Friday, June 5, 2009




မင်း မရှိရင်
ငါ့ အတွက်၊ ဘာမှ မရှိတော့ဘူး
အမောဖောက်ခဲ့တဲ့
အောင့်သက်သက် နေ့ရက်တွေမှာ
မင်းသာ...ငါ့ရဲ့ အသက်ရှုရာ

ကြမ်းတမ်းခဲ့တဲ့
ခက်ထန်စရာ ရာသီဆိုးထဲမှာ
မင်းသာ...င့ါရဲ့ လဲလျောင်းရာ

လှိုင်းထန်ခဲ့တဲ့
ထိတ်လန့်စရာ မုန်တိုင်းများကြားမှာ
မင်းသာ...ငါ့ရဲ့ ကယ်တင်ရာ

မွန်းကျပ်ခဲ့တဲ့
ရင်နင့်စရာ နေ့ညများစွာမှာ
မင်းသာ...ငါ့ရဲ့ ရင်ဖွင့်ရာ

မင်း မရှိရင် .. အသက်ရှုမ၀ဘူး
မင်း မရှိရင် .. လဲလျောင်းရာ နေရာမရှိဘူး
မင်းမရှိရင် .. ကယ်တင်မယ့်သူ မရှိဘူး
မင်း မရှိရင် .. စကားပြောဖော် မရှိဘူး
မင်း မရှိရင် .....

ငါ့မှာ.....ဘာမှ မရှိတော့ဘူး

( မောင်လှမျိုး )

3 comments:

လင်းဒီပ said...

ဟိုးအရင်တုန်းကတော့
အဲလိုချစ်ခြင်းမျိုးနဲ့ လောကကို ပစ်ခွင်းခဲ့ဖူးတာပေါ့..။

flowerpoem said...

ကဗျာလေးကောင်းတယ်..

ကျောပိုးအိတ် said...

ဖတ်လို့ ကောင်းတဲ့ စာစုလေးကို ဖတ်သွားပါတယ်

နေမကောင်းလို့  ကော်မန့် ရှည်ရှည်မပေးတော့ဘူး