို့
ကျောပိုးအိတ်လေး မြန်မြန်သွားနိင်ရင်လည်း
မင်းကို ပြန်ဝင်ခွင့်ပြုတယ်

ဝင်ချင်ဝင် ၊ ထွက်ချင်ထွက်
မင်းအတွက် .....ကျောပိုးအိတ်လေးကို
ထာဝရ...ဖွင့်ထားတယ်




7 comments:

ကျောပိုးအိတ် said...

အရမ်းကိုလေးနက်တဲ့ကဗျာလေးကို ဖတ်သွားပါတယ် အကိုဆိုးသွမ်းရေ

ဝင်ချင်ဝင် ၊ ထွက်ချင်ထွက်
မင်းအတွက် ထာဝရ ဖွင့်ထားတဲ့ ကျောပိုးအိတ်လေးကို
လွယ်ပြီး...ဘ၀ကို ခရီးဆက်လျှောက်မယ်

း)

Maung Myo said...

အရမ်းကောင်းတဲ့ ကဗျာလေးပဲ အစ်ကိုရေ့ အချစ်စစ်ဆိုတော့လည်း ၀င်ချင်ဝတ်ထွက်ချင်ထွက်တောင် ခွင့်ပြုတာပေါ့နော့် ။

ဒါနဲ့ အပေါ်ကတစ်ယောက်က ဘယ်ကကျောပိုးအိတ်လည်းဆိုတာ သိနေတော့ ရယ်သွားတယ် ဟိဟိး) ကဆိုးသွမ်းချစ်ချစ် စိတ်ကောက်ရင် ဒီကျောပိုးအိတ် တာဝန်ယူပါရန် ။

လင်းဒီပ said...

အလဲ့...

အချစ်စစ်ဆိုတာ
ကျောပိုးအိတ်ကလေးလိုလည်း သဘောထားကြီးတတ်ကြောင်း
မှတ်သားသွားပါတယ်..။

flowerpoem said...

ကျောပိုးအိတ်လေးကောင်းတယ်...

Apprenticeship said...

အပါးပါး ချစ်တတ်လိုက်တာ နာ့ဘရားတားအင်လောလို့ မပြောရဘူး :P

mgngal said...

သဘောကျစရာ ကဗျာလေးပါလား ကိုဆိုးကြီး ။ ခိုက်တယ်ဗျာ ။ :)

Dr. Yi Yi Win said...

“ဘ၀ခရီး တစ်လျှောက်လုံး
အချိန်ဘယ်လောက် ကြာနိင်မလဲ
မင်းကို...ကျောပိုးအိတ်လေးထဲ
ထည့်ခေါ်သွားချင်တယ်” ...သူမ ပေါင် ၂၀၀ မပြည့်ခင်ထိပေါ့ :p နောက်တာပါ။ ဖတ်လို့ ကောင်းတယ်။