Thursday, April 2, 2009


ကျွန်တော့်ရဲ့ ချစ်လှစွာသော...အရူးမလေးက
North Atlantic Ocean...ရဲ့ ဟိုဘက်မှာနေတယ်

သူမဆီ ရောက်နိင်ဖို့
တစ်နေ့ ...တစ်နေ့
ဒီသမုဒ္ဒရာကြီးကို ဘယ်လိုဖြက်ကူးရင် ကောင်းမလဲ
စဉ်းစားတော့......အဲဒီ အရူးမလေးကဆိုတယ် “ ရေကူး ” တဲ့

လမ်းထိပ်က
အကြော်သည် ဒေါ်ပူစူး ကတော့
သူ့ဆီက အကြော်ကြော်တဲ့ ဒယ်အိုးနဲ့ ကူးစေချင်တယ်

မင်းတကယ်...ကူးမယ်ဆို
လေထိုးထားတဲ့ ဘောကွင်းအသစ်တခု
လက်ဆောင်ပေးမယ်လို့တောင်....ကျွတ်ဖာတဲ့ လူကြီးကလည်း ဆိုသေးတယ်

ဒယ်အိုးကြီးနဲ့ပဲ...ဖြက်ရမလား
ဘောကွင်းကြီးပဲ လည်ပင်းမှာ စွပ်ထားရမလား

မဟုတ်သေးပါဘူး....
သမုဒ္ဒရာကြီး တခုလုံး ဖြက်မယ်သာ ပြောတာ
တကယ်တမ်း
ရန်ကုန်-ဒလ လောက်တောင်
လက်ငါးချောင်း ပြည့်အောင် ကူးဖူးတာ မဟုတ်တော့

ကဲ.. ဘယ်လို လုပ်ရမလဲ
ငါ့ရဲ့ ချစ်လှစွာသော....အရူးမလေးရဲ့

မဖြစ်နိင်ရင်လည်း...အစကတည်းက မပြောဘူး
အခုတော့...အိမ်မက်အသေတွေနဲ့
င့ါမှာ...ပက်လက်ကို မျောလို့



9 comments:

khin oo may said...

ပေါက်တတ်ကရ.. သူလဲ ရုးနေပြီ။

လင်းဒီပ said...

ရွှေပင်လယ်ကြီးကို ဒယ်အိုးကြီးနဲ့ဖြတ်မလို့လား အရူးမလေးချစ်သူရယ်...
စိတ်ထိန်းနော်...တောင့်ထား..။

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ရွှေပင်လယ်ကြီး ကာဆီးထားလို့ ဆုံစည်းရဘို့  ဘယ်လောက်ထိစောင့်ရမယ်မသိဘူး ~~~~~~

ရွှေပင်လယ်ကြီးသီချင်းသာနေ့ တိုင်းဆို သက်သာ သွားလိမ့်မယ်။

Dr. Yi Yi Win said...

မင်းခိုက်စိုးစံ ရဲ့ “သေခြင်းဆိုးမလေး” ကိုသတိရမိသွားပြီးပြုံးမိတယ် ဆိုးသွမ်းရေ။

Apprenticeship said...

ဒါဆိုလဲ စွန်ရဲငှက်တွေဆီက အတောင်းပျံတွေးငှားပြီး လာခဲ့ပေါ့။ ကြက်ငှက်ရောဂါတွေ ခေတ်စားတုံးက ဖတ်လိုက်ရတာလေး အာရှတိုက်က ရောဂါသယ်တဲ့ ငှက်တွေ ပျံသန်းနိုင်တဲ့ လမ်းကြောင်း... လိုချင်ရင် Articleဲပြန်ရှာပေးမယ် :D
အဲဒီလောက်ကြီးလဲ မခက်ခဲပါဘူး ဒီကမ္ဘာရွာ ခေတ်မှာ :P အဆင်ပြေပါစေကွား Brother in law Gyi...

ငြိမ်သက် said...

ရေခဲပုံး တွေသုံးလေ...ရှေ့  ကခေါတ်သစ်မဟာဇနက္ကတွေထုံးနှလုံးမူပြီးပေါ့
အရူးမလေးကတော့ဆိုမှာပဲ
လာချင်ရင်အနီးလေးလို့...

Anonymous said...

ကဗျာလေးကြောင့် ပြုံးမိတယ်ဗျာ ...း)
ပုဇွန်ဆိတ်ကလေးလို ဖြည်းဖြည်းနဲ့ နှေးနှေးကူးပေါ့ ..
သီချင်းထဲကလိုလေ ...
အရူးမလေးက လက်ကမ်းပြီး ကြိုနေတာမြင်ရင်
မောပန်းနေသမျှတွေ ပြေပျောက်သွားမှာ မြင်ယောင်မိရဲ့ဗျာ ...း)

ဆိုးသွမ်း said...

လက်ကမ်းကြိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ကိုအိမ်မက်ရှင်ရေ....

တော်ကြာ ကိုယ်ကူးလာတာမြင်မှ တရားမ၀င် နယ်စပ်ဖြက်ကျော်မှုနဲ့ ရဲကိုဖုန်းဆက်ပြီး အကြောင်းကြားလိုက်မှဖြင့်.....

အရူးမလေးပါဆိုမှ....ပြောလို့ရတာ မဟုတ်ဘူးလေ။ ဟွန်း :P

flowerpoem said...

ကိုဆိုးသွမ်းကဗျာလေးကတကယ်ကို ကောင်းပါတယ် မကူးနဲ့လေ ခုခေတ်မှီနေပြီပဲ..... လေယာဉ် (သို့) သဘောင်္တွေနဲ့သွားပေါ့ရှင်..