Thursday, August 27, 2009




ဟန်နီ
မင်း မွေးနေ့မှာ ငါမရှိဘူး

ဟန်နီ
မင်း မွေးနေ့မှာ ငါဆုတောင်း မပေးနိင်ဘူး

ဟန်နီ
မင်း မွေးနေ့မှာ ငါ အဝေးရောက်နေတယ်

ခဏပေါ့...ဟန်နီ
ခဏလေး....ပေါ့

ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး
မြန်မာပြည်ကြီးကလည်း ကျဉ်းကျဉ်းလေး မဟုတ်လား

နောင်လာမဲ့ မွေးနေ့တွေမှာ
မင်း...အနား
ငါရှိအောင် ကြိုးစားပ့ါမယ်

မင်းအနား
ငါ ရောက်အောင် လှမ်းလာပါ့မယ်

အခုတော့......စိတ်မကောင်း
မဖြစ်ကြေးပေါ့နော်......


( Happy Birthday !!!!!! )





8 comments:

လင်းဒီပ said...

ရပါတယ် ကိုဆိုးသွမ်းကြီးရယ် ဟန်နီက ခွေးလွှတ် အဲလေ..ခွင့်လွှတ်ပါတယ်တဲ့..:P

ကျောပိုးအိတ် said...

အဟဲ

ဆိုးသွမ်းနီးတူ ဆုတောင်းပေးလိုက်တယ် ဟန်နီရေ။
ဟတ်ပီဘတ်ဒေး။

သံယောင်လိုက်သွားတယ်။
း)

ကြယ်ပြာ said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ဟန်နီ( အဟဲ ဆိုးသွမ်းခေါ်သလိုလိုက်ခေါ်တာ)

Apprenticeship said...

ဘရားတားအင်းလော မရှိတော့ စစ်စတာ မွေးနေ့ဆုတောင်းပေးထားပါတယ်နော်...။ သေချာလဲဂရုစိုက်အုံး မွေးနေ့တွေက မေ့သင့်တဲ့ရက်တွေမှ မဟုတ်တာ ဆက်တာ စိတ်ကောက်စစ်ရေ... :P

တောင်ပေါ်သား said...

ကျနော်လဲ ၀င်ဆုတောင်းပေးဦးမှ

ဟတ်ပီဘတ်ဒေးပါ ဟန်နီရေ.......း))
ပျော်ရွှင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် said...

အတူတူဆုတောင်းပေးမှာပေါ့
ဟက်ပီးဘတ်ဒေးပါ ဟန်နီ
ဆုတော့တောင်းပေးပြီးပြီ
ကျွေးမွေးရေးအစီအစဉ်လုပ်ပါတော့ဗျို့ 
စားတာနောက်မှ သောက်တာအရင်လုပ်ပါဗျို့  :D

Anonymous said...

အဟိ.. ဟန်နီလို့ လိုက်ခေါ်လို့ ရလို့လား.. အပေါ်က ကောမန့်ရှင်တွေ... :D



SDL

Anonymous said...

ဆိုးသွမ်းရဲ့
နတ်သမီးလေး ဟန်နီ
မွေးနေ့မဂ်လာပါကွယ်..

ချစ်သူ2ဦး အမြန်ဆုံး
ဆုံဆည်းကြပါစေလို့
အဝေးကနေဆုတောင်းပေးလိုက်ပါတယ်


မေဦးခင်