Wednesday, September 2, 2009

ချစ်ခြင်းရဲ့ ဘဝ


အနားနားမှာ ခပ်တိုးတိုး
ချစ်ရေးဆိုရမှာ....ရှက်လိုက်တာ

စကားတခွန်းအတွက်
အဆောင်အယောင်တွေမရှိ
ကတ္တရာလမ်းနဲ့ ပေသားကျနေတဲ့ ခြေထောက်တွေနဲ့

“ ကျွန်တော်ဟာ “......” ကို တသက်လုံး
စောင့်ရှောက်ချင်တဲ့ လူပါလို့ ” လည်းပြောလိုက်ရော
တဆက်ဆက် တုန်လာတဲ့ နှလုံးသား
ရင်ခုန်တာလား.....အားနာတာလား
ကြောက်ရွံတာ....သိမ်ငယ်တာလား ဆိုတာတောင်
ပြန်ဝေခွဲမရ

စီးထားတဲ့ ရာဘာသရေကြိုး ဖိနပ်လေးမှာ
ချစ်ခြင်းတွေ ကျဆုံးခဲ့ရ ၊ မျှော်လင့်ခြင်းတွေ ပျက်သုဉ်းခဲ့ရနဲ့
သြော်...ချစ်သူရယ်... နားလည်ပါ့မလား...

ဒီရင်မှာ ချစ်တတ်တဲ့ နှလုံးသားကလွဲ..
ဘာဆိုဘာမှ မရှိဘူး...
မင်းကိုချစ်တယ်လို့ပြောလိုက်တိုင်း...
ငါ့ဘဝကို ငါ အားနာလိုက်တာ..

ငါ့လက်က ကဗျာကလွဲ..
ဘာဓနဂုဏ်မှ မရှိဘဲ...
"......"ကို တသက်လုံး စောင့်ရှောက်ချင်ပါတယ်လို့
မဝံ့မရဲပေမဲ့...
ပြောပါရစေနော်..သက်ဆုံးထိ...။


4 comments:

mayookhin said...

ဘာဓနဂုဏ်မှမရှိပဲ
ရိုးရိုးသားသား
ချစ်တတ်တဲ့မောင်လေး

မောင်လေးချစ်တဲ့သူရဲ့
နားလည်မှုတွေကို
အမြန်ဆုံးရရှိပါစေ

လင်းဒီပ said...

လုပ်သွားပြန်ပြီတစ်ယောက် သနားအောင်..
မောင်ဆိုးသွမ်းတို့များ နုပ.. နုပ...

flowerpoem said...

ကိုဆိုးသွမ်းရေ စိတ်ချင်းတူပါတယ်..

Apprenticeship said...

လိုဘူးလေ... အမကပိုက်ပိုက်တွေ မမက်ဝူးတဲ့။ ပိုက်ဆံက အကြောင်းတစ်ရားတွေ အများကြီးတဲ့ အရာတစ်ခုလောက်ပါ။ ဆိုးသွမ်းလို မြတ်၂နိုး၂ တန်ဖိုးထားချစ်နေသူရဲ့ ရင်ခွင်မှာ ဆိုးသွမ်းချစ်သူလေ လုံခြုံနွေးထွေးနေမှာပါ။။။ လေးစားတယ်။ ဆက်ချစ် :)