Wednesday, June 3, 2009


ဟန်ဆောင်တက်တဲ့
လူယဉ်ကျေးတွေကို ......မုန်းတယ်

အကူအညီပေးသလိုလိုနဲ့
အခွင့်အရေး ယူတက်တဲ့ လူတန်းစားတွေကို....မုန်းတယ်

ကိုယ်ဘက်ပဲ ကိုယ်ယက်တဲ့
လိပ်လို လူစားတန်းတွေကို....မုန်းတယ်

စည်းစိမ်ယစ်မှုး...ပါဝါမြူးနေတဲ့
လူတန်းစားတွေကိုလည်း.....မုန်းတယ်

မညီမျှတဲ့ လောကမှာ
လူဖြစ်လာရတာကိုလည်း......မုန်းတယ်

သစ္စာတရားကို တန်ဖိုးထားသလိုနဲ့
မုသားနဲ့ ရောထားတဲ့ အရာအားလုံးကိုလည်း....မုန်းတယ်

ဘ၀ပေး အခြေအနေရ
လုပ်ဖြစ်သွားတာပါဆိုတဲ့....သူတွေကိုလည်း မုန်းတယ်

နောက်ဆုံး......
မတူညီမှုတွေ ပေါများမှန်းသိပေမယ့်
အတင်း လိုက်ညှိတက်တဲ့....ကျနော့်စိတ်ကိုလည်း
ကျနော်......မုန်းတယ်



( မုန်းတယ် * ယောင်္ကျားကြီး တန်မဲ့ စာရေးတာ မုန်းတယ်လို့ ထည့်ရွတ်မိတော့
စိတ်ထဲတော့ ဘ၀င်မကျမိပါဘူး။ မုန်းတယ် * မဟုတ်ဘဲ သတ်ချင်တယ် * ဆိုရင်တော့
း) ပိုဆိုးကုန်မှာဆိုးလို့ပါ )


4 comments:

flowerpoem said...

ဟား၂ မမုန်းပါနဲ့ ဘာတွေမုန်းနေတာလည်း ကိုဆိုးသွမ်းရယ် စိတ်ကိုလျှော့ပါ

ရွှန်းမီ said...

ဖြစ်မှဖြစ်ရလေ...

ကျောပိုးအိတ် said...

စိတ်နာတယ်ဆို ပိုမကောင်းဘူးလား
း)

Apprenticeship said...

"နောက်ဆုံး......
မတူညီမှုတွေ ပေါများမှန်းသိပေမယ့်
အတင်း လိုက်ညှိတက်တဲ့....ကျနော့်စိတ်ကိုလည်း
ကျနော်......မုန်းတယ်"

မတူညီမှုတွေရဲ့ လှပမှုတွေ အများကြီးပါ... အမြင်မတူတဲ့ လူတွေကြောင့် ကိုယ်ယုံကြည်ရာကိုတော့ မမုန်းစေချင်ဘူး။ ၂၁ ရာစုမှာ မတူညီမှုကို မခင်တွယ်ရင်တော့ ပျောက်ကွယ်သွားဖို့ပဲ..။ သေချာ ပြန်စဉ်းစားရင် ဘယ်သူတစ်ဦး တစ်ယောက်မှ ငါဆိုတဲ့ ကမ္ဘာမှာ တစ်ယောက်ထဲနေလို့ မဖြစ်တာပါ..။ ကိုယ်ယုံကြည်ရာ ဆက်လုပ်။ :)