Thursday, June 4, 2009





ခြေကျင်းလေး တစ်ခုပါ
မြင်ကတည်းက သတိထားခဲ့မိတဲ့
ခြေကျင်းလေး တခု.....
သူမရဲ့ ဘယ်ဘက်ခြေကျင်းဝတ်လေးနားမှာ
အမြဲတမ်း နေရာယူထားတယ်

ရွှေကြိုးပါးပါး မြှင်မြှင်လေးတွေနဲ့
အသည်းပုံတွယ်ချိတ်လေးတွေလား ၊ ဆွဲသီးသေးသေးလေးတွေလား
အဲဒီ ခြေကျင်းလေးမှာ ကပိုကရိုနဲ့

ခြေကျင်းလေးလား...လှပါတယ်
အထူးသဖြင့်...သူမခြေထောက်တွေနဲ့
ခြေကျင်းလေးက သိပ်လိုက်ဖက်တယ်

နားမဆင်ဘူးပေမယ့်
သူမလမ်းလျှောက်တဲ့အခါ...ခြေကျင်းခတ်သံလေးက တချွင်ချွင်နဲ့
ရင်ထဲမှာ မြည်လို့

အခုတော့
စတွေ့ကတည်းက ဘယ်ဘက်မှာ အမြဲနေရာယူတက်တဲ့
ခြေကျင်းလေးကို....ညာဘက်ကို ပြောင်းလဲပြီး
သူမ ၀တ်ဆင်သွားခဲ့ပြီ
ဘယ်တော့မှ မမေ့ပါဘူး......ဘယ်တော့မှလည်း မေ့မရခဲ့ဘူး


ခြေကျင်းလေးရယ်....
သခင့်ရင်အလိုကျအတိုင်းပေါ့

သူမ ပျော်ရွှင်နေဖို့ပဲ အရေးကြီးပါတယ်
စိတ်ပါတဲ့အခါ တပ်ထားလိုက် ၊ စိတ်မပါတဲ့ အခါ ဖြုတ်ထားလိုက်နဲ့
ဘယ်ကနေ ညာကိုပြောင်း ၊ ညာကနေ ဘယ်ကိုပြောင်းနဲ့
ငါတို့ဘ၀တွေက အသုံးတော်ခံပစ္စည်းမျှသာ....


4 comments:

flowerpoem said...

ကဗျာလေးက တကယ်ကောင်းပါတယ် ကိုဆိုးသွမ်း

လင်းဒီပ said...

ခြေကျင်းလေး ဘယ်ကနေ ညာပြောင်းတာနဲ့ဘဲ ငါတို့ဘဝကအတူတူဆို ဖမ်းအသည်းကွဲပစ်လိုက်တယ်ပေါ့..။
စိတ်နဲ့နားထောင်ကြည့်တယ် ခြေကျင်းသံလေးကို...။

ကျောပိုးအိတ် said...

မိုက်တယ်ဟေ့ ကဗျာလေးက

Apprenticeship said...

အဆင်ပြေပါစေကွားးး