Saturday, June 6, 2009

က......ဗျာ......ရေး........တယ်



မလိမ်မာလို့ ကဗျာရေးပါတယ်
အမှတ်မရှိလို့လည်း ကဗျာရေးတယ်
အမှန်တရားအတွက် ကဗျာရေးတယ်
မျိုသိပ်မရတဲ့ အတွက် ကဗျာရေးတယ်

ကဗျာရေးမိတယ်....
ကာရံညီအောင် မသုံးတက်လည်း ကဗျာရေးတယ်
စကားလုံး သုံးစွဲမှု ဆင်းရဲလည်း ကဗျာရေးတယ်
လမ်းမပေါ်က အထီးကျန်နီယွန်မီးတွေအတွက် ကဗျာရေးတယ်
ဘယ်ဘက်ရင်အုံအောက်က သစ္စာတရားအတွက် ကဗျာရေးတယ်

ကဗျာတွေ ရေးပါတယ်
ရေးတိုင်းလည်း.....သတ်ပုံတွေက မှားဆဲ
ဘ၀တွေကလည်း ခါးဆဲ

.....ကြာလာတော့
ကဗျာတပုဒ် ရေးပြီးတိုင်း
ဆေးခါးကြီး တခွက်ကို အပြီးမော့ချလိုက်ရသလို
ပျို့တက်ချင်လာတဲ့ စိတ်ကို
အိပ်ရာထဲ ခေါင်းထိုးပြီး ဖျောက်ပစ်တက်ခဲ့

တွေ့ကရာ ခံစားမှုကို ဘော်တယ်ကုလားလို
အကုန်ဝယ်ထည့်တော့
အနာကြီး ရောဂါသည်တွေလို
ရင်ဘတ်ထဲမှာ သွေးမတိတ်သေးတဲ့ ဒဏ်ရာတွေ ၊
အကင်းမသေသေးတဲ့ အမာရွက်တွေနဲ့ ပြည့်လို့

ဒါပေမယ့်
( ဘယ်သူမှ မသိကြပါဘူး.....
ကဗျာဆရာတွေရဲ့ သစ္စာကြီးမားမှုအကြောင်း )



11 comments:

ဟန်လင်းထွန်း said...

ကဗျာရေးဗျာ။ ခင်ဗျားကဗျာတွေဖတ်ရတာ တော်တော်များများကို နားလည်ခံစားလို့ရတယ်။ စကားမစပ် မအားဘူးဖြစ်နေလို့။

လင်းဒီပ said...

ရေးပါ ရေးပါ ကဗျာရေးနေတာကိုက မင်္ဂလာတစ်ပါးလို့ မြင်တယ်။

flowerpoem said...

ရေးတတ်သူတွေကတော့ ကဗျာရေးတာပေါ့ဗျာ

မမသီရိ said...

ကဗျာဆရာလေးရေ
ဘာဖြစ်ဖြစ်ကဗျာကတော့ ရေးနေဦးမှာပဲ
ဘာဖြစ်ဖြစ် ကဗျာတွေတော့ ဆက်ရေးပါ နော်..း)

Moe Hlaing Nya said...

ကိုဆိုးသွမ်း

ကျွန်တော်လည်း
က....ဗျာ..ရေး...တယ်
ကိုဆိုးသွမ်းရေးထားတဲ့အတိုင်းပဲ
ခင်မင်လျှက်

ကျောပိုးအိတ် said...

ကျွန်မကရေးချင်တာ ကဗျာတွေ

ဒါပေမယ့် လုံးဝမရေးတတ်ဘူး။ ရေးပါတော် ရေးပါ။

Apprenticeship said...

အပါးပါး... အနာကြီးရောဂါသည်ကြီးတဲ့လား ကြောက်တယ်ရှင့် ရောဂါကူးမှာ... :P

စကားလုံးတွေ အသုံးတတ်လို့သာပေါ့
ခံစားချက်ပုံရိပ်တွေ ထင်ခနဲပဲ...

ဆက်ရေး ဆက်သစ္စာထား
အဆင်ပြေပါစေကွားးးးး

ဆိုးသွမ်း said...

ကွန်မန့်တွေ အားလုံးအတွက် ကျေးဇူးပါ။
အရပ်ကတို့ရေ....း)

ကျနော်တို့အားလုံးဟာ ရင်ဘတ်ခြင်းနီးစပ်တဲ့
သူတွေပဲ မဟုတ်လား...

ရွှန်းမီ said...

အဲ့ဒါတွေပေါ့.. ဖြေရှင်းရခက်တာ..
မလိမ်မာလို့ ကဗျာရေးပါတယ်.. ဒီစာကြောင်းလေး လိုအပ်ရင် ယူသုံးမယ်နော်

Unknown said...

ကဆိုးသွမ်း.....
မလိမ်မာလို့ ကဗျာဖတ်တယ်
အမှတ်မရှိလို့လည်း ကဗျာဖတ်တယ်
အမှန်တရားအတွက် ကဗျာဖတ်တယ်
မျိုသိပ်မရတဲ့ အတွက် ကဗျာဖတ်တယ်

သတ်ပုံတွေက မှားလဲ
ဘ၀တွေကလည်း ခါးလဲ
ကဗျာတွေ ဖတ်ပါတယ်
ကဆိုးသွမ်းရေ.....
ကဗျာဆရာရဲ့ သစ္စာကြီးမားမှုကိုလဲ လေ့လာသွားပါကြောင်း :D

thaingarra said...

ကဗျာသမား တစ်ယောက် အတွက်

ကဗျာတွေ ရေးနေရတာလောက် ...

မွန်မြတ်သန့်စင်တဲ့ ချိန်ခါ

ရှိမယ် မထင်ပါဘူး ကိုဆိုးသွမ်းရေ ... :)