Saturday, February 16, 2008

ရေလုံပြုတ် ဘဝ


သူငယ်ချင်း.......ရေ
ကြက်သွန်ဖြူနီ
ဂျင်းနဲ့ အရောင်တင်မှုန့်ရောပြီး
ဆီသက် ရုံနဲ့
ဘ၀က အဲဒီလောက် မလွယ်ဘူးကွ......

အဲဒီလိုချက်တဲ့ ဟင်းကလည်း
အစပ်အဟပ်.....တည့်ချင်မှ တည့်တာမဟုတ်လား
လူ့ဘ၀ကြီးထဲ အချိုးကျကျ...နေထိုင် ၊ ရောစပ်ပြီး ဆီသက်နေခဲ့တာတောင်
ဘယ်သူကများ ပြီးပြည့်စုံတဲ့
ဟင်းကောင်းတစ်ခွက် ဖြစ်ခဲ့လို့လည်း ။

ဖြစ်ခဲ့ရင်လည်း
ဆယ်ခါရံ တစ်ရံပါကွာ လိုတော့
မင်း နုတ်ဖျားက ပြောထွက်မှာ သေချာတယ် ။
အောင်မြင်ချင်ရင် တဖက်စွန်းရောက်မှလို့ပြောကြသလို
အစိမ်းလည်း ဘယ်တော့မှ မစားမိစေနဲ့
ပိုအကျည်းတန်တက်တယ်

ကဲ သူငယ်ချင်း......
အဆင်အရောင် ကင်းမဲ့ဖို့
ရေလုံပြုတ်သင့်ရင် ရေလုံပြုတ်စားကြတာပေါ့ကွာ


1 comments:

Anonymous said...

ရေလုံပြုတ်တော့ မစားပါနဲ့..
ဆားလေးနည်းနည်းခတ်ပြီး ပာင်းချိုလုပ်လိုက်ပါ။ :)