Sunday, June 7, 2009



ငါလည်း ထမင်းစားတာပါပဲ
မင်းတို့လို့ ထုနဲ့ထည်နဲ့ ထားစရာ မာနမရှိပေမယ့်
မီးခြစ်ဆံခေါင်းလောက် မာနလေးကို
ဘယ်သူမှ မမြင်အောင် ဖွတ်ထားတာ

လျှောက်ခဲ့ရတဲ့ လမ်းမှာ
အားလုံးကို နားလည်ပေးခဲ့တာကြောင့်
မီးခြစ်ဆံခေါင်းမာနလေးကို ဘယ်တော့မှ ထုတ်မသုံးဖြစ်ခဲ့ဘူး

“ အော်...နာမှ နာတက်ပါ့မလားလို့တဲ့ ”
တချိန်တုန်းက...မင်းင့ါကို အဲဒီလိုပြောဖူးတယ်
မင်းကတော့...ဘာရယ်မဟုတ်
ချစ်လွန်းလို့ ပြောလိုက်တာ....နေမှာပါလို့
( ငါ့စိတ်ထဲ ) အမှတ်မထားခဲ့ဘူး

င့ါမာနတွေကလည်း မင်းရှေ့ရောက်ရင်
ကျောက်စက်ရေတွေလိုပဲ တစ်စက်ချင်း တစ်စက်ချင်း
................အေးစက်
မနက်စောစော နေရောင်လာလို့ ဖယ်ရှားပေးလိုက်ရတဲ့
မြူနှင်းတွေလို့....ပျောက်ဆုံးလို့

မင်းသတင်းတွေ ၊ မင်းအကြောင်းတွေ
တွေးမိရုံနဲ့တင် စိတ်က အလိုလို
ပျော့ညံသွားတက်တာ...ဘာနဲ့မှ ဖြေမရခဲ့ဘူး

င့ါရင်ဘတ်ထဲမှာ မင်းကိုချစ်တဲ့ စိတ်တွေရှိနေသ၍လည်း
ငါဘယ်တော့ မသည်းမကွဲဘူး
( မင်းင့ါကို ချစ်တာ ၊ မချစ်တာတော့ တကဏ္ဍပေါ့လေ )
ဒီလိုပဲ ငါခံယူတယ်

ငါ့ရဲ့ မီးခြစ်ဆံခေါင်းမာနလေးကို
ဒီတသက် မင်းအပေါ် ထုတ်သုံးခွင့် ထာဝရပိတ်ပင်လိုက်ပါတယ်
ဘာလဲဆိုတော့
မီးခြစ်ဆံခေါင်းတော့ မီးခြစ်ဆံခေါင်းပဲ
အဲဒီမာနက အရင်ကတည်းက ယူရေနီယမ်တွေနဲ့
ဖွဲ့တည်ထားတာ

မီးခြစ်ဆံခေါင်လေး ပေါက်သွားရင်
မင်းကိုလည်း ငါမသိတော့ဘူး...ငါ့ကိုငါလည်း မသိတော့ဘူး
ငါ့ကိုငါ မသိတော့မှာထက်..မင်းကို ချစ်ခွင့်မရတော့မှာကို မသိတာ
ငါကြောက်နေခဲ့လို့ပါ.......




4 comments:

ကျောပိုးအိတ် said...

မီးခြစ်ဆံခေါင်လေး ပေါက်သွားရင်
မင်းကိုလည်း ငါမသိတော့ဘူး...ငါ့ကိုငါလည်း မသိတော့ဘူး
ငါ့ကိုငါ မသိတော့မှာထက်..မင်းကို ချစ်ခွင့်မရတော့မှာကို မသိတာ
ငါကြောက်နေခဲ့လို့ပါ.......

ကြိုက်တယ်တော့ အဲစာသားလေးကို

ကြယ်ပြာ said...

ကဗျာလေးသဘောကျတယ် ... နောက်ဆုံးအပိုဒ်လေးသဘောအကျဆုံး ....

mgngal said...

ကဗျာလေး နှစ်သက်မိတယ်ဗျ ကိုဆိုးကြီး ။

Apprenticeship said...

သြော် ချစ်တတ်သူတွေရဲ့ လွမ်းချင်းတွေ...