Monday, November 24, 2008

ကျွန်တော် ဟိုအရင်တုန်းကတော့ ဘလော့ဂ်မှာ ကဗျာတွေပဲ အဓိကထားပြီး ရေးဖြစ်တယ်။ ဖြစ်ဖြစ်မြောက်မြောက်လား ဆိုတော့လည်း မဟုတ်ပါဘူး။ ကိုယ်စိတ်ထဲမှာ ရှိနေတာလေးတွေ ချရေးကြည့်တာပါ။ အပြင်စာမူတိုက်မှာ ဆိုရင်တော့ သေချာတယ် ၁ ပုဒ်မှ အရွေးခံရမှာ မဟုတ်ဘူး။း) နောက်တဖြည်းဖြည်းနဲ့ ကဗျာတွေ ရေးရုံတင် အားမရပဲ ကိုယ့်ဘ၀အကြောင်းရေး ၊ ဘာသာတွေပြန်ရေး ၊ ကိုယ်တွေး ထားတာလေးတွေရေး ၊ ရုပ်ရှင်အကြောင်း ၊ သီချင်းအကြောင်းရေး ၊ ရေး....ရေး....ရေး နဲ့ နောက်ဆုံး အခု စိတ်ကူးထားတာလေး လုပ်ပါတော့မယ်။

အင်တာနက်မှာ စာအုပ်အလကားတင်ထားတဲ့ ဆိုက်ဒ်တွေမှ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကလည်း အချိန်အားမှ ဘလော့ဂ်တောင် မနည်းရေးနေကြတာဆိုတော့ ဟိုဟိုဒီဒီလျှောက်လည် နိင်ဖို့ကလည်း အချိန်က နည်းပါးလှတယ် မဟုတ်လား။ ကိုယ့်ဘလော့ဂ်က မိတ်ဆွေ အသိုင်းအ၀ိုင်းလေးကိုတောင် အချိန်လုပြီး မနည်းလိုက်လည်နေရတာ ဆိုတော့ စာအုပ်တင်တဲ့ ဆိုက်ဒ်တွေလည်း တစ်ချို့က သိချင် သိကြမယ် ၊ မသိချင် မသိကြပါဘူး။ ဒီတော့ ကျွန်တော်လည်း စိတ်ကူး ရှိတာနဲ့ စာအုပ်လေးတွေ အခါအားလျော်စွာ တင်ဖို့ ဆုံးဖြက်လိုက်ပါတယ်။ ပထမဦးဆုံး အစအနေနဲ့ ယနေ့ခေတ်လူငယ်များကြားမှာ နေရာယူထားသော စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာ “ မင်းခိုက်စိုးစန် ” ရဲ့ စာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုက်ဒ်တွေကလည်း သေးတာကြောင့် ဒေါင်းလုပ်ချရာမှာ အဆင်ပြေမယ်လို့လည်း မျှော်လင့်ပါတယ်။ အားလုံးကို ခင်မင်လျက်.......


“ သူတစိမ်း ”

Download



“ ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင် ”

Download


“ စိုမှာဆိုးလို့ မိုးမိတယ် ”

Download


“ ကျွန်တော်နှင့် နမ်မီးဆစ် ”

Download


“ ကလေးအတွေး ”

Download


“ ချောင်းကြည့်တက်သူ တစ်ယောက်ရဲ့ည ”

Download


“ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက် လမ်းဆုံ ”

Download


“ ခေတ်သစ်တစ်ခု၏ အစ ၊ အဓိပ္ပါယ်များ၏ အဆုံး ”

Download


“ သုည ”

Download



“ ကော်ဖီည ”

Download

3 comments:

Anonymous said...

ဟားးးးး ...
အားပါးတရကြီးကို ကျေးဇူးတင်ပါတယ် ကိုဆိုးသွမ်းရေ ...။
တကယ်ဗျာ ... အကုန်ဒေါင်းလုပ်ချသွားပါတယ် ...။
မင်းခိုက်စိုးစံ ကြိုက်တယ်ဗျ ။

ခင်မင်လေးစားမှုများစွာဖြင့်

Anonymous said...

ကျေးဇူးပါဘဲဗျာ ...မင်းခိုက်စိုးစန် ကို မဖတ်ရတာကြာပြီဆိုတော့ ယူသွားတယ်
အဆင်ပြေပါစေ

Anonymous said...

ယူမယ် နောက်မှ အခု တော့ အစ်ကိုပြောသလိုပဲ လိုက်လည်နေရတာ မအားသေးလို့း) ပြီးတော့ ကဗျာဆိုရင် ၃ ခေါက်လောက်ဖတ်မှ သဘောပေါက်တက်တော့ ဒွတ်ခဖြစ်တယ်ဗျ ။