Wednesday, June 24, 2009

ဆုတောင်း


ကမ္ဘာကြီးရေ
ကျွန်တော်တို့ တကယ်လိုအပ်နေတာက
ငြိမ်းချမ်းရေး ၊ ချစ်ခြင်းမေတ္တာ
အစာရေစာနဲ့ ၊ ပြည့်စုံကြွယ်ဝမှုပါ

ကမ္ဘာကြီးရေ
ကျွန်တော်တို့ နောက်ထပ်လိုအပ်တာက
စိမ်းလန်းစိုပြည်မှု ၊ မွန်မြတ်သန့်စင်မှု
စိတ်ချယုံကြည်မှုနဲ့ ပျော်ရွှင်ရယ်မောမှုတွေပါ

ဒါပေမယ့်....
ကမ္ဘာကြီးပေးနိင်တာက
အင်အားပြိုင်ဆိုင်မှု ၊ လူမျိုးတုန်းသတ်ဖြက်မှု
နိင်ငံရေးသပ်သျှိုခြင်း
စစ်နဲ့ အကြမ်းဖက်ရေးမူဝါဒ

ဘာကြောင့်ပါလဲ...
ဘာကြောင့်များလဲ...
ကမ္ဘာကြီးပေါ်မှာ
ကလေးငယ်တွေရဲ့ အသံနဲ့
ဘုရားကျောင်းက ခေါင်းလောင်းထိုးသံတွေ
ဟိုးအရင်ကထက် ပိုတိတ်လာရတာ
ဘာကြောင့်များလဲ

ကမ္ဘာကြီးရေ
မကယ်နိင်တော့ဘူးလား
(စစ်နဲ့ငြိမ်းချမ်းရေး) ကိုရေးခဲ့တဲ့
တော်စတွိုင်းတစ်ယောက်ရော
ဘယ်ပျောက်နေပြန်ပြီလဲ
ရှာပေးကြပါ...ပြောပေးကြပါ

၂၀ရာစုနောက်ပိုင်း
ကမ္ဘာကြီးဟာ အမှောင်တွေ ပိုဖုံးလာခဲ့ရတယ်



7 comments:

မမသီရိ said...

ကမ္ဘာကြီးရေ
ကျွန်တော်တို့ တကယ်လိုအပ်နေတာက
ငြိမ်းချမ်းရေး ၊ ချစ်ခြင်းမေတ္တာ
အစာရေစာနဲ့ ၊ ပြည့်စုံကြွယ်ဝမှုပါ

ကမ္ဘာကြီးရေ
ကျွန်တော်တို့ နောက်ထပ်လိုအပ်တာက
စိမ်းလန်းစိုပြည်မှု ၊ မွန်မြတ်သန့်စင်မှု
စိတ်ချယုံကြည်မှုနဲ့ ပျော်ရွှင်ရယ်မောမှုတွေပါ
.........
..............
အတူတူ ဆုတောင်းသွားပါတယ်

လင်းဒီပ said...

သိပ်သေချာတယ် ညီလေးရေ..
လူတွေ ဘာလို့ အပူတွေကို အအေးထက် ပိုလိုချင်နေကြတာလဲ..?

Apprenticeship said...

ဆုတောင်းလေး ပြည့်ပါစေ... :)

နဒီမိုးညို said...

တောင်းတဲ့ဆုလေး..ပြည့်ပါစေ

Anonymous said...

ကမ္ဘာကြီး အတွက်အမှန်တကယ် လိုအပ်ချက်များ ပြည့်စုံပါစေ အတူတကွ ဆုတောင်းသွားပါတယ် ကိုကြီးဆိုးသွမ်းရေ......

ကျောပိုးအိတ် said...

ကမ္ဘာကြီးရေ
ကျွန်တော်တို့ တကယ်လိုအပ်နေတာက
ငြိမ်းချမ်းရေး ၊ ချစ်ခြင်းမေတ္တာ
အစာရေစာနဲ့ ၊ ပြည့်စုံကြွယ်ဝမှုပါ

ဟုတ်တယ်နော်။တကယ်လိုချင်တာက ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာ။ ဘယ်တော့များမှ ပြည့်အ၀ရပါ့မလဲ။

ကျွန်မမန့် ပြီးပြီမှတ်တာ။ ပြန်ကြည့်တော့ မန့် ရသေးဘူးတော့။ ခုမှဘဲပြန်မန့် ရတော့တယ်။
း)

ကမ္ဘာကြီးရေ
မကယ်နိင်တော့ဘူးလား
(စစ်နဲ့ငြိမ်းချမ်းရေး) ကိုရေးခဲ့တဲ့
တော်စတွိုင်းတစ်ယောက်ရော
ဘယ်ပျောက်နေပြန်ပြီလဲ
ရှာပေးကြပါ...ပြောပေးကြပါ

သေသွားပြီလေ။ ဟုတ်ဘူးလား။
း)

Anonymous said...

hello... hapi blogging... have a nice day! just visiting here....