Monday, May 25, 2009


ရာသီပွဲတလျှောက်လုံး
ကျနော်က သူမအသင်းမှာ
ထာဝရ စာချုပ် အချုပ်ခံရတော့မယ့် တိုက်စစ်မှုးတစ်ယောက်ပေါ့လေ

ဇွဲနဘဲကြီးစွာ ကစားတက်မှု
အသင်းအပေါ် သစ္စာရှိမှု
တိကျတဲ့ ဂိုးသွင်းနိင်ယူမှုတွေနဲ့
မန်နေဂျာ အချစ်တော်......တစ်ယောက်

ကျွန်တော့်ရဲ့ အဆုံးသတ်သေချာမှုတိုင်းမှာ
သူမက နှစ်ခြိုက်စွာ အမြဲလက်ခုပ်တီး
အားပေးတက်လေ့ ရှိခဲ့တယ်

သက္ကရာဇ်တွေမှာ
သူမနဲ့ ကျနော် အတူယှဉ်တွဲယူထားတဲ့
အောင်မြင်မှု မှတ်တိုင်တွေကလည်း
ကျနော်တို့နှစ်ယောက်ရဲ့
နားလည်ဝေမျှတက်မှုကို သက်သေထူလို့

ဒါပေမယ့်
ရာသီဥတုနဲ့ မီဒီယာအားတွေကြောင့်
ရာသီပိတ် အဆုံးသတ် မလှပချိန်မှာတော့
အရန်ထိုင်ခုံတွေပေါ်ကပဲ....ကျနော့်ကို ဘယ်အချိန်
ခေါ်သုံးမလဲဆိုပြီး.....သူမကို ငေးကြည့်နေခဲ့ရတယ်

...တခါတခါ
အချိန်ပိုတွေမှာ သူမသတိရရင်
ကျနော့်ကို ထုတ်သုံးတက်ကလွဲလို့
ကျနော်က ပွဲချိန်ပြည့် ကစားခွင့် မရတော့တဲ့ သူတစ်ယောက်ပါလေ
နောက်ပြီး အနီကဒ် ၊ အ၀ါကဒ်တွေကိုလည်း
ဒိုင်လူကြီးအစား ကျနော့်ကို သူမပဲ ပြလေ့ရှိတယ်

သိပ်မကြာခင် ပွဲစဉ်တွေ ပြီးတော့မယ်
ရာသီပိတ် အဆုံးမှာ သူမက တန်းမဆင်းခဲ့ရပေမယ့်
ကျနော်ကတော့
လေ့ကျင့်ခန်း ပုံမှန်ဆင်းပါ့မယ်
လစာလည်း တိုးမတောင်းပါဘူး ဆိုတာတောင်
ကျနော်ကိုတော့ အသင်းပြောင်းခိုင်းဖို့
အတင်းကို ဖိအားပေးခံနေရတယ်


တကယ်ဆို...သူမကိုင်တဲ့ အသင်းမှာ
ကျနော်က ထာဝရ သူရဲကောင်း ဖြစ်ချင်ခဲ့သူပါ
သူမရဲ့ အသင်းမှာ...ကျနော် ကျောနံပတ်ကို
ထာဝရ အနားပေးချင်လောက်အောင်ထိ ကြိုးစားပြချင်ခဲ့တာ
အရေးကြီးဂိုးတွေ ၊ အဖိုးတန်ဂိုးတွေ
သွင်းယူပြီးတိုင်း...အောင်မြင်မှုအနေနဲ့
သူမရှိရာကို ပြေးဖက်ပြီး ၊ ဂုဏ်ပြုချင်ခဲ့တာ

ကျနော်ဟာ အသင်းပြောင်းမယ့်သူတော့ မဟုတ်ပါဘူး
အရန်ခုံတွေပေါ်ကလည်း..သူမကို အောင်ပွဲခံမှုတွေကို
ငေးမော.....နေခွင့်ရှိနေခဲ့ရင်ပဲ
ကျေနပ်နေမယ့်သူပါ

အမြဲတမ်း ကျနော့်ရဲ့ ရိုးသားတဲ့ ကစားဟန်တွေနဲ့
အသင်းအပေါ် အနစ်နာခံ ပေးဆပ်တက်မှုတွေ အပေါ်
သူမ လျစ်လျူရှုသွားတာတောင်
အရန်ထိုင်ခုံတွေပေါ်က
သူမအတွက် အောင်မြင်မှုများစွာ ရှာဖွေပေးချင်ခဲ့သူ တစ်ယောက်

.....တကယ်တော့ ကျနော့်အဖြစ်က
အဖြည့်ခံ တိုက်စစ်မှုး ( သို့မဟုတ် ) သူမရဲ့
တစ်ဘ၀စာလုံး အဌားချခံ...ခဲ့ရသူ


6 comments:

Apprenticeship said...

သူ့နေရာနဲ့သူပေါ့.. ကျေနပ်နေဖို့ အဓိကပါ :P
ရိုးသားစွာ ကစားနေတဲ့ အတွက် အရိုးသားဆုံး ရနိုင်ပါတယ် ဆက်လက်ရိုးသားနိုင်ပါစေ... :D :)

Nay Lin said...

အရံခုံပေါ်ကလူ လစာလျှော့ယူ

လင်းဒီပ said...

ဆက်ကစားပါလေ...
ဘာပဲဖြစ်ဖြစ် ကစားရရင်ကို ပျော်နေမှာ သိတယ်..။

flowerpoem said...

ရိုးသားမှုအတွက် တစ်နေ့တော့ ရလဒ်ကောင်းမှာပါ ကိုဆိုးသွမ်း..
တစ်ယောက်သောသူကပြောဘူးတယ် ရိုးသားတာကောင်းတယ်တဲ့

Unknown said...

စိတ်မကောင်းမဖြစ်ပါနဲ့ ကိုဆိုးသွမ်းရယ် ...
သူကအသင်းပြောင်းခိုင်းတော့လည်း ရန်ကုန်ယူနိုက်တက် မှာလာကန်ဗျာ ...
စားပြီးသောက်ပြီး အသွားအပြန်ကားခ ၄၀၀ ဆိုဖြစ်တယ် မလား :P ဟီးဟီး

mgngal said...

ဘေးထိုင်နေရတာတော့ ဟုတ်သေးဘူးနော့။ လူငယ်ခြေတက်တွေကို သတိထား ။ တအား သွက်တာဆိုတော့ ။ :P
ကိုဆိုးကြီး ကဗျာလေး နှစ်သက်စွာ ခံစားသွားတယ်ဗျ ။