Monday, July 20, 2009

အနာဂတ်




ကျွန်တော် ထင်တာ
ဒါမဟုတ်ဘူး......

ကျွန်တော် မျှော်လင့်ခဲ့တဲ့ အထဲမှာ
ဒီအရာတွေ မပါဘူး

ကျွန်တော် တည်ဆောင်ချင်တဲ့ ယုံကြည်မှုဟာ
ဒီအချက်တွေနဲ့ လုံးဝ လွဲနေခဲ့တာပဲ
အခုတော့ လှလှပပ ပျက်သုန်းလို့

ကျွန်တော်က အတော်ကြီး...အတော်ကြီး
ဖြစ်စေချင်ခဲ့တာ
ထွန်းလင်းစေချင်ခဲ့တာ

အခုတော့
အရှက်တရားတွေ ၊ ရွံရှာမှုတွေ ၊ အားငယ်မှုတွေက
အကြည့်တွေတိုင်း ၊ အကြည့်တွေတိုင်းမှာ
မသက်ဆိုင်ပေမယ့် ၊ ဒါကို ကျွန်တော် လက်ခံယူလိုက်တယ်


အမေ.....
ကျွန်တော့် လမ်းကို ပြန်မကွေ့ချင်ဘူး

အမေ.....
ကျွန်တော် ဒီလမ်းကို လှပအောင် ပြန်လျှောက်ပြမယ်

ဒါကြောင့်...အမေ
ကျွန်တော်တို့ အချိန်ခဏတော့ .....စောင့်ရမှာပေါ့




12 comments:

ကျောပိုးအိတ် said...

ဘာတွေခံစားနေရလဲမသိပေမယ့် အတတ်နိုင်ဆုံးတော့ အားပေးသွားတယ်။

မှန်တယ်ထင်တဲ့လမ်းကို ရဲရဲလျှောက်နိုင်ပါစေ။
း)

တော်တယ်
မြန်မာပြည်ပြန်ရောက်တော့ ဂတိအတိုင်း ပို့ စ်တွေ ထပ်ရေးနေတယ်။

ခင်တဲ့
ကျောပိုးအိတ်

၂ခုတင်ထားတော့ ၂ခါမန့် ခဲ့တယ်
မောသွားပြီ ။ မုန့် ဝယ်ကျွေး
း)

မောင်အညတရ said...
This comment has been removed by the author.
Unknown said...

ပြန်မကွေ့ပါနဲ့ ဆက်လျှောက်ပါ။
ဒီလမ်းကို လှပအောင် ပြန်လျှောက်ပြပါ။
အမေ အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်းတွေ အချိန်ခဏတော့ .....စောင့်ပ့ါမယ်....... :D

လင်းဒီပ said...

ညီလေး ဘာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိပါ...
တချိန်ကြရင် ပန်းတွေဖွေးကျဲထားတဲ့အိပ်မက်တွေ တကယ်လင်းလာမှာ...

(ပိုစ့်တင်လို့ ဝမ်းသာတယ် တကယ်)

ကြယ်ပြာ said...

မောင်လေးရေ .... လာဖတ်သွားပါတယ် ... အကောင်းဆုံးသော အနာဂတ်တွေဖန်တီးနိုင်ပါစေ ....

ကြွက်ဖြူ said...

အစ်ကို.. အဆင်ပြေပါစေ..

flowerpoem said...

လျှောက်သောလမ်းတိုင်း အဆင်ပြေပါစေ ကိုဆိုးသွမ်း

maymad said...

soe thawn.. Go ahead !

Apprenticeship said...

ကျွန်မထင်တာတွေက အခုကိုဆိုးသွမ်းကြုံနေရတာတွေပဲ..။ :P ဘာပဲဖြစ်ဖြစ်ပေါ့.. ရွှေးချယ်မိတဲ့ ခရီးလမ်းကို အကောင်းဆုံးလျှောက်နိုင်ဖို့ ရွေးချယ်ပိုင်ခွင့်တော့ ကိုဆိုးသွမ်းမှာ ကျန်ပါသေးတယ်။ ဆက်လျှောက် ဘရားတားအင်လော.. ဘုရားသခင် စောင့်ရှောက်ပါစေ.....

Unknown said...

ပိုစ့်တွေဆက်တင်နေလို့ ..၀မ်းသာပါတယ်
မောင်လေးရေ.. ဆိုးသွမ်းဘလော့လေးဆက်
လက်ရှင်သန်နိုင်ပါစေ.. ရှေ့ဆက်ပြီးစာကောင်း
ပေကောင်း ကဗျာကောင်းတွေရေးနိုင်ပါစေ..
ထာဝရအားပေးနေပါတယ်..

စန္ဒီမိုးမြင့် said...

အစ်ကို ဆိုးသွမ်း


အစ်ကို အဆင်ပြေပါစေ
အစ်ကို့ ကဗျာက တစ်ဆင့် အစ်ကို့ ခံစားချက်တွေကိုရေးေ၇းလေးမြင်နေရတယ်
အစ်ကို လျှောက်မယ့်လမ်း အစ်ကို တို့ ခြေလှမ်းတွေက ကျနော်တို့ အနာဂတ်တွေပါ အစ်ကိုရယ်
ရဲရဲကြီးသာ အကောင်းဆုံးဖြစ်အောင်လျှောက်ပြလိုက်စမ်းပါ
ခင်မင်လျက်
စန္ဒီမိုးမြင့်

Anonymous said...

ကျွန်တော် တည်ဆောင်ချင်တဲ့ ယုံကြည်မှုဟာ
ဒီအချက်တွေနဲ့ လုံးဝ လွဲနေခဲ့တာပဲ
အခုတော့ လှလှပပ ပျက်သုန်းလို့

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ အကိုရေ