5 years ago
Monday, June 8, 2009
တခါတုန်းက ကျနော် သင်တန်းတက်နေတုန်း သင်တန်းနည်းပြ ဆရာ တစ်ဦးက သူ့ပုံတွေကို ကျနော်တို့ကို ထုတ်ပြတယ်။ ဒါ ငါ ငယ်ငယ်တုန်းကတည်းကနေ အခုအသက်အရွယ် ( ၅၀ နှစ်ကျော် ) ထိ စုထားတာတဲ့။ ပုံတွေက ဟိုးငယ်ငယ်ကလေး ဘ၀ကနေ သူဖြက်သန်းခဲ့တဲ့ အသက်အရွယ်အလိုက် ၁ နှစ်သားအရွယ်ကနေ သူ့အခုအသက်အထိ နှစ်အလိုက် မဟုတ်တောင် ၂ နှစ်ခြားတခါ ( ၀ါ ) ၅ နှစ်ခြားတခါ သူ့ပုံလေးတွေကို ယှဉ်ကပ်ထားတာပါ။ အဲဒီလို စိတ်ကူးကောင်းလေးကို ကျနော်လည်း သဘောကျမိပါတယ်။
သူ့ပုံတွေကိုကြည့်ပြီး ကိုယ်ငယ်ငယ်တုန်းက ဘယ်လိုရုပ် ၊ ကြီးလာတော့ ဘယ်လိုရုပ်နဲ့ ပြန်ကြည့်မိတိုင်း စိတ်ထဲမှာ ပျော်ရတယ်ကွတဲ့။ ကျနော်လည်း အိမ်က ကျန်ခဲ့တဲ့ စာအုပ်လေးထဲမှာ ငယ်တုန်းက ပုံလေးတွေ ဖြက်ညှပ်ကပ်တောင် ပြန်လုပ်ထားခဲ့တယ်။ အခုတော့ ပါမလာတော့ပါဘူး။ ပြန်မှပဲ ထပ်ကပ်ရတော့မယ်။ ဘောလုံးသမားပုံတွေကိုလည်း တွေ့မိလို့ ပြန်သတိရပြီး ဒီပို့စ်လေး တင်လိုက်မိတာ။ စာဖတ်သူလည်း ကျနော့်စိတ်ကူးလေးကို သတိရရင် ဖြက်ညှပ်ကပ်လုပ်ပြီး စုထားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှတ်တရနဲ့ ပျော်စရာဖြစ်ရတယ်။

ရော်နယ်လ်ဒင်ဟို ( အေစီမီလန် )

ဒေးဗစ် ဘက်ခမ်း ( အေစီမီလန် )
မက်ဆီ ( ဘာစီလိုနာ )

ဖာနန်ဒို တောရက်စ် ( လီဗာပူးလ် )

ရော်နယ်လ်ဒို ( မန်ချက်စတာယူနိက်တက် )

ရာအူး ( ရီးရဲလ်မက်ဒရစ် )

ဒယ်လ်ပီယာရို ( ဂျူဗင်တပ်စ် )

ဟာနန်ခရက်စပို ( ဂျီနိအာ )

ပီတာဆက်ခ်ျ ( ချဲလ်ဆီး )

ဒေကို ( ချဲလ်ဆီး )
Labels: ဘ၀အပိုင်းအစများ
Subscribe to:
Post Comments (Atom)
15 comments:
နောက်ဆုံးပုံကြီးက ဘာလို့ဖြူဖွေးနေတာလဲ..
ကြောက် ကြောက် . . .
ပုံတူဝင်ထုသွားတာ အချောဆုံးပဲ အကိုရေ
လေးစားလျက်
တောင်ပေါ်သား
ချယ်ဆီးက ပုံတွေ အကုန်လုံး ကြိုက်တယ်။
း)
နောက်ဆုံးကရော ဘယ်ဘောလုံးအသင်းကလူလဲ။
း)
အောက်ဆုံးက ဘောလုံးသမားလေးက အချောဆုံး...:P
(ဒါပေမယ့် သူက သူမရဲ့ အဖြည့်ခံတိုက်စစ်မှူး)
သွားပြီ...ကိုဒီပပြောလိုက်တာ
အဲဒီမှာ စလစ်တာပဲ။....
ဟုတ်ပ့ါ။ လစာလည်းမရ...အဌားကလည်း ချသေးတယ်...လိုင်းအပ်လည်း မပါနဲ့
အရန်ခုံပေါ်က လူ....လူ...လူ :)
အွန်နရီ ငယ်ပုံ အမိုက်ဆုံးပဲ ။
ကိုဆိုးကြီးကကြ ဖြောင့်တာ(ဆံပင်) ။ :P
ပွဲတိုင်းမှာ ကန်နိုင်အောင် ဆက်ကြိုးစား :P
နောက်ဆုံးပုံက ဘောနှစ်လုံးပိုင်ရှင်က ဘူဒူယဲဟင်
ညာတစ်လုံး ဘယ်တစ်လုံး ပိုက်တာပြောတာပါ
ပိုဆိုးနေပြီပြောတာ
ခန့် တယ်ဗျာ ကိုဆိုးသွမ်းက မထင်ရဘူး
( တွေ့ ရင် ပိုဆိုးတယ်ထင့်ပါ့ )
ချစ်လို့ ခင်လို့ စတာ ပါ နော်
နောက်ဆုံးက နာမည်ကျော် ချာလ်ဆီးက ကစားသမား အသင်းအင်္ကျီလဲ မဝတ်ထားဘူး........ လူဆိုးးးးးး :D DDDDD::::::::::
ကိုဟက်ကြီးပြောတာ အမှန်ဆုံးပဲ။
ဟီး ဟုတ်တယ်။ ချဲလ်ဆီးက ကစားသမား
အဖြစ်ချင်ဆုံး
လမ်းပတ်ရဲ့ ညီ...လမ်းဆိုးသွမ်း
ငယ်တုန်းက လမ်းပေါ်မှာ ဆိုးလွန်းလို့ :D
လမ်းဆိုးသွမ်း ကလဲ အလန်း ပါလား :P
ချယ်ဆီးလ်ရောက် မြန်မာ ဘောလုံးသမား ကိုဆိုးသွမ်း :P
ဟဟ
အဖြည့်ခံတိုက်စစ်မှုးကလည်း အလန်းလေးပဲကိုး
အပေါ်က ပုံတွေအားလုံးမိုက်တယ် အောက်က ပုံက နဲနဲ ၀င်ရူပ်သလားလို့ ။ :) :P အဲ့ဒါ ဘူလေးလဲ။
ကျွန်မလဲ မာလ်ဒီနီ ကို ကြိုက်တယ်။ သူ့ ကြောင့် အေစီမီလန်ကို အားပေးဖြစ်တာ။
Post a Comment