Tuesday, July 14, 2009



ရင်ထဲမှာ ပြောချင်နေတဲ့ စကားတွေကတော့ အများကြီးပါ။ တကယ့်ကိုမှ အများကြီး။ နုတ်ဆက်မယ့် ပို့စ်လေးအတွက် ၂ ပတ်တိတိ အချိန်ယူပြီး စဉ်းစားရေးထားပေမယ့် တကယ်တမ်း မတင်ဖြစ်ခဲ့ဘူး။ လေးစားရပါသော ဘလော့ဂ်လောကကြီးက အစ်ကိုတွေ ၊ အစ်မတွေ ၊ သူငယ်ချင်းတွေ ၊ ညီတွေ ၊ ညီမတွေ အားလုံးကို နုတ်ဆက်ပါတယ်။ အားလုံးလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။ တစ်နေ့တော့ အမိမြန်မာနိင်ငံတော်ကြီးမှာ ကျွန်တော်တို့ အားလုံး ချစ်ချစ်ခင်ခင်နဲ့ ပြန်လည် ဆုံတွေ့နိင်ကြပါစေလို့လည်း ထပ်မံဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

“ ကျန်းမာချမ်းသာကြပါစေ ”

“ အလုပ်အကိုင်များလည်း အဆင်ပြေကြပါစေ ”

“ အချင်းချင်း မေတ္တာထားနိင်ကြပါစေ ”

“ စိတ်ကူးနဲ့လက်တွေ့ တထပ်တည်း ကျရောက်ကျပါစေ ”

ဆိုးသွမ်း


24 comments:

မမသီရိ said...

မောင်စိုးသွန်းရေ
ကြို လွမ်းနေပါပြီ
မြန်မာပြည်ထဲ ပြန်ရောက်ပေမဲ့
ကြိုးစားပြီးတော့ စာတွေရေးနေပါအုံး
နှုတ်မဆက်ပါနဲ့

မြန်မာပြည် ပြန်တဲ့ခရီး
အစစအရာရာ အဆင်ပြေချောမွေ့ ပါစေ
နိုင်ငံ နဲ့ လူမျိုး အတွက် အမှန်တရားဖက်က
အမြဲ ရပ်တည်တဲ့ နိုင်ငံ့သားကောင်း ဖြစ်ပါစေ
မတရား မှုတွေ ကာကွယ် နိုင်တဲ့
သူရဲကောင်း ဖြစ်ပါစေ..
မိဘတွေ အတွက် ဂုဏ်ယူစရာ
သားကောင်းရတနာလေး ဖြစ်ပါစေ
ချစ်သူ အတွက် မျက်နှာမော်စရာ
ယောင်္ကျားကောင်း ယောင်္ကျား မြတ်ဖြစ်ပါစေ

ခင်မင်သော
မမသီရိ

ဟန်လင်းထွန်း said...

hey Bro , ရင်ထဲမှာ မကောင်းဘူး. ကယ်ပြောတာ။ စာတွေဆက်ရေး ကျန်တာမတွေးနဲ့။

mtj said...

အားလုံးအဆင်ပြေပါစေ ညီရေ..

flowerpoem said...

ကိုဆိုးသွမ်း အားလုံး အဆင်ပြေပါစေရှင် အဆင်ပြေရင် စာတွေဆက်ရေးပါ

လင်းဒီပ said...

ညီလေးရေ..
စိတ်ထားကောင်းတဲ့ညီလေး အစစအရာရာ အဆင်ပြေမှာပါ....

တို့ဆီမှာ များများမလိုပါဘူးလေ...
စိတ်ထားကောင်းမွန်ပြီး တည့်မတ်ကောင်းမွန်တဲ့လမ်းကို လျှောက်ချင်တဲ့သူတွေ များလာတဲ့အခါ ပျော်စရာကောင်းလာမှာပါ...

တနေ့တော့ ပြန်တွေ့ကြတာပေါ့ကွာ...

(ညီအစ်ကိုစိတ်နဲ့)
လင်းဒီပ

လင်းဒီပ said...

အဆင်ပြေတဲ့အခါ စာတွေ ဆက်ရေးပါ...။
လူတွေမှာ မတူညီတဲ့အတွေးတွေ အတွေ့အကြုံတွေ ရှိတယ်။ စာရေးတယ် ဆိုတာလည်း ပြောပြတာပါပဲ..။
ညီလေးဆက်ပြောပြမယ့် အကြောင်းအရာလေးတွေ ဖတ်ချင်ပါသေးတယ်။

:P said...

ဒီကို မျက်စိလည် ရောက်ရောက်လာတတ်ပေမယ့်
ဘဝအပိုင်းအစများကို အရင်ရက်ကမှစပြီး အစအဆုံး သေချာထိုင်ဖတ်သွားဖြစ်တာ...။

နှုတ်မဆက်ပါနဲ့လေ.. အခွင့်သာရင် စာတွေရေးပါဦး...။
ဘလော့လည်း ပိတ်မသွားဘူးမဟုတ်လား.. ဖတ်စရာတွေ ကျန်နေသေးတယ်..။
လူချင်းမသိပေမယ့် စိတ်မကောင်းပါဘူး...။

လွတ်ငြိမ်းလေပြေ (breeze) said...

ကိုဆိုးသွမ်းရေ
နောက်လည်း စာတွေ ဆက်ရေးပါ
ဘဝမှာ အောင်မြင်ပါစေ

ထက်ထက် said...

အမှန်အတိုင်းသိမြင်နိုင်ပြီး ပြည်သူဖက်က ရပ်တည်နိုင်တဲ့ အမှန်တကယ် တိုင်းပြည်ချစ်တတ်တဲ့ သားကောင်းရတနာဖြစ်ပါစေ... ပါးစပ်နဲ့မဟုတ် လက်တွေ့ ချစ်နိုင်ပါစေ...

ကြယ်ပြာ said...

ဆိုးသွမ်းရေ ...

နှုတ်မဆက်ပါနဲ့ ... အင်တာနက်ကို အရင်လောက်မသုံးဖြစ်တော့ရင်လည်း မကြာမကြာတော့ သုံးဖြစ်မှာပဲဟာ .... နှုတ်ဆက်တယ်ဆိုတဲ့ စာတွေမြင်ရရင် စိတ်မကောင်းဘူး ... ငါ့မောင်လေး အစစ အရာရာ အဆင်ပြေစွာနဲ့ မြန်မာပြည်ပြန်ရောက်လဲ ဒီရပ်ဝန်းကို အလည်ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ....

ကြယ်ပြာ

Anonymous said...

ဆိုးသွမ်းရေ..

ကံမကုန်ရင်ပြန်ဆုံကြဦးမယ်လို့ပဲမှတ်ပါရစေ..
မခွဲချင်ပဲခွဲခွာရတာတွေက သဘာဝတရားပါ
အမ အနှစ်သက်ဆုံးဘလော့ဂါတွေထဲက
တစ်ယောက်ပြီးတစ်ယောက်နုတ်ဆက်သွား
တာကိုစိတ်မကောင်းလည်းအရမ်းဖြစ်မိပါတယ်..
ဘလော့လေးကိုတော့ပိတ်မသွားပါနဲ့နော်
အမှတ်တယတွေနဲ့အတူ သတိရတိုင်း
မောင်လေးရေးတဲ့စာတွေကိုပြန်ဖတ်ချင်လို့ပါ..
မမသီရိပြောသလိုပဲ နော်..
အမလည်းမောင်လေးကိုပြောချင်ပါတယ်.
အစစအရာရာအားလုံးအစဉ်ပြေပါစေ..

အမှတ်တယများစွာနှင့်..
ခင်တဲ့...M-O-K
ပြေပါစေနော်..ဆုမွန်ကောင်းတွေ

ညခင်း said...

ပြန်ရတော့မယ်ဆိုပြီးပျော်နေမှာပေါ့နော်
ဘလော့လေးကိုပစ်မထားနဲ့နော်
နမြောစရာ
အစစအရာရာ အဆင်ပြေပါစေ ဆုမွန်ကောင်းတောင်းပေးပါတယ်။

မိုးမောင်(HappyCloud) said...

ဆိုးကြီး...

ညောင်ပင်အောက်ဆိုင်ကစောင့်နေ ယောက်ဖ...
မင်းက အရင်ရောက်နှင့်မယ်ဆိုတော့ ပလိန်းသကြားပေါက် တစ်ခွက်မှာထားနှင့်လိုက်ဟေ့။ ညနေဖက်တော့ မစောင့်နဲ့ငါ့ကောင် ဘိုစိုးနဲ့တွေ့နေမယ်။ ဟား ဟားး.....ငါတော့ လွင့်နေရအုံးမယ်ဟေ့။

အဆင်ပြေပါစေကွာ....

ကျောပိုးအိတ် said...

မြန်မာပြည်ပြန်ရတော့မယ်ဆိုတော့ ပျော်နေတယ်ပေါ့လေ။

ကျုပ်တို့ ကတော့ ဒီဇင်ဘာမှခွင့်ရမှာ။
အဟင့်

သူများပြန်တော့လဲ ပြန်ချင်သားနော်။
း)

Dr. Yi Yi Win said...

ပြန်လာရတော့မယ်ပေါ့လေ။ ဘလော့ဂ် setting မှာ mail@blogger ပြောင်းလာခဲ့လိုက်နော်။ ဒီရောက်မှပြင်ချင်ရင်မလွယ်ဘူးလေ။

Unknown said...

"အမှန်တရားနဲ့ သစ္စာကို
ဘယ်တော့မှ လွှတ်ထွက်မသွားအောင်
ရင်ဘက်ထဲမှာ တယုတယနဲ့ ထွေးပိုက်ထားတဲ့
လူငယ်တစ်ယောက်ပါ..." ဆိုတဲ့ စာသားလေးက ကျနော့်ကို မကြာမကြာရောက်ဖြစ်စေတဲ့ အချက်လေးတခုပေါ့။

တနေ့ပြန်လာမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်...။

ရွှန်းမီ said...

ဖြူစင်စွာတွယ်တာရသော အစ်ကိုဆိုးသွမ်းကို ခင်မင်လေးစားစွာ သတိရနေမှာပါ..

May our memories be the best gift for you!

Unknown said...

ကိုစိုးသွမ်းကြီး.... အစစ အရာရာ အဆင်ပြေပါစေ...
ဟဲ...ဟဲ..... ချဲလ်ဆီး Fan ပေမယ့်
ရန်ကုန် FC အားမပေးတာတော့ ခွင့်လွှတ်နော့...... :D
ဟိုနေ့က နောက်နေတယ် ထင်နေတာဗျ.... စာတွေတော့ အဆင်ပြေရင် ဆက်ရေးမယ်ဟုတ်..... ကျန်းမာ ချမ်းသာပါစေ..... လေးစားလျှက်

Apprenticeship said...

နုတ်မဆက်တမ်းလေ... ကိုယ်ရပ်တည်နေတဲ့နေရာမှာ အများအအကြိုးသယ်ပိုးနိုင်သူလေး ဖြစ်ပါစေ။
အမှန်တရားရဲ့ သူရဲကောင်းလေ ဖြစ်ပါစေ။
အောင်မြင်အေးချမ်းတဲ့ စာရေးဆရာဘ၀ကိုလဲ ပိုင်ဆိုင်နိုင်ပါစေ။။။
ဆိုးသွမ်းရဲ့ ဆုတောင်းဖြစ်တဲ့ အာငိုင်လေးနဲ့လဲ ဆုံနိုင်ပါစေ။။။ အားလုံး အားလုံး အဆင်ပြေပါစေဗျာ......

တောင်ပေါ်သား said...

အကိုရေ တကယ့်ကို စိတ်ထဲမှာ မကောင်းဘူး ဘာပဲဖြစ်ဖြစ် အဆင်ပြေ ချောမွေ့နေပါစေ။ အကိုခုလို ဗဟုသုတရတဲ့ စာကောင်းပေကောင်းတွေ ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ချစ်သော မိသားစုနဲ့ ပျော်ရွှင်စွာ အေးအေးချမ်းချမ်းနဲ့ နေရပါစေ.. အဆင်ပြေရင်တော့ အကိုပြောသလို ပြန်တွေ့ခွင့်လေး ရချင်နေမိတယ် အကိုရေ..


လေးစားလျက်
တောင်ပေါ်သား

ဆိုးသွမ်း said...

အခုလို ကျွန်တော့်ကို အရေးတယူ နုတ်ဆက်ကြတဲ့ အတွက် ၀မ်းသာကြည်နူးမိပါတယ်။ ရေစက်ဆုံလို့တောင် တွေ့ခဲ့သိခဲ့မြင်ဖူးခဲ့ကြ ပြီးပြီပဲ။ နောက်လည်း ကျွန်တော်တို့တွေ ပြန်လည် ဆုံတွေ့ကြဦးမှာပါ။

အဲဒီအချိန်ဖြူစင်စွာနဲ့ ပျော်ရွှင်စွာ ရယ်မောကြတာပေါ့....

ဘာပဲဖြစ်ဖြစ်....ကျွန်တော် တက်နိင်သလောက် ဆက်ရေးဖို့ ကြိုးစားသွားမှာပါလို့ ကတိပေးပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ...

sonata-cantata said...

ဗဟိုစံပြငါးဈေးကြီး ပို့စ်တင်ပြီးကတည်းက မကြာမကြာရောက်ပါတယ်...။

ိုဆိုးသွမ်း... S-C ကို သိချင်မှ သိမှာဖြစ်ပေမဲ့၊ S-C ကလည်း ဆိုးသွမ်း နှုတ်ဆက်သွားတယ်လို့ မှတ်မထားပါဘူး...ပြန်လည် ဆုံတွေ့ချင်လို့ပါ။

နွေးနေခြည် said...

ဟိုတလောကမှ ဒီကိုရောက်ဖူးပြီး ကြိုက်လို့ လင့် လိုက်ခါပဲရှိသေးတယ်။ နှုတ်ဆက်သွားပြီ...
ဖတ်စရာတွေ အများကြီးရှိသေးတယ်။ ကိုဆိုးသွမ်း မအားလဲ အဟောင်းတွေလာဖတ်ပါဦးမယ်။ အစစအရာရာ အဆင်ပြေပါစေ

မောင်မျိုး said...

နှုတ်ဆက်ပို့စ်လေး လာရှာဖတ်တယ် အ စ်ကိုဆိုးသွမ်းရေ ။



အစ်ကိုလည်း အစစအရာရာ အဆင်ပြေပါစေ ။