Monday, July 27, 2009

အဘိုးပညာ




သူငယ်ချင်း...
ပညာရွှေအိုး ၊ လူမခိုးလို့
အဘိုးနှုတ်က ၊ ဆုံး အမကို
အစက ငါ ၊ မယုံပါ၍....။

ဆယ်တန် တစ်ထုပ်
စာအုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံအလယ်မှာ ၊ ငါထားပါ၏
စာအုပ်မခိုး ၊ ငွေထုပ်ခိုး၏

ကျပ်တန်တစ်ထုပ်
ပေထုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံလယ်ဗွေ ၊ ငါထားလေ၏
ပေထုပ်မခိုး ၊ ငွေထုပ်ခိုး၏

အကြွေတစ်ထုပ်
ပုရပိုက်ထုပ်နှင့်
နှစ်ထုပ်တစ်စုံ ၊ တတူပုံ၍
လူပုံအလယ်၌ ၊ ငါထားလိုက်၏
ပုရပိုက်မခိုး ၊ ငွေထုပ်ခိုး၏

ပညာရွှေအိုး ...လူမခိုးလို့
အဘိုးနှုတ်က ၊ အဆုံးမကို
ခုမှယုံတယ်... သူငယ်ချင်း။



တက္ကသိုလ်ဝင်းမော်
( ၁၉၅၈ ၊ ဖေဖော်ဝါရီ ၊ ဒဂုန် )

5 comments:

ကြွက်ဖြူ said...

ခုခေတ်ဆို ပုရပိုက်ကိုပဲ ရောင်းစားဖို့ ခိုးသွားမယ်ထင်တယ်

မမသီရိ said...

ဒီကဗျာလေး ကို အရင်ကလဲ ဖတ်ခဲ့ဖူးတယ်
အရေး က ရိုးရိုး ရှင်းရှင်း ရေထားတာဖြစ်ပေမဲ့ စဉ်းစားစရာတွေ တပုံနဲ့ မောင်လေးရ
ဆရာ တက္ကသိုလ်ဝင်းမော် ရဲ့ ကဗျာတွေ
အမ လဲ နှစ်သက်တယ်
ကျေးဇူး ကွ

ရွက်လွင့်ခြင်း said...

ဒီလို ကဗျာတွေ ပြန်လည်ဖော်ပြတာ ကျေးဇူးပါဗျာ

လင်းဒီပ said...

ဟားဟား..သိပြီလားကွ
ဘာလို့မခိုးတာ...။
ညီလေး အဆင်ပြေပါစေ...။

ကျောပိုးအိတ် said...

ဒါပေါ့

ပညာရွှေအိုး လူမခိုးတဲ့။
အဖိုးလဲပြောတယ်။
ကျောပိုးအိတ်လဲပြောတယ်။
မှတ်ထားနော်

ဒီလောက်ခင်တဲ့
ကျောပိုးအိတ်