Saturday, February 16, 2008

စက်ရုပ်လူသား


ရေးထားတဲ့ ကဗျာတပုဒ်ရယ်
ပေးနားထောင်မဲ့ သီချင်း နှစ်ပုဒ်နဲ့
ပြောချင်တဲ့ စကားတွေ....ရင်ထဲအပြည့်ထည့်လို့
ပြန်ရာလမ်းကို မျှော်မျှော်သာ ကြည့်နေခဲ့ရတယ်

တန်ဘိုးထား ဖတ်ဖြစ်မှာလား
ဂရုတစိုက် နားထောင်ပေးမှာလား....ချစ်သူရေ
မရေရာ ပေမဲ့ သေချာတာ တစ်ခုကတော့
အိမ်ပြန်လမ်းတွေမှာ ငါတစ်ယောက်တည်း
အဖော်မဲ့ နေခဲ့ပြီလေ

ငါ့မျက်လုံးကတောင် ငါ့ကို ပြန်မေးတယ်
ဘယ်နှစ်နာရီ အိပ်မှာလည်းတဲ့
အားနာစွာနဲ့ ပြန်ပြန်ပြီ.......ပြုံးပြုံးပြနေရတယ်
တကယ်ဆို ငါလည်း မလိုချင်တော့ပါဘူးကွာလို့

အခုဆို သူတို့စစ်ကူခေါ်လာကြပြီလေ
မှုန်ဝါးဝါးဖြစ်လာတဲ့ မျက်လုံးရယ်
ခပ်ထုံထုံ ဖြစ်လာတဲ့ ဦးနှောက်ရယ်
ထိုင်စောင့်နေဖန် များလာလို့ ချိနဲ့တော့မယ်
ခြေလက်တွေရယ်က ငါ့ကို ခေါ်ဖို့ လူစုနေခဲ့တယ် ချစ်သူ

တခုတည်းသော နှလုံးသားက
ဗီတိုအာဏာသုံးပြီး ပယ်ချနေလို့ပေါ့ကွယ်
ဒါပေမယ့်.....တစ်နေ့
နှလုံးသားကို သူတို့အနိင်ရသွားခဲ့ရင်
ငါ သေဆုံးရတော့မယ် ချစ်သူ

ဒီဘ၀ မပေါင်းရဘူးဆိုရင်လည်း
နောင်ဘ၀လည်း ငါ့ကိုထပ်မခေါ်ပါနဲ့
ကဗျာတွေ ငါမရေးတက်ချင်ဘူး
စာတွေ ငါမဖတ်တက်ချင်ဘူး
အေးစက်စက် မျက်နှာထားနဲ့ ဓတ်အားကုန်ရင် ရပ်နေမယ့်
စက်ရုပ်ပဲ ငါလုပ်တော့မယ်

တခုတည်းသော ငါ့အလုပ်က
အချစ်ကို ရူးရူးမူးမူး ခံစားတက်သူတွေကို
ဒီကမ္ဘာက ဖယ်ရှားပစ်ဖို့

သွားမယ်....ချစ်သူ
ငါသွားတော့မယ်....................
ငါ့ကို သူတို့ခေါ်နေကြပြီ ။ ။




5 comments:

Chaos said...

ဘယ်သွားမှာလဲ
မင်းက လဲ
စက်ရုပ်လူသားတဲ့လား............

ပန်းခရေ said...

ရေးထားတဲ့ ကဗျာတပုဒ်ရယ်
ပေးနားထောင်မဲ့ သီချင်း နှစ်ပုဒ်နဲ့
ပြောချင်တဲ့ စကားတွေ....ရင်ထဲအပြည့်ထည့်လို့
ပြန်ရာလမ်းကို မျှော်မျှော်သာ ကြည့်နေခဲ့ရတယ်

တန်ဘိုးထား ဖတ်ဖြစ်မှာလား
ဂရုတစိုက် နားထောင်ပေးမှာလား....ချစ်သူရေ
မရေရာ ပေမဲ့ သေချာတာ တစ်ခုကတော့
အိမ်ပြန်လမ်းတွေမှာ ငါတစ်ယောက်တည်း
အဖော်မဲ့ နေခဲ့ပြီလေ


စက်ရုပ်လူသားတဲ့လားကွယ်
မသွားပါနဲ့သူငယ်ချင်းရယ်
သူတို့တွေကိုပြောလိုက်ပေါ့
ငါမလိုက်နိုင်ဘူးလို့
ကောင်းလိုက်တဲ့ကဗျာ
အဆင်ပြေပါစေ

Anonymous said...

စက်ရုပ်လူသားတဲ့လား...
နှလုံးသားရှိပြီး မချစ်တတ်တဲ့ ကောင်မလေးလိုလူမျိုးရော မဖြစ်ချင်ဘူးလား.. :)

တင့်ထူးရွှေ said...

စက်ရုပ်လူသား မိုက်တယ် အကို

ညိမ်းညို said...

အကိုကြီးရေ ကဗျာတွေ လာဖတ်တာဗျ။ ဒီကဗျာကို တအားကြိုက်တယ်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :)