Monday, July 6, 2009

ပုဂံခေတ်မှသည် ယနေ့အထိ တသက်လုံး မှားယွင်းလာခဲ့သော အချက်အလက်များစွာ ရှိနေပါသည်။ သို့သော် ထို တသက်လုံး မှားယွင်းလာခဲ့သော အချက်အလက်များအား အကြောင်းအမျိုးမျိုးကြောင့် ကျယ်ပြန့်နိင်ခြင်း မရှိခဲ့လျှင် ထိုအမှားများသည် ကြာရှည်လျှင် အမှန်ကဲ့သို ဖြစ်သွားတက်ပါသည်။ ဥပမာ -

ပန်းပဲ တူငြိမ် - ပန်းတိမ်ရွှေခို - သံဖြူ မအေး လို

မူလစာသားက ( ပန်းပဲ တူငြိမ် - ပန်းတိမ်ရွှေခို - သံဖြူ မအေး လို ) - ပန်းပဲ ထုလျှင် တူကို ငြိမ်နေအောင် ကိုင်နိင်ရသကဲ့သို့ ၊ ပန်းတိမ်ကျွမ်းကျင်လျှင် ရွှေကို ခိုလုပ်ပေးတက်ခြင်း ၊ သံဖြူသည် အေးလျှင် ကွဲတက်သည် ၊ ဆိုသည့် စကားကို ( ပန်းပဲ လူလိမ် ၊ ပန်းတိမ်ရွှေခိုး ၊ သံဖြူမအေ...) ဖြစ်သွားတော့သည်။

ထားဝယ်ယို ကြပ်ခိုး ၊ ရှမ်းရိုး လင်ကိုး

( ထားဝယ်များ ၊ ဘိတ်များသည် အသားမည်း၏။ ထားဝယ်ယိုသည် ကြပ်ခိုးရောင်ကဲ့သို့ မည်းမည်းသည်းသည်း ဖြစ်ပါသည် ။ သို့သော် အရသာကောင်းသကဲ့သို့ ထားဝယ်များ ၊ ဘိတ်များ၏ စိတ်ထားသည် အလွန်ကောင်း၏။ သို့သော် အလွန်ရိုးသားကြသည်။ ထို့ကြောင့် ထိုသို့ ရိုးသားခြင်းကို ချစ်ခင်သော အားဖြင့် တင်စား၍ ထားဝယ်ရိုး ကြပ်ခိုးဟု ခေါ်ဆိုကြခဲ့သည် ။ ထိုနည်းတူ ရှမ်းမ များသည်လည်း ရိုးသားကျ၏။ မိမိလင်သားအပေါ် ဘုရား ၊ သားကို သခင်ကဲ့သို့ ကိုးကွယ်တက်ကြသည် ) ထိုသို့ အဓိပ္ပယ်ရှိခဲ့သော်လည်း ယနေ့ခေတ်တွင် ထားဝယ်ရိုးတော့ လင်ခိုး ၊ ရှမ်းရိုးတော့ ကြက်ခိုး ဟု စကားလုံးများ ပြောင်းလဲ လာတော့သည်။

မယားနေစ ချောင်သေမှ

ယနေ့ခေတ်တွင် မယားသေစ ကြောင်သေမှဟု ပြောဆိုလာကြသည်။ မယားတစ်ယောက် စရပြီဆိုလျှင် ပြန်မလှန်နိင်အောင် ကြောင်ကို ရိုက်သကဲ့သို့ နှိပ်ကွပ်ထားခိုင်းတက်ကြသည်။ မူရင်း အမှန်အစစ်မှာ မယားတစ်ယောက်သည် လှသည် ၊ ပြည့်ဖြိုးသည် ၊ ဟုတ်ပြီ ၄င်းအချက်များနှင့် ပြည့်စုံသော်လည်း မီးဖိုးချောင် မနိင် ၊ ဘုရားစင်တွင် ပန်းမရှိ ၊ အိမ်တွင်းမှာ အ၀တ်အစားများ ပြန့်ကျဲလျှက်ရှိ ၊ သွားပြီ။ ထိုသို့မဟုတ်ဘဲ လူမမြင်ရသည့် ချောင်နေရာများ တွေ၌ ပင်လျင် သန့်ရှင်းစွာ သေသေသပ်သပ် ထားနိင်ခြင်း ၊ သိမ်းသိမ်းဆည်းဆည်း ရှိနိင်ခြင်းများ လုပ်နိင်ပါက ၄င်းအမျိုးသမီးသည် တော်သည်ဟု ချီးမွန်းသင့်သည် ။ ထိုအကြောင်းအရာကို ဆိုလိုချင်းဖြစ်၍ မယားနေစ ချောင်သေမှ ဟုမြန်မာစာပေးက ညွှန်းပါသည်။


ဇောက်မှန်းကမ်းမှန်း

လှေသမားများသည် ကမ်းကိုလည်း သိရသည် ၊ ဇောက်ကိုလည်း သိရသည်။ လှေများ ၊ သဘောင်္များသည် ကမ်းကပ်ရာတွင် အလွန်အရေးကြီးပါသည်။ ကမ်းကို မကပ်ဘဲ ၊ ဇောက်ကို ( ချောက် ) ကပ်မိသော် လှေ ၊ သင်္ဘောနစ်ခြင်းများ ဖြစ်တက်ကြသော်ကြောင့် လှေသမားများသည် ကမ်းကိုပဲ ကမ်းရပါသည်။ ဇောက်ကို မကပ်ရပါ။ ဆိုရလျှင် မည်သည့်နေရာသည် အသုံးဝင်သည့် နေရာ ၊ မည်သည့်နေရာသည် အသုံးမ၀င်သည့်နေရာ ဖြစ်ကြောင်း ကွဲကွဲပြားပြား သိသော်သူကို ဇောက်မှန်းကမ်းမှန်း သိသူဟု ပြောကြသည်။ ပဲ့နင်းကြီးများ စကားမှ အရပ်ထဲ ရောက်လာသော အခါ “ စောက်မှန်းကန်းမှန်း ” မသိဘူးဟု သုံးစွဲလာကြပါတော့သည်။


မှတ်ချက် ။ ။ ဓမ္မစေတီဆရာတော် တရားတော်မှ ပြန်လည်ရေးသား ဖော်ပြအပ်ပါသည်။



5 comments:

လင်းဒီပ said...

မှတ်သားသွားပါတယ်ညီလေးရေ....
ထောက်ပြပေးလို့ ကျေးဇူး..။

ရွက်လွင့်ခြင်း said...

မှတ်သားရပါတယ်
ဒီပိုစ့်အတွက် ကျေးဇူးပါ

ကျောပိုးအိတ် said...

မှားနေတဲ့ စကားလေးတွေ ပြန်ပြင်ဖတ်သွားတယ်။း)

ရှေးစကားတော့ရှေးစကားပေါ့နော်။ အဆစ်နည်းနည်း ထပ်ထည့်ချင်လို့ ။

တကယ်တော့ ထူးဝယ်သူ ထားဝယ်သား တော်တော်များများ အသားအရည်လှကြပါတယ်။ ခုခေတ်နော်။ ရှေးရှေးတုန်းက ခေတ်တော့ မမှီလိုက်ဘူး။ မေ့ဗိုက်ထဲတောင် မရောက်သေးလို့ ။

ခင်တဲ့
ကျောပိုးအိတ်

နွေးနေခြည် said...

မှတ်သားစရာတွေရသွားပါတယ်။

စာအုပ်စာပေကို လေးစားချစ်ခင်မြတ်နိုးသူများကို အသိပေးအပ်ပါတယ် said...

ထားဝယ်သူ ထားဝယ်သားများဟာ အသားအရေကောင်းတွေကို ပိုင်ဆိုထားကြသူပါ၊ မယုံရင် ထားဝယ်ကို တခါလောက်သွားရောက်စေချင်လှသည်၊ ကျုပ်လည်း အသားအရေကောင်းပါတယ်၊ ဟဲဟဲ ကြွားတာနော့်၊ ယင်းစကားပုံကိုလည်း ပြန်ပြင်ရမယ်၊ မှားရင်ပြင်ဖို့အတွက် ကျုပ်တို့မှာတာဝန်ရှိတယ်...။