Friday, February 29, 2008

ဆုတောင်းသည်


သတင်းတွေကတော့ မကောင်းဘူး “ အမေ ”
ပြုသူ နဲ့ ဖြစ်သူမှာ
ဖြစ်သူတွေပဲ အိမ်မက်ဆိုးတွေ ခံစားနေကြရတယ်

ကျွန်တော့်ရဲ့ လက်တစ်ဆုပ်စာ အတွေးလေးနဲ့
ဘယ်သူကို ဘယ်လို နှစ်သိမ့်ဖို့ဆိုတာမပြောနဲ့
ကျွန်တော့ ကို ကျွန်တော်တောင်
လမ်းပျောက်နေတယ်လေ

မီးခိုးနံ ၊ သွေးညှီနံ
ဆေးနံ ၊ လေးဘက်ကာ စိမ်းရွှေရွှေအနံ
အနံတွေ လှိုင်နေလိုက်တာ
အသံတိတ် ငိုသံတွေ အမေ့သား ညညကြားနေရတယ်
ဒီအသံတွေကိုပဲ
ရင်နာနာနဲ့ အမေ့သား ကြည့်နေရပြန်တယ်

“ ဘယ်သူတေတေ ငတေမာရင် ပြီးရော ” ဆိုတဲ့ အတွေးနဲ့
လောကကို ကျွန်တော် အသက်ဆက်မရှင်ချင်တာတော့
အမှန်ပဲ အမေရယ်

အမေရွေးချယ်ပေးခဲ့တဲ့ လမ်းက
နေတက်ရင် ကြေနပ်စရာကြီးပေါ့
အမေ့ကို သားအပြစ်မတင်ပါဘူး...အမေ့ကိုသား မစော်ကားဘူး
အမေက ကျွန်တော်ချစ်ရတဲ့ အမေလေ
ဒါပေမယ့် ဘာလို့လမ်းတွေ ဆိုးသွားတာလဲ အမေရယ်

အမေ့သားကလည်း သူများမမြင်တာမြင်တယ်
သူများ မကြားတာ ကြားတယ်
သူများမပြောတာတွေ ပြောချင်တယ်
သူများထက်လည်း ပိုခံစားတက်တယ်

အခုတော့ ကျွန်တော်လည်း
မြန်မာလူမျိုးပီပီ....ဆုတောင်းရုံပဲ တက်နိင်တော့တယ် “ အမေ ”



4 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဆိုးကလဲ
ဆုဆိုတာကလည်း ဆုတောင်း တိုင်း ပြည့်ဘူးဗျ ။ ပါရမီတွေ ဖြည့် ၊ သီလတွေစောင့်ထိမ်း တာတောင်မှ ပြည့်ချင်မှ ပြည့်တတ်တာကိုးဗျာ။ တကယ်တော့ ယဉ်ကျေးမှူ့ နိမ့်တဲ့ လူတွေအတွက်တော့ ဟမ်မူရာဘီ ကိုဓဥပဒေကပဲ သင့်တော်ပါတယ်ဗျာ။

Anonymous said...

ကိုဆိုးသွမ်းရေ..
အခုလို ဆုတောင်းပေးတာ ကျေးဇူးပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုတော့ အဆုံးထိ ဆက်လျှောက်ပါ အကိုရေ။ ဒါပေမယ့် လျှောက်နေတုန်းတော့ စေတနာ ၊ မေတ္တာ၊ ကိုယ်ချင်းစာမှုလေးတွေနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ သဲက ဆုတောင်းပေးပါတယ်။

လေးစားစွာဖြင့်
မေပျို

BLANK PAPER said...

ဆုတောင်းပြည့်ပါစေပေါ့ဗျာ..

Anonymous said...

hey your blog design is very nice, clean and fresh and with updated content, make people feel peace and I always enjoy browsing your site.

- Norman