Tuesday, June 23, 2009

အမျှ....





တွေ့...ဆုံ...ကြုံ...ကွဲ တဲ့
သံသရာထုံး နှလုံးမူရင်း
ပက်သက်ခဲ့သမျှ သံယောဇဉ်တွေကို
ရေစက်ချ အမျှဝေပြီး
သာဓုခေါ်ခိုင်းခဲ့တာလား....မသီတာ

ပျော်ရွှင်ခဲ့ကြတယ် ၊ ကြည်နူးခဲ့ကြတယ်
စိုးရိမ်ခဲ့ကြတယ် ၊ နှစ်သိမ့်ခဲ့ကြပါရက်နဲ့
နောက်ဆုံး ဒီအလှူမှာမှ
ကျွန်တော်က မျက်ရည်ကျပြီး
လှူခဲ့ရတယ်

အချိန်တန်ရင် လူဆိုတာ
ကိုယ့်ဘ၀ ကိုယ်လျှောက်လှမ်းရမယ်လို့
မသီတာ....မသင်ပေးခဲ့လည်း
ရေစက်ချပွဲ အပြီးမှာ
လျှောက်လှမ်းတက်ဖို့ ကြိုးစားနေခဲ့ပါပြီ

မသီတာ နားမှာ ကျွန်တော် ရှိမနေနိင်ဘူး
မသီတာ အလုပ်တွေကို ကျွန်တော် လမ်းပြမပေးနိင်ဘူး
မသီတာ...၀မ်းနည်းလို့ ငိုရင်တောင်
ပထမဆုံးသိခွင့်ရတဲ့ လူဟာ အရင်ကတည်းက
ကျွန်တော် မဟုတ်ပါဘူးလေ

မသီတာရေ...လူတွေကတော့
ကျွန်တော့်ကို ၀ိုင်းဟား နေကြမှာပေါ့
လူအလေး...ချာတိတ်လေး...ကလေးလေးပါတဲ့
ပြောကြပါစေလေ...
ပြောကြပါစေ....
ကျွန်တော်ကလည်း ဟုတ်နေခဲ့တာကိုး

ဘာပဲ ဖြစ်ဖြစ်...ရှိပါစေတော့
အတူတကွ တည်ထောင်ထားတဲ့
ချစ်ခြင်းတရားအတွက်
မသီတာ...ခွဲလို့ ယူချင်မှတော့
ကျွန်တော်ကရော..ဘာနဲ့များ တားမြစ်နိင်တော့မှာလဲ

အနမ်းတွေ ၊ အလွမ်းတွေ
စိတ်ကူးယဉ်မှုတွေ ၊ စိတ်ကူးရိုင်းခဲ့မှုတွေ
ငိုကြွေးမှုတွေ ၊ မြွတ်သိပ်မှုတွေ
အားလုံး တညီတညာတည်း စုပေါင်း
မသီတာ စိတ်တိုင်းကျ
ကျွန်တော်က ရေစက်ချ လှူဒန်းလိုက်ပါတယ်...

ဒါပေမယ့်.....
မသီတာရယ်
ကျွန်တော် ဒီအလှူမှာ သာဓု မခေါ်နိင်ခဲ့ပါဘူး.......



9 comments:

Unknown said...

ဆိုးသွမ်း

ရင်နဲ့အမျှ လာရောက်ခံစားသွားပါတယ်..
ကဗျာလေးကိုအရမ်းနှစ်သက်မိပါတယ်.
ခံစားချက်ခြင်းတူလို့လည်း..ပိုပြီးခံစားရပါတယ်..

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

မသီတာ တဲ့..
လွမ်းစရာ ကောင်းလိုက်တာ..

တကယ်ရော အမျှဝေရဲ ပြီလားကွဲ့
မောင်လေး ရေ..

လင်းဒီပ said...

လူလေးရယ် စိတ်ကိုလျှော့ ဟုတ်လား..
သာဓုခေါ်ပြီး စိတ်ပါလက်ပါ လှူလိုက်နော်...
ဝဋ်ကြွေးတွေပါကွယ်..။
:P

Apprenticeship said...

အော်.. ရေစက်ချပီ အမျှမခေါ်တော့ အလူအထမမြောက်ဘူးပေါ့ :P စွန့်အလွှတ်ချစ်ခြင်း အတော်ခက်ခဲတဲ့ အချစ်ပါ ဒါပေမယ့် အဲဒီပါရမီ ရသွားပီဆိုရင် အတော်ငြိမ်းချမ်းပါတယ်။ တကာလေးကျင့်ကြည့်ပါလား :P

Anonymous said...

ပျော့ပျော့လေးနဲ့ အရမ်းလန်းတယ်။


ဟန်လင်း

ကျောပိုးအိတ် said...

အလှူလာဖတ်သွားတယ်။အမျှဝေတော့ အမှီလိုက်ဘူး။ သာဓုမခေါ်နိုင်တာ မခေါ်နဲ့ ပေါ့။

သာဓုအစား ပြန်ပြောလိုက်လေ။ သီတာနေပါဦး သီတာနေပါဦး သီတာကိုသိပ်ချစ်တယ် ဆိုပြီး ပြန်ပြောလေ။
း)

ခင်တဲ့
ကျောပိုးအိတ်

may16 said...

ကိုဆိုးသွမ်းရေ
may16 နာမည်လည်းသီတာပဲနော် တိုက်ဆိုင်မှုတွေရှိရင် ခွင့်လွှတ်နော် ကျွန်မကတော့ သာဓုခေါ်ခဲ့ပါတယ်ရှင်..
အလှူအထမမြောက်မှာဆိုးလို့ပါ ကိုဆိုးသွမ်းရယ်

ညခင်း said...

ညခင်း နာမည်လည်း သီတာပဲနော်။ :P

ကဗျာလေး လန်းတယ်။ နောက်ခဲ့ပြီနော်။
စိတ်မဆိုးနဲ့။