Friday, February 1, 2008

အသွေးအရောင်မဲ့


လာပါ....သူငယ်ချင်း လာပါ
မလာခင်တော့...မင်းရဲ့ နောက်က
ထည်ဝါမှု...သိမ်ငယ်မှု
တယူသန်မှု...အတ္တကြီးမှုစတဲ့
အမှုပေါင်းများစွာနဲ့
အဆင်တန်ဆာတွေကိုတော့
ငါတို့ လမ်းထိပ်က....ဓတ်တိုင်မှာ ခဏချိတ်ခဲ့

ဒီဆွေးနွေးဝိုင်းမှာ စိတ်ဗလာနဲ့
ခင်းကျင်းထားတယ်
မှန်လို အလင်းပြန်ခွင့်မရှိဘူး
ဈေးထဲက ငါးစိမ်းတန်းလို
အော်ဟစ်ငြင်းဆိုပိုင်ခွင့် မပြုဘူး

လိပ်တွေလို ....
ကိုယ့်ဘက်ကိုယ်ယက်ပိုင်ခွင့်လည်းမရှိဘူး
ငါတို့ရဲ့ ဆွေးနွေးပွဲက
သောက်စားမူးရစ်ဖို့ လမ်းစပျိုးခဲ့တာလည်းမဟုတ်ဘူး

ဒါပေမယ့်
ဒီဗလာပွဲမှာတော့ ငါတို့နေရပ်အတွက်
အားသွန်ခွန်စိုက် ယုံကြည်မှုရှိနေစေရမယ်
မင်းနေထိုင်ခဲ့တဲ့ အရပ်
မင်းတိုးတက်ချင်ရင်....တဖက်သက်အမြင်တွေ
အရင်ဆုံးစွန့်လွှတ်ရလိမ့်မယ်

ဒီမှာ သူငယ်ချင်း....
မင်းလိုချင်တာ ငါလည်းလိုချင်တယ်
မင်းလုပ်ချင်တာ ငါတို့လည်းလုပ်ချင်တယ်

ဒါကြောင့် ဒီဆွေးနွေးဝိုင်းကို
အစောကတည်းက ဗလာနဲ့လာခဲ့လို့
....မှာခဲ့မယ် ဟေ့


4 comments:

Anonymous said...

ကောင်းတယ်ဗျ...ကဗျာလေးက...
မိတယ်...

တည်ညိမ်းကို ( သို့မဟုတ် ) said...

ကဗျာလေးကြိုက်တယ် ... စကားလုံးတွေက အေးအေးလေးနဲ့ အားမာန်ပါတယ် ... အားပေးနေတယ် ညီလေးရေ ...

Kaung Kin Ko said...

ကဗျာလေး ကြိုက်တယ်ညီရေ။ :-)

တင့်ထူးရွှေ said...

မိုက်တယ်ဗျာ ... ။ ။