Tuesday, February 26, 2008

နွေဦးပေါက်ရင်



နွေဦးပေါက်ရင်
ဘုရားသခင်က ရှာဖွေပေးခဲ့တဲ့
ဆုမွန်ကောင်း လက်ဆောင်အဖြစ်
သူငါ့ဆီ လာလိမ့်မယ်

နွေဦးပေါက်ရင်
သစ်ရွက်အကြွေတွေ ...အတူတူလိုက်ကောက်မယ်
အဲဒီ သစ်ရွက်အကြွေတွေ ပေါ်မှာ
ရုရှားဘာသာ စကားနဲ့
မင်းနံမည်ကို ရေးထိုးမယ်

နွေဦးပေါက်ရင်
မဆုံးတဲ့ ပြဇာတ် ၀တ္တုရှည်....တစ်ပုဒ်ရေးမယ်
စုဘူးလေးကို ခွဲမယ်
ပြီးတော့ ပြားစေ့လေးတွေကို ရေတွက်မယ်

နွေဦးပေါက်ရင်
မော်စကိုရဲ့ လမ်းတွေစိမ်းစိုလို့
အဲဒီလမ်းတွေပေါ်
ခြေရာတွေ အထပ်ထပ် ထပ်ပေါ်တော့မယ်

နွေဦးပေါက်ရင်..................
နွေဦးပေါက်ရင်..................
နွေဦးပေါက်ရင်.................


6 comments:

Winkabar said...

နွေဦးပေါက်ရင် ... ကဗျာလေးကောင်းတယ် ကိုဆိုးသွမ်းရေ။ နွေအရသာ ပေါ်လွင်နေတယ်။

ပန်းခရေ said...

နွေဦးပေါက်ရင်
ငါတော့ ဇီါ်ယိုဝယ်စားမယ်....
ကောင်း လား
စားအုံးမလား ..
စတာ နင့်ကဗျာလေးက မိတယ်
အဆင်ပြေပါစေ

Anonymous said...

နွေဦးပေါက်ရင်...
တကယ်လားဟင် သူက လာမယ်ဆိုတာက...:D
ရုရှားဘာသာနဲ့ ဘယ်လိုလေးရေးမှာလဲဝေ့...
စုဘူးလေး ခွဲတော့ ပြားစေ့လေးတွေဘယ်လောက်ရှိမှာလဲဟင်...
ခြေရာတွေ အထပ်ထပ် ပေါ်တော့ ...ပြန်သိမ်းဘူးလားဝေ...:D
နွေဦးပေါက်ရင်..................
အဆင်ပြေပါစေနော်...

Mhaw Sayar said...

ခေတ်သစ် ဦးယာ ပေါ့ ကိုရင်က ဟုတ်လား. "နွေဦးကာလ မြူထသော အခါ " မဟုတ်တော့ဘူး..

"နွေဦးကာလ သူလာသော အခါ..ရင်းထောင်၊ ရင်းဆွဲ. ဆောင်မြဲအိုးလွယ်ကာ" ...အာ. ရောကုန်ပြီ။

ဟက်ဟက်- ကိုရင် . ကျုပ် သိတယ်နော်. :P

ဆက်လက်အောင်မြင်စွာ ချီတက်နိုင်ပါစေဗျာ..

တင့်ထူးရွှေ said...

ကောင်းတယ် အကို
နွေဦး ပေါက်ရင် စုဖူး ဖောက်တော့မယ် ဆိုပါတော့:P

Apprenticeship said...

Your poems are so catchy. You must have good resources huh?