Monday, February 11, 2008



တခါတလေ...အကျီပါးပါးကိုဝတ်
ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်းထဲ
ငါ့အလွမ်းတွေ ထည့်လို့
မိုးသည်းသည်းထဲ မင်းကို လွမ်းကြည့်နေချင်ခဲ့တယ်

ဟိုးကမ္ဘာတခြမ်းက မင်း..မျက်နှာ
ငါ့ကိုများ ငေးကြည့်နေမလားကွယ်

မြင်ယောင်မှန်းဆ ထင်ယောင်နဲ့တမ်းတမိတော့
ရင်ဘတ်ထဲ မချင့်မရဲနဲ့
မိုးကြိုးနဲ့အတူ မင်းနာမည်ကို အော်ခေါ်ပစ်လိုက်တယ်

ချစ်သူရေ....
ငါ့ကိုယ်ငါ မလုံခြုံနိင်သေးရင်တောင်
မင်း အတွက်...အေးမြတဲ့ နေရာတစ်ခု ငါပေးနိင်ပါလိမ့်မယ်

နွေဆို နွေ ၊ ဆောင်းဆိုဆောင်း
ဥသြငှက်ရဲ့ လွမ်းချင်းနဲ့အတူ
နှင်းမှုံမှုံတွေကြား ရေမြေခြားက......ငါ လွမ်းနေဦးမယ်ကွယ်။

3 comments:

နှင်းပွင့်ဖြူ said...

အလွမ်းဆိုတာ နွေ မိုး ဆောင်း မခွဲ၊ ရေခြားမြေခြား မရွေး လွမ်းရပါတယ် ..
ဆိုးသွမ်းကြီး... အလွမ်းတွေ နည်းပါးနိုင်ပါစေ..

ကဗျာလေး ကောင်းတယ် ... ဒီလိုကောင်းတဲ့ ကဗျာတွေ မျှော်နေတာကြာပေါ့

အဆင်ပြေပါစေဝေးးးးးးးးး

Anonymous said...

ဒီကဗျာလေးကို ကြိုက်တယ်။ ရေမြေခြားက လွမ်းရတဲ့အလွမ်းက ဘယ်ကိုလွမ်းလွမ်း ကောင်းဘူးဗျ။ :(

ပန်းခရေ said...

ဝေးးးးးးးးးး
ကောင်လေးရ ကောင်းတဲ့ကဗျာ
မျှော်လင့်နေတာကြာပြီကွ
အဲလိုရေးစမ်းပါ ဆိုးသွမ်းရာ..
ဆိုးသွမ်းလိုအမြဲလွမ်းသူဆိုပြီး
ခေါင်းစဉ်တပ်မိတာမှားပြီထင်ပ
မလွမ်းနဲ့သိလား လွမ်းတာကောင်းဘူး
လွမ်းတဲ့ဒဏ်က ခံစားရတာ အရမ်းပဲ
ကဗျာကောင်းလေးတွေကို
ရေခြားမြေခြားကနေ မျှော်လင့်နေတယ်ဝေ့
း)