Thursday, July 2, 2009

အပူ...သည်



ဘာလိုလိုနဲ့
၁ နှစ်ထပ်တိုးသွားပြန်ပြီ

ဘ၀မှာ ရှေ့ဆက်နေရဖို့
အသက်ဘယ်လောက် ကျန်ဦးမှာလဲ

နောက်ထပ် ၁၀ နှစ်လား
အနှစ် ၃၀ လား
အဲဒီ နှစ်ကာလတွေ အတွင်းမှာ
ဘာတွေလုပ်နိင်မလည်း
ဘာတွေဆက်လုပ်ခွင့်ရှိမလဲ

အပူတွေ အပူတွေ
အသက်တွေနဲ့အတူ
အပူတွေလည်း ပိုများလာတယ်

သံယောဇဉ်အပူ
ကိုယ့်အတွက် အပူ
မိသားစု အပူ
သူငယ်ချင်းအတွက် အပူ

ကြီးကြီးကျယ်ကျယ်ပြော
မြန်မာပြည်အတွက် အပူ
တိုင်းတပါးရောက်နေတဲ့သူတွေ အတွက် အပူ
ကမ္ဘာကြီးအတွက် အပူ

အမေ..သားအသက် ၁ နှစ်တိုးပြန်ပြီ
အပူတွေလည်း ပိုများခဲ့ပေါ့

သို့ပေမယ့်
အမေ့ရဲ့ ၀မ်းရေးစပ်မှုအတွက်
တန်အောင်တော့..သား ကြိုးစားမှာပါ




15 comments:

Unknown said...

Happy Birthday ပါ ကိုဆိုးသွမ်းကြီးခင်ဗျာ ...
မွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ ...
မိဘကိုလုပ်ကျွေးနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ..။

ကျောပိုးအိတ် said...

ဟတ်ပီဘတ်ဒေးကိုဆိုးသွမ်း။

မွေးနေ့ မှသည်နောင်နှစ်ပေါင်းများစွာ ဘ၀နှင့်ဆန တစ်ထပ်တည်းကျပါစေ။

ပျော်ရွှင်ဖွယ်မွေးနေ့ တိုင်းကို အတားဆီးမဲ့ ဖြတ်သန်းနိုင်ပါစေ။

နိုင်ငံအတွက်၊ မိသားစုအတွက်၊ချစ်သူအတွက် သူရဲကောင်းတစ်ယောက်ဖြစ်ပါစေ

ခင်တဲ့
ကျောပိုးအိတ်

ရွက်လွင့်ခြင်း said...

၁၀ကုဋေ မပြည့်သေးပါဘူး
ထပ်ရေးလို့ ရပါသေးတယ်

မမသီရိ said...

မွေးနေ့လား.. မောင်လေး

Happy Birthday!!! မောင်စိုးသွန်းကလေး

မိဘကျေးဇူး သိတတ်သူလေးမို့
လိုအင်ဆန္ဒတွေ အမြဲပြည့်ပါစေ

နောင် ပျော်ရွှင်ဖွယ်ရာ
မွေးနေ့ပေါင်းများစွာကိုလဲ ပိုင်ဆိုင်နိုင်ပါစေ

အဖိုးတန် ကဗျာလေး တွေ
အမြဲ ရေးနေနိုင်ပါစေ

တောင်ပေါ်သား said...

မွေးနေ့လားအကိုရေ ဟတ်ပီဘတ်ဒေးပါ
ဘ၀မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ပြီး ချစ်သော မိသားစုနဲ့ သက်ထက်ဆုံး နေနိုင်ပါစေဗျ

လေးစားလျက်
တောင်ပေါ်သား

flower.poem said...

Happy Birthday ပါကိုဆိုးသွမ်း
အပူအပင် နည်းပါးစွာဖြင့် ဘ၀ကိုပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေရှင်

ရွှန်းမီ said...

Happy Birthday!!!

ရွှန်းမီ said...

တပူပူ မြည်နေသော ဘတ်ဒေးပါတီပါတကား ...
:P

မီးငယ် said...

Happy Birthday A Ko Gyi!

လင်းဒီပ said...

မင်္ဂလာပါညီလေးရေ...happy birthday ပါ...။
အဓိပ္ပာယ်ရှိတဲ့ ရှင်သန်ခြင်းတွေ အမြဲပိုင်ဆိုင်ပါစေ...။

ကြယ်ပြာ said...

ဇူလိုင် ၂ လား ... မွေးလချင်းတူတယ်ဆိုးသွမ်းရေ ...
အစ်မတော့ ပို့စ်တောင်မတင်နိုင်ဘူးရယ် ...
နောက်ကျသွားပေမယ့် ဆုလာတောင်းပေးတယ်နော ..
ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်နိုင်ပါစေ ...

Apprenticeship said...

Happy Birthday brother in law... Hope you have a blessed day.

ဆိုးသွမ်း said...

ကျွန်တော့်ကို ဆုတောင်းပေးတဲ့ သူတွေလည်း
ကျွန်တော့်နည်းတူ ထပ်တူ ထပ်မျှ ကောင်းကျိုးတွေ ခံစားကြပါစေလို့
ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

ဆိုးသွမ်း

Unknown said...

Happy Birthday! ကဆိုးသွမ်း.....

khin oo may said...

ဘယ်သူဘယ်ဝါမှန်းမသိလိုက်ရပေမဲ့ခင်လိုက်မိပါတယ။်

happy birthday!