Friday, July 31, 2009

ချစ်သူ

မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
( ငါ့ ) ချစ်သူသာဖြစ်ပါသည်။



မောင်စိန်ဝင်း (ပုတီးကုန်း)

6 comments:

Unknown said...

ဆိုးသွမ်း

ချစ်သူကောင်မလေးကိုလွမ်းနေပြီပေါ့..

ဘလော့ဆက်ရေးတဲ့အတွက်
ကျေးဇူးပါမောင်လေးရေ..

သတိရလျှက်

မေဦးခင်

လင်းဒီပ said...

ဟားဟား...
လွမ်းနေသည် လွမ်းနေသည် လွမ်းနေသည်..
ချစ်သူကို လွမ်းရတဲ့ အလွမ်းတွေက ကျက်သရေ ရှိရှိလေး လန်းဆန်းပါတယ်လေ...။

Dr. Yi Yi Win said...

ချစ်သူက ကွတ်ခိုင်က မဟုတ်လို့ ဖြစ်မယ်။

ကျောပိုးအိတ် said...

လွမ်းနိုင်သူများ လွမ်းကြပါ လွမ်းကြပါ။

သမီးပျို said...

ကဗျားလေးက တိုတိုလေးနဲ့ထိတယ်နော်...ချစ်သူကိုလွမ်းနေတာလား

ကြွက်ဖြူ said...

ထမင်းမစားခင် ဘုရားရှိခိုးဖို့ မမေ့ပါနဲ့ ..
ပျော်ရွှင်ကျန်းမာပါစေ =)