Friday, February 15, 2008

အဖြုရောင် မုသားများ


သတ္တိနည်းသူလို့ မစွပ်စွဲချင်ဘူး အချစ်ရယ်
ငါဟာ ကိုယ့်အမှန်တရားနဲ့ ကိုယ်နေသူပါ
လူမှုဝန်းကျင် မုန်တိုင်းတွေက
ငါ့ပင်လယ်ပြင်ကို လှိုင်းထန်စေတယ် ။

ငါ့ကမ်းစပ်ပေါ် ပစ်တင်လိုက်တဲ့
အမှိုက်သရိုက်တွေက
ပြစ်တင်ရှုတ်ချမှုတွေ ဖြစ်ချင်ဖြစ်နေလိမ့်မယ် ။

ငါဟာ မေတ္တာတရားရဲ့ အငွေ့အသက်ကို ခံစားရတယ်
ငါ့ဆီက မေတ္တာတရားကို ပေးဆပ်ရတယ်
ဒါဟာ ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာလို့
မင်းရော ငါပါ ယုံကြည်ပြီးတဲ့ အခါ
လှိုင်းသံနဲ့ ပင်လယ်ဟာ ငြိမ်သက်သွားပါလိမ့်မယ်

ဒါနဲ့ပဲ
နာရီတစ်လုံး ၊ တယ်လီဖုန်းသံ
တေးသွား တစ်စ ၊ ခေါင်းအုံးမလိုတဲ့ ညတွေ
ထိတွေ့လို့မရနိင်တဲ့ ၊ အငွေ့သက်သက်အိမ်မက်တွေ ။

အချစ်ရယ်
ငါဟာ ကိုယ့်နက်ရှိုင်းမှုနဲ့ ကိုယ်သာနေခဲ့ရ
အဖြူရောင် မုသားတွေ
ငါ့နုတ်ခမ်းမှာ အမြှုပ်တစီစီ
အဆိပ်မှန်းသိရက်
မင်းအတွက် ငါသောက်မိတယ် ။ ။



3 comments:

တင့်ထူးရွှေ said...

အဖြူရောင် မုသားများ ရင်ထဲ ရောက်တယ် အကို
ပျော်ရွှင်ပါစေ :D

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျို့ :)

ပန်းခရေ said...

သတ္တိနည်းသူလို့ မစွပ်စွဲချင်ဘူး အချစ်ရယ်
ငါဟာ ကိုယ့်အမှန်တရားနဲ့ ကိုယ်နေသူပါ
လူမှုဝန်းကျင် မုန်တိုင်းတွေက
ငါ့ပင်လယ်ပြင်ကို လှိုင်းထန်စေတယ် ။


ကြိုက်တယ် သူငယ်ချင်း
အဖြူရောင်မုသားများကို
မုသားမပါပဲ ကြိုက်တယ်ဆိုတာအမှန်ပါ..။=)