Monday, April 5, 2010

ညတိုက်ပွဲ ( ၃ )


ဒီလိုနဲ့ ကျနော်တို့တပ်စုတွေလည်း ကြိုတင်သက်မှတ်ထားတဲ့ နေရာတွေမှာ ဖြန့်ခွဲနေရာ ယူထားကြပါတယ်။ အားလုံးက အသံမထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်လို့။ ဘာလို့လည်း ဆိုတော့ ရန်သူလို့ ကျနော်တို့ သက်မှတ်ထားတဲ့ ဟိုဘက်က တန်းခွဲရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့က မြင်နေရတာကိုး။ ၀ိရီယအကျိုးကြောင့် ကျနော်တို့ ဒီဂိမ်းကို နိင်ပြီဆိုတာ ပိုသေချာသွားတာပေါ့။ ရန်သူလို့ သက်မှတ်ထားတဲ့ ဟိုဘက်တန်းခွဲရဲ့ တပ်ခွဲမှုး ဗိုလ်မှုးက အခုမှ သူ့တန်းခွဲက တပ်ခွဲတွေကို တန်းစီနေတုန်းပါ။ ပြီးတော့ ယခုအချိန်ဆိုရင် ငါတို့ကို လာတိုက်မယ့် တန်းခွဲကလည်း လမ်းတ၀က်လောက်ကို ဖြစ်ဖြစ် ရောက်နေလောက်ပြီ ဖြစ်ကြောင်း ၊ ငါတို့ကတော့ သူတို့မထင်မှတ်တဲ့ တောင်ကြောကို အနောက်ကနေ ပက်ပြီးတိုက်မယ်ဆိုတဲ့ အကြောင်း တွေကို စိတ်ဓတ်တက်ကြွအောင် စစ်မထွက်မှီ စစ်ထွက်မိန့်ခွန်း ပြောသလို ညွှန်းကြားနေတာပါ။

 

သူ အဲဒီလို ညွန်းကြားနေတဲ့ အချိန်မှာပဲ ..ကျနော်တို့ ကွန်မန်ဒို တပ်စု ( ၁ ) နဲ့ ( ၂ ) က သူတို့နဲ့ ကိုက် ၁၀၀ အကွာလောက်ကနေ ချုံတွေထဲက ထိုင်ကြည့်နေကြတာပါ။ ဗိုလ်မှုးက ပြောလေ..ကျနော်တို့က ရီ(ရယ် ) လေပေါ့။ ကျနော်တို့ နိင်နေပြီ သူတို့ရှုံးနေပြီဆိုတာ သိလိုက်ရတာကိုး။ အဲဒီတုန်းက စောစော အိပ်၇ာထလိုက်လို့ ရလာတဲ့ ခံစားမှုဟာ ကျနော်တို့ ရင်ထဲကို ဘယ်လိုပြောပြရမှန်း မသိအောင် ခံစားစေခဲ့ရပါတယ်။

 

အချိန်ကြည့်တော့ ၄း ၁၀ ဖြစ်နေပြီ။ ဒီတော့ ကျနော်တို့လည်း…ခေါင်းဆောင်လာတဲ့ သင်တန်းသား တပ်ခွဲမှုးကို ( အစ်ကိုကြီး..၀င်တိုက်ရအောင် ၊ နောက်ကျလို့ ရှိရင်..ရိပ်မိသွားနိင်တယ် ၊ ရောင်နီလည်း လာတော့မယ်လို့ ) ပြောလိုက်ပါတယ်။ ဒီတော့ သင်တန်းသား တပ်ခွဲမှုးလည်း  ( အေး..ဒါဆိုလည်း တိုက်ကျတာပေါ့ကွာ ) ဆိုပြီး စီမံထားတဲ့အတိုင်း ( ပစ်…တက် တက်ရင်း ကျား…….ဆိုပြီး… ၀င်တိုက် လိုက်ပါတော့တယ်။

 

အဲဒီအချိန်မှာ ကျနော်တို့ တွေ့လိုက်ရတာကတော့ ရန်သူ့တန်းခွဲ၏ သင်တန်းသားတွေရဲ့  အံသြခြင်း ၊ မယုံနိင်ခြင်း ၊ ရှုံးနိမ့်ခြင်း နဲ့ ဒေါသထွက်ခြင်း  စတဲ့ မျက်နှာပေါ်က ခံစားမှုတွေပါပဲ။ မထင်မှတ်တဲ့ အချိန်မှာ ၊ မထင်မှတ်တဲ့ နေရာအနေအထား အမျိုးမျိုးကနေ ကျားဆိုပြီး ထွက်ပေါ်လာတဲ့ အသံအောက်မှာ သူတို့တော်တော် စိတ်ဓတ်ကျသွားပါတယ်။ လုံးဝကို သူတို့ရဲ့ စုရပ် အဖြစ်သက်မှတ်ထားတဲ့ စခန်းအောက်မှာ အငိုက်ဖမ်းခံလိုက်ရတာကိုး။ ကျနော်တို့လည်း ပါးစပ်က အသံပေါင်းစုံအော်ရင်း အတင်းကို

ချီတက်ပြီး သူတို့စခန်းကုန်းပေါ် ပြေးတက်တော့တာပါပဲ။ မနက်တန်းစီတော့ ကျနော်တို့ဘက်က လုံးဝအနိင်ရသွားကြောင်းနဲ့ အမှတ်ပြည့်ရသွားကြောင်း ၊ သင်တန်းမှုးက ကြေငြာပါတယ်။

 

အဆုံးသတ်ရရင်တော့ တိုက်ပွဲအတွေ့အကြုံအတုလေးအပေါ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေကို သင်တန်းမှုးက ရှင်းလင်းပြောကြားသွားပါတယ်။ နောက်တခါကျရင်တော့ ချုံခို၊တန်ပြန်ချုံခို အကြောင်းကို ရေးသားသွားဖို့ စိတ်ကူးထားပါကြောင်း ပြောကြားရင်း ယခုပို့စ်အား အဆုံးသတ်လိုက်ပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ...

2 comments:

Nge Naing said...

မျက်စိထဲမှာ ဖြစ်နေတဲ့ပုံတွေကို အတိုင်းသား တွေ့နေရတယ်။ စာအရေးအသား သိပ်ကောင်းတယ်။

ကြယ်ပြာ said...

ဆိုးသွမ်းရေ... မရောက်တာတော့ အတော်ကြာသွားပါပြီ။ နေရောကောင်းသလား? နောက်ဆုံးပို့စ်အရဆို၇င် ၂၀၁၁ မှာတောင် ပို့စ်မတက်ဘူးနော်။ အစစ အရာရာ အဆင်ပြေပါစေ။ ညတိုက်ပွဲလေးကို ဖတ်သွားပါတယ်။