5 years ago
Monday, November 3, 2008
မတွေ့ရတာတောင် ကြာပြီ...ဒဏ္ဍာရီ
မုသားတွေ များတဲ့လောကမှာ
အဆင်မှ ပြေရဲ့လား
ကိုယ်ကျိုးအတွက် ကြည့်သူများဇာတ်ကားမှာ
ပါဝင် သရုပ်ဆောင်နေတက်ပြီလား
အခု ငါ့အသက် ( ၂၅ )
ခေတ်အကြောင်းကို ရိုးတိုးရိပ်တိတ်လောက်ပဲ
သိသေးတယ်
နောင် အနှစ် ( ၅၀ ) ၊ ( ၇၅ )
ဖြစ်စေချင်တာတွေကို မျှော်မှန်းကြည့်ချင်မိပေမယ့်
ဖြစ်နေတာတွေကို တွေးလိုက်ရင်
ငါ့အသက် ( ၂၅ ) ကနေ ( ၅၀ ) လောက် ဖြစ်သွားတယ်
ကန့်သတ်ချက်ဆိုတာ လူကလုပ်တာတဲ့
မသိရင် မှတ်ထားဦး “ ဒဏ္ဍာရီ ”
ငါတို့ဟာ အဖြူအမည်းကို ကွဲချင်ယောင်ဆောင်နေတယ်
ပီပီသသပြောတာကို ၀ိုးတ၀ါးဖြစ်အောင် နားထောင်နေကြတယ်
ရေးချင်တယ်....ရေးခွင့်မရှိဘူး
တွေးချင်တယ်....ခေါင်းပိုပိုနှောက်လာတယ်
ကံကောင်းလို့ တခုတော့ ပိုင်ဆိုင်ထားလေရဲ့
အဲဒီ ငေးကြည့်ခွင့်လေးနဲ့
အားလုံးကို မျှတအောင် ကြည့်မယ်
မျှတအောင် တွေးမယ် “ ဒဏ္ဍာရီ ”
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
5 comments:
မျှတအောင်ကြည့်တဲ့ စိတ်ကိုလေးစားတယ် အစ်ကိုရေ့ မတွေးပါနဲ့  ခေါင်းနောက်လာလိမ့်မယ် ငြိမ်ငြိမ်လေးပဲနော်လိုက် အစ်ကို =)
မျှတမှုက အရေးကြီးတယ်.. အမှန်တရားတော့ဖြစ်ရမယ်လေ...
ကိုဆိုးသွမ်းရေ ...
အသက် ၅၀ လောက်ရောက်တဲ့အခါ ဖြစ်ခဲ့တာတွေ ပြန်တွေးလိုက်ရင် အသက် ၂၅ ကိုပြန်ရောက်သွားမှာပါဗျာ။
ကဗျာလေးမှာ ရည်ရွယ်လေးနဲ့တင်စားတာလေးတွေ သိပ်လှတယ်။
ကြိုက်သွားတယ်ဗျာ။
ခင်မင်လေးစားစွာဖြင့်
မောင်လေးရေ..
မောင်လေးကဗျာတွေက
အမြဲကောင်းနေတော့
ဘယ်လိုတင်စားပြီးပြောရမယ်ဆိုတာ
မသိတော့ဘူး..
တကယ်ဖြစ်ရပ်မှန်တွေကိုရေးတတ်ပြီး
ဖတ်လိုက်တဲ့သူတိုင်းကတွေးစရာတွေ
နဲ့အမှတ်တယတွေကျန်ခဲ့တယ်..
အမှန်တရားကိုမြတ်နိုးပြီး
မျှမျှတတတွေးတတ်တဲ့စိတ်သဘောထား
လေးကိုလည်းလေးစားတယ်..
အားပေးနေပါတယ်မောင်လေးရေ..
ကဗျာကောင်းလေးတွေဖတ်ရတဲ့
အတွက်လည်းကျေးဇူးတင်ပါတယ်..
ဒဏ္ဍာရီကို မတွေ့တာ ကြာပေမယ့် ပရိသတ် ဖြစ်နေပါပြီ။
ကံကောင်းလို့ ပိုင်ဆိုင်တာတစ်ခုနဲ့ ကျေနပ်နေမယ် ဆိုတဲ့စိတ်ကို လေးစားပါတယ်။
Post a Comment