Wednesday, November 26, 2008

စာမေးပွဲနီးလာတာနဲ့ ဟိုအရင်လိုတော့ စိတ်တော့ သိပ်မလှုပ်ရှားမိတော့ပါဘူး။ ဒါဆို စာရနေပြီလား ဆိုတော့လည်း စာက ဖြေသာ ဖြေရတော့မှာ စာသင်တာက မပြီးသေးပါဘူး။ ဒီနိင်ငံရဲ့ ပညာရေးစနစ်ကလည်း သူမေးတာကို ဖြေရုံတင် မဟုတ်ဘဲ ၊ ဆရာနဲ့ ထိပ်တိုက်ရင်ဆိုင် ရသေးတာဆိုတော့ ကိုယ်အဖြေလွှာထဲမှာ အဖြေကို ရေးနိင်ရင်တောင်မှ သူမေးတဲ့အချိန် “ အီး...အီ...အ....အ ” နဲု့ပြာပန်းခက်နေပါတော့တယ်။

လွန်ခဲ့သော် ၆ လလောက်တုန်းက စာမေးပွဲဖြေရတဲ့ ဘာသာတစ်ခုမှာ ထုံးစံအတိုင်း ကျွန်တော်တို့ စာမေးပွဲ ဖြေကြတာပေါ့။ စဖြေတော့ စာရတဲ့ သူတွေကလည်း ထပြီး ဆရာကိုပြ ၊ ဆရာက တခါတည်းမေး ၊ တခါတည်း အအောင်အရှုံးပေးလိုက်တာ။ အဆင့်ပါ အပါအ၀င်ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ရတာရှိသလို မရတာလည်း ရှိတော့ ဟိုလိုလို ဒီလိုလိုနဲ့။ ( စာမှ သိပ်မကြည့်တာ ၊ ဘလော့ဂ်ပဲ ရေးနေတာကိုးလို့ ကိုယ့်ကိုကိုယ် ပြန်ဆုံးမခဲ့ဘူးပါတယ်း( ) ဒါနဲ့ ဘေးနားက ကောင်မလေးက တပုဒ်မှ မရဘူး။ ကျွန်တော့်ကို မျက်နာရိပ် မျက်နှာကဲနဲ့ ။ ဒီအပုဒ်သိလားတဲ့။ ကျွန်တော်လည်း သူပြတဲ့ ပုဒ်စာကို တခါမှ မမြင်ဘူးပါဘူး။ ဒါနဲ့ မသိဘူးပေါ့။ ဒီတော့ ဆရာမက ပါးစပ်က ပွစိပွစိနဲ့ ( စိတ်ထဲက ဆဲနေလားတော့ မသိပါဘူး ) ။

ဒါနဲ့ ဘေးနားက သူတို့လူမျိုးတူ တစ်ယောက်ကို မေးကြည့်တာပေါ့။ မင်းမှာ အဲဒီလို ပုဒ်စာမျိုးပါလားဆိုတော့ ဟိုကလည်း ဆင်တူတော့ ရှိတယ်။ မေးတာတူမှာ မဟုတ်ဘူးတဲ့။ နောက်ဆုံး အဲဒီကောင်လေး ပေးတဲ့ စာရွက်ကို ကြားထဲကနေ ဟိုကောင်မလေးကို ပြန်ပေးပြီး သူ့ဟာသူ သိမှာပါလေဆိုပြီး လွှတ်ထားလိုက်တယ်။

အမယ် တစ်အောင့်နေတော့ ဒင်းက အဖြေလွှာလေးကိုင်ပြီး ဆရာဆီကို မရဲတရဲနဲ့ သွားကပ်တယ်။ ဟိုရောက်တော့ ဆရာက သူဖြေထားတဲ့ အဖြေကို ချပြီး မေးတာပေါ့။ ဘယ်ဟာက ဘာလဲ ၊ ဘာတွေရေးလာလဲ ၊ ဘာတွေ တွက်လာလဲနဲ့။ စာပိုဒ်ပိုင်းက ပြဿာနာ မရှိပေမယ့် အတွက်ပုဒ်စာကြတော့ သူက မတွက်ထားဘူး။ ဒီတော့ ဆရာက မေးလည်း မေးရော။ ဖြုန်းဆို ဆရာမက ငိုမဲ့ ငိုမဲ့ ထလုပ်ပါလေရော။

ကျွန်တော်လည်း စာမဖြေနိင်အားဘူး။ သူတို့ကို ထိုင်ကြည့်နေတာ။ င့ါအလှည့်ကြရင်လည်း ဘာပြောရင် ကောင်းမလဲပေါ့။း) ။ ဒါနဲ့ ဆရာက ဆူပါလေရော။ စာမကြည့်ဘူးလား ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ နင့်ကို အအောင်မပေးနိင်ဘူးလည်း ဆိုရော မျက်ရည်က ကျလာလိုက်တာ။ အော်....သနားပါဒယ်ပေါ့။ ဆရာကလည်း ဆူဖို့မကောင်းပါဘူးဆိုပြီး ထင်နေတုန်း ။ “ အေး....နောက်တခါ စာကြည့်ထား အခု နင့်ကို ၃ မှတ်ပေးလိုက်မယ် ” လည်း ဆိုရော ချက်ချင်းအငိုတိတ် ၊ စောနက မျက်ရည်တွေကြနေတာ သူမဟုတ်တဲ့ အတိုင်းပဲ။ ပြီးတော့ စာအုပ်မှာ လက်မှတ်လည်း ထိုးပြီးရော တလောက လုံးကို အောင်နိင်တဲ့ မျက်နှာပေးနဲ့ ထွက်သွားလိုက်တာဗျာ။

ဒါကြောင့်ပြောတာ စာမေးပွဲနားနီးရင် မိန်းခလေး ဖြစ်သွားချင်တယ်လို့။ ဒါမှ ဆရာက စာလည်း သိပ်မမေး ၊ မေးရင်လည်း မျက်ရည်လေး ၀ဲပြလိုက်ရင် အနိမ့်ဆုံးအောင်မှတ်တော့ ရလို့လေ။ ဒီလိုပြောတော့ ဆရာတွေကို မလေးစားတာကြနေမယ်ဆို ကန်တော့ တောင်းပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာမေးပွဲနီးရင် မိန်းခလေးပဲ ဖြစ်ချင်တယ်။ :D


12 comments:

ဟန်လင်းထွန်း said...

ဖြစ်စေဗျာ။ ဖြစ်စေဗျာ

skyblue said...

မိန်းခလေးပဲ ဖြစ်ချင်တယ် တဲ့...ဟုတ်မှလဲ လုပ်နော်...ကျားကျားလေးပြန်မဖြစ်ရင် ဘယ်နဲ့ လုပ်မလဲ...

မစ်(စ်)သွန်းသွန်း said...

အဟိ။ :)

ကြယ်ပြာ said...

မိန်းခလေးဖြစ်တိုင်း ငိုတိုင်းလည်းအမှတ်ရချင်မှ ရမှာပါ ဆိုးသွမ်းရယ် …
ဆရာရဲ့ စိတ်ထားပေါ်လဲမူတည်ပါသေးတယ် … တော်ကြာ ရုပ်ကြမ်းကြီးနဲ့နွဲ့နေတယ်ထင်သွားမှဖြင့် ဒုက္ခ ဟီး ဟီး ….

Anonymous said...

ဟဟ တကယ်လားဗျို့... :P

ဖြိုးငယ် said...

ခေါင်းစဉ်ကြည့်ပြီး တော်တော် ဇဝေဇ၀ါ ဖြစ်သွားတယ် .. ဖြစ်မှ ဖြစ်ရလေ ငါ့အကိုရယ်

မီးငယ် said...

အစ်ကိုကြီးကတော့လုပ်ပီ....ဟီး

လင်းဒီပ said...

တော်ကြာ ပြန်ပြောင်းလို့မရတော့ရင် ဒွတ်ခ...:P

Anonymous said...

စာမေးပွဲကြောင့်ပါ။ တခြားဘာမှ မဟုတ်ဘူးနော်။

အားပေးကြတယ်။ ရပ်ကွက်ကလည်းး)

ဆိုးသွမ်း

မောင် said...

စာမေးပွဲနီးရင် ငါ့စီအလည်လာစမ်းပါနယ်သားရာ ... အားပေးချင်လွန်းလို့ပါ ... တစ်မျိုးမထင်ပါနဲ့ကွာ ... အားပေးစကားပြောချင်လို့လို့ပြောတာပါ ... ဟီးဟီး
:P

khin oo may said...

ဖြစ်စေသတည်.း ယောက်ကျားဘဝကို ကိုးလ ကြာမှ ပြန်ရောက်စေသတည်. :P

Anonymous said...

ဟားဟား ကိုဆိုးသွမ်း မိန်းကလေးဖြစ်ချင်တဲ့ အကြောင်းက ဆန်းသကိုး ... အခြားတော့ မရှိပါဘူးနော် ... အဟုတ် ??? :D :D :D

ခင်မင်လေးစားမှုများစွာဖြင့်