Friday, July 3, 2009




“ အဖိုးတန်ပစ္စည်းတွေ ၀ယ်ထားရုံနဲ့ ၊ အဖိုးတန် ပစ္စည်းတွေ သုံးနေရုံနဲ့
လူ့အဖိုးတန် မဖြစ်ဘူး။ လူ့အဖိုးတန် ဖြစ်ချင်ရင် လူတွေကို
ကောင်းကျိုးပြုတဲ့ အလုပ်ကို လုပ်မှပဲ ရတယ် ”


“ ဘ၀အတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘ၀ဆိုတာ ကုန်သွားတယ် ”


“ တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့ ၊
တစ်ယောက်ကို တစ်ယောက် နားမလည်ပဲနဲ့ စစ်မှန်တဲ့ မေတ္တာ ဖြစ်နိင်ဖို့
တော်တော် ခဲယဉ်းပါတယ် ”


“ အမှားမရှိပါဘူး ၊ သင်ခန်းစာတွေ ချည်းပါပဲ။ လုပ်ကြည့်ရင်း မှားမှန်းသိရင်း
ပြင်လိုက်ရင်းနဲ့ ဥာဏ်ပညာ ကြီးတဲ့သူ ဖြစ်လာတာပဲ ။ မအောင်မြင်တဲ့
စမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလိုပဲ အသိဥာဏ်ကြီးပွားမှုကို
အထောက်အကူ ပြုပါတယ် ”


“ ကိုယ့်ရဲ့ ကျော်ကြားမှုဟာ သူများလက်ထဲမှာ ရှိနေတယ်၊ ကိုယ်ရဲ့ ဂုဏ်သိက္ခာကတော့
ကိုယ့်လက်ထဲမှာပဲ ရှိတယ် ၊ လူတော်တော်များများဟာ ဒုက္ခတွေ အများကြီး
ကြုံရတာ ဘာလို့တုံး ဆိုတော့ မလုပ်သင့်တာတွေကို လုပ်နေတယ်။
လုပ်သင့်တာကို မလုပ်ဘူး။ အဲဒါကြောင့် ဒုက္ခတွေ များနေတာ။ မလုပ်သင့်တာတွေကို
မလုပ်ဘဲနဲ့ လုပ်သင့်တာတွေကို ပိုပြီး လုပ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို လေးစားမှု
ချစ်ခင်မှု တိုးလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာတယ်။ ကိုယ့်ဘ၀ ပိုပြီး
အဆင်ပြေလာတယ် ”


“ သူများကို ဒုက္ခရောက်အောင် လုပ်ပြီးတော့ သူများကိုယ့်ကို ကြောက်ပြီး
ပူဇော်ပသမှ ကျွေးမှ ကိုယ့်ဘ၀ ရပ်တည်နိင်တဲ့သူဟာ
အဆင့် နိမ့်တယ် ”


“ အပြစ်တင်တက်တဲ့ သူတွေမှာ မိတ်ဆွေရှားတယ် ”


( ဆရာတော် ဦးဇောတိက၏ တရားစာအုပ်များမှ )


5 comments:

မီးမီးချစ် said...

ဟုတ်ပ အကိုရယ်.. အဖိုးတန် တွေ ဝတ်နေ ယုံ နဲ့ တော လူ့ အဖိုးတန် မဖြစ်ပါဘူး..

rose of sharon said...

မှတ်သားစရာတွေဘဲ...

flowerpoem said...

Good Idea တွေကို ပြန်ဖော်ပြတာကျေးဇူး

Dr. Yi Yi Win said...

တို့ ကတော့ သုည ပါ။

ကျောပိုးအိတ် said...

သူများကို ဒုက္ခရောက်အောင် လုပ်ပြီးတော့ သူများကိုယ့်ကို ကြောက်ပြီး
ပူဇော်ပသမှ ကျွေးမှ ကိုယ့်ဘ၀ ရပ်တည်နိင်တဲ့သူဟာ
အဆင့် နိမ့်တယ် ”

တွေးစရာတွေ အများသားရယ်
း)

ဘာဘဲပြောပြောပါလေ ဆရာတော်တရားသေချာလေးကို နာသွားပါကြောင်း
း)

ခင်တဲ့