Thursday, July 9, 2009

ဖောမရ ဓမ္မဆုံး


ကဗျာရေးလိုက် ၊ နောက်တော့ သီချင်းလိုင်းရောက်လိုက် ၊ ရုပ်ရှင်ကြော်ငြာလိုက် ၊ ဘလော့ဂ်ရေးရတာ ကိုယ့်ကိုကိုယ် ဘယ်လိုင်း ရောက်နေတယ် လို့တော့ မသိတော့ပါဘူး။ ဒါပေမယ့် စာဖတ်သူအတွက် တခုခုတော့ ပေးစွမ်းနိင်မယ်လို့ ယူဆပြီး တင်ပြခွင့်ကို ကြိုးစားနေရတာနဲ့ပဲ ကြေနပ်ပါတယ်။ အခုလည်း တရားတွေ နားထောင်နေလို့ တရားရနေတာလည်း မဟုတ်ပါဘူး။ ရှေးက လူပြက်တွေပြောသလို “ နိဗ္ဗာန်ကို လာခေါ်ရင်တောင် ဒကာမလေး မပါသေးလို့ နောက်မှ လိုက်ပါမယ် ဘုရားလို့ပဲ ” ပြန်ထူးရမှာပဲ။ အကျွတ်တရား မရသေးတဲ့ လောကီလူသား ပီပီ သံသရာကို ခုံမင်ပါတယ်။ တရားသဘောကို နားလည်သဘောပေါက် သလို ထင်ရပေမယ့် မလုပ်နိင်သေးပါဘူး။ ဆရာတော် တပါးက ဟောပြောဖူးတယ်။ “ သိတယ်ဆိုပြီး မလုပ်ဘဲနေရင် တကယ်မသိသေးလို့ပဲတဲ့ ” အဲ ပြောရင်းနဲ့ ပြန်ရှုပ်လာပြီ။ နောက်တခုထဲကလို “ တစ်ဘ၀လုံးစာ အတွက် တချိန်လုံး စီးပွားရှာ ၊ ပညာရှာ နေရင် ၊ တစ်သံသရာ လုံးစာအတွက်တော့ အနည်းငယ် ၀ိပဿာနာ ရှာသင့်ပါတယ်တဲ့ ” ။ ပြောချင်တာနဲ့ ရောနေပြီ။

ကျွန်တော်တို့ အရပ်ထဲမှာ စကားပုံ တခုရှိတယ်။ ဘာတဲ့ “ ဖွတ်မရ ဓါးမဆုံး ” သူ့ဆိုလိုချက်နဲ့ သူတော့ မှန်သလိုလိုတော့ ရှိတယ်နော်။ သေချာစဉ်းစားကြည့်။ ဖွတ်တစ်ကောင်တွေ့တယ်။ လိုက်တယ် ။ လမ်းမ ဓါးမကျပျောက်တယ် ၊ ဒါမှမဟုတ် ဖွတ်က ရေကန်ဘေးနားနေလို့ ဓါးနဲ့ လှမ်းပစ်တာ ဖွတ်မထိပဲ ဓါးရေထဲကျတယ်။ ကြိုက်သလိုပေါ့ဗျာ။ ဆိုလိုရင်းက “ ဟိုဟာကိုလည်း မရဘူး ၊ ကိုယ့်ဟာလည်း ဆုံးရှုံးတယ် ” ။ ဒီစကားပုံက အရပ်ထဲက စကားပုံ။

တကယ့်အစစ်အမှန် စကားပုံက “ ဖောမရ ဓမ္မဆုံး ” ၊ ဘာကိုပြောတာလဲ ။ ဘုန်းကြီးတွေကို ပြောတာပါ။ အဓိပ္ပာယ်ကတော့

ဖော = ဖောဋ္ဌဗ္ဗာ

( အထိအတွေ့ ၊ အထူးသဖြင့် လောကမှာ အနူးညံဆုံးဖြစ်တဲ့ မိန်းမနှင့် အထိအတွေ့ ၊ မြန်မာဘုန်းကြီးတွေဟာ မိန်းမနှင့် ထိတွေ့ဆက်ဆံခြင်း မရှိရပါဘူး ၊ )


ဓမ္မဆုံး = တရားဓမ္မ ဆုံးရှုံးခြင်း

( မြန်မာလူမျိုးတွေမှာ ဘုန်းကြီးအဖြစ် ခံယူပြီးတဲ့နောက်မှာ တချို့ တချို့သော ဘုန်းကြီးများသည် မနက်မိုးလင်း ဆွမ်းခံထွက် ၊ နေ့လည်ပြန်လာ ၊ ဆွမ်းစား ၊ ကျောင်းမှာနေ ၊ နောက်တစ်နေ့ ပြန်ဆွမ်းခံ ၊ ဒီလိုနဲ့ တရား ဓမ္မမရှာမှီး ၊ မကျင့်ကြံကြပါဘူး။ ဒီတော့ သာသနာအတွက် တရားဓမ္မလည်း မရှာ ၊ ပုထုဇဉ်လူသားတွေလို မိန်းမနှင့်လည်း မနေရဆိုတော့ နစ်နာပါတယ်။

ထိုဘုန်ကြီးမျိုးတွေဟာ ဘုန်းကြီးဖြစ်တာကြောင့် မိန်းမနှင့်ထိတွေ့ခွင့် ဆုံးရှုံးရသလို ၊ ဓမ္မလည်း မရှာမှီးတာကြောင့် ဆုံးရှုံးရပါတယ်။ ဒီတော့ ထိုကဲ့သို့သော ဘုန်းကြီးမျိုးကို “ ဖော့မရ ဓမ္မဆုံး ” လို့ ခေါ်ပါတယ်။ အရပ်စကားကတော့ “ ဖွတ်မရ ဓါးမဆုံး ” ပါတဲ့။

တဆက်တည်းမှာပဲ နောက်တခု တင်ပြချင်ပါတယ်။ ဒါကို ကျွန်တော် တွေ့တိုင်း သူငယ်ချင်းတွေ ဖြစ်ဖြစ် ၊ ကိုယ့်ထက် ကြီးတဲ့လူတွေ ဖြစ်ဖြစ် ပြောပါတယ်။ သူတို့ကိုယ်တိုင်ကိုက လက်မခံကြဘူး။ အဓိပ္ပာယ်ကလည်း မှန်သလိုလို ဖြစ်နေတာကိုး။

မုတမပါ လင်္ကာမချော


မုတ = စိတ်ခံစားချက်

မည်သည့်စကားမဆို စိတ်ခံစားချက် မပါဘဲ ပြောပါက တဖက်လူအတွက် အကျိုးမရှိ ၊ နားထောင်ချင်စရာ မကောင်းပါဘူးတဲ့။ အဲဒါကို တဖြည်းဖြည်းနဲ့ လူတွေက ကိုယ်လုပ်ချင်တဲ့ လိမ်လည်မှုကို ဖုံးကွယ်ချင်တာနဲ့ “ မုသား မပါ လင်္ကာမချော ဖြစ်ကုန်ကြတာပါ။ တကယ်လည်း စဉ်းစားကြည့်ရင် ဟုတ်သလိုလို တော့ရှိပါတယ်။

ဥပမာ - အိမ်က ကျောင်းတက်ခိုင်းတယ် ၊ ကိုယ်က ကျောင်းပြေးပြီး လျှောက်လည်တယ်။ ပြန်ရောက်တော့ အမေက မေးတယ်။ ကျောင်းမှာ စာလိုက်နိင်လား။ ဟုတ်ကဲ့ အမေ - လိုက်နိင်ပါတယ်။ ပြီးသွားပြီး။ လိမ်ဖြေလိုက်တာ။ မုသားသုံးလိုက်တာ။ အေးအေးဆေးဆေးပဲ။ အဲ တကယ်လို့များ သားကျောင်းမသွားဘူး အမေ။ လျှောက်လည်နေတာ ဖြေကြည့်။ ဗျင်းခံလိုက်ရမည့် ဖြစ်ခြင်း။

အဲဒီလို ဥပမာကဲ့သို ကိုယ်ကြိုက်သလို ၊ ကိုယ်တွေးနိင်သလောက် ဆက်စပ်တွေးခေါ်နိင်ပါတယ်။ လူတွေက မိမိတို့လိမ်လည်ချင်တာကို အကြောင်းပြပြီး မုတမပါ ဆိုတဲ့ နေရာမှာ ၊ မုသားပြောင်းပြီး လုပ်လာကြတာပါပဲ။

ရွှင်လန်းချမ်းမြေ့ပါစေ....။






12 comments:

ရွှန်းမီ said...

:D စကားပုံ မူရင်းများ မှတ်သားသွားပါသည်..

ရွှန်းမီ said...

"ဖောမရ ဓမ္မဆုံး" နဲ့ "ဖွတ်မရ ဓားမ,ဆုံး" က အဓိပ္ပာယ် ဆင်သလိုရှိပေမယ့် "မုသားမပါ လင်္ကာမချော" နဲ့ "မုတ မပါ၊ လင်္ကာမချော" ကတော့ လုံးဝဆန့်ကျင်ဘက်ကြီးလို ဖြစ်နေတာ ဟာသပဲ ..
လူရွှင်တော်တွေ နောက်ရာကနေ တွင်သွားတာထင်တယ်..
:-)

မီးမီးချစ် said...

ဘုန်းကြီးတွေ ကိုတော့ သွားမပြောပြနဲ့နော်..
ကြိမ်လုံး နဲ့ ဆော်လိုက် လိမ့်မယ်

ကျောပိုးအိတ် said...

ကိုဆိုးသွမ်းရေ

တန်ဘိုးရှိတဲ့ စာတွေ လာဖတ်သွားတယ်နော်။

မြန်မာပြည် ပြန်ရောက်ရင် ဘုန်းကြီးဝတ်ဘို့ ရာ အစီစဉ်ရှိနေလားမသိဘူး။

တရားသံလေးတွေဖတ်နေရလို့ ။
း)

ခင်တဲ့
ကျောပိုးအိတ်

ထက်စုနှင်းဆီ said...

ဘုန်းကြီးတိုင်း ဂလိုမဟုတ်ရပါဘူး မောင်ဆိုးသွမ်းရယ်..

ဝိနည်းစည်းကမ်းနဲ့အညီ စိတ်ပါလက်ပါ ရဟန်းသံဃာတစ်ပါးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတဲ့ ဘုန်းကြီးတွေ အများကြီး ရှိပါတယ်.

မောင်ဆိုးသွမ်းတို့ ပုထုဇဉ်တွေဖက်က အမြင်ကတော့ ဂလောက်တော့ရှိမှာပေါ့လေ... ကိုယ်နဲ့နှိုင်း မရိုင်းတဲ့နော်..

နွေးနေခြည် said...

အခုမှပဲ မူရင်းတွေကိုသိတော့တယ်
ဖွတ်မရ ဓားမဆုံး၊ မုသားမပါ လကာင်္မချော လို့ထင်နေတာ... အတော်လွှဲနေတာပဲ။ ဒါမျိုးသေချာ မှတ်သားထားသင့်တယ်

ကျေးဇူး ကိုဆိုးသွမ်းရှင့်

ဆိုးသွမ်း said...

တိန်

အဲဒါမှ ခက်တာပဲ မထက်စုနှင်းဆီရေ

ကျနော်ဆိုလိုချင်တာ အဲဒီလို တရားဓမ္မမရှာမှီးပဲနေတဲ့ ဘုန်းကြီးတွေကို ပြောချင်တာနဲ့ ဖောမရ ဓမ္မဆုံး ဆိုတဲ့ စကားပုံဖြစ်လာတာကို ရှင်းပြထားတာပါ။

စာကိုသေချာဖတ်စေချင်ပါတယ် ခင်ဗျာ။ ဘယ်နှယ့် ကိုယ့်နဲ့နှိုင်းရမှာတုန်း။ ကျွန်တော်တို့ ပုထုဇဉ်ဘက်ကလည်း ကြည့်ပြောတာ မဟုတ်ပါဘူး။

ဒါဆရာတော်ကိုယ်တိုင် ဘုန်ကြီးတွေ ဒီလိုဖြစ်နေရင် အဲဒီစကားပုံလိုပဲတဲ့။ အဲဒီစကားပုံက လူတွေကိုပြောတာ မဟုတ်ဘူး။ ဘုန်းကြီးတွေကို ဆုံးမထားတာ ဖြစ်ကြောင်း ၊ လူတွေက ပြန်လည် ပြီး ဖွတ်မရ ဓါးမဆုံး ဆိုပြီး သုံးနေကြတာ ဖြစ်ကြောင်း။

သေချာဖတ်နော်။ နောက်ကို။ ဟွန်း ဟွန်း :P

flowerpoem said...

မူရင်း စာများကို မှတ်သားသွားပါတယ် ကိုဆိုးသွမ်း
လွဲနေတာတွေကို သိခွင့်ရလို့ကျေးဇူးပါ

:P said...

ခုမှ သိတော့တယ်... ကျေးဇူးပဲ.. မာ့ခ်တို့ စကားပုံ ဝက်ဆိုက်မှာ ထည့်လိုက်ပါလား...။အားလုံးပိုသိရအောင်။

:P said...

http://www.mmproverb.com အဲင်္ဒီမှာ

:P said...

မုတမပါလကာင်္မချော ကိုတော့ မုသားမပါ၊ လင်္ကာမချော မှာ တနည်းဆိုပြီး ထည့်ရေးပြီးသားတွေ့တယ်။ဖောမရကို ရှာလိုက်အုံးမယ်..။

အဲဒါတော့ မရှိဘူး... ဖွတ်မရ ဓားမဆုံးလည်း မထည့်ရသေးဘူးထင်တယ်..။

MrDBA said...

ကောင်းထှာ