Sunday, November 9, 2008

ဝိုး တ ၀ါး.....ဘ၀တွေ


ခေတ်ကြီးကိုက
အရှိုးရာတွေ အထပ်ထပ်နဲ့
သွေးစက်စက်ယို နေလိုက်တာ

ပြဒါဿား အဟောင်းတွေပဲ
ဘာလို့ ခဏခဏ ထပ်လာနေရတာလဲ
ရီနေလည်း သတိထားရတယ်
မဲ့နေလည်း သတိထားရတယ်

ကိုယ့်ပေါင်ကိုပြန်လှန်ထောင်း
ပြက္ခဒိန်အဟောင်းတွေများခဲ့ပြီ
ထင်သလို ဖြစ်မလာ
အရင်လို ငွေရှာထွက်ရဦးမယ်

နောက်ဘိတ်ဆုံးမှာ
စာအုပ်စာပေ
လူ့မိတ်ဆွေဆိုတာ မရှိတော့
တလုပ်စားဖူး သူ့ကျေးဇူးဆိုတာ
သေသောသူ ကြာရင်မေ့သလို.....မေ့လာခဲ့တယ်

ကိုဒါသရေ....မဗဒါကို မထားခဲ့ပါနဲ့


4 comments:

ဖြိုးငယ် said...

အိမ်း .. မှန်သမျှ အကိုရေ

ဟန်လင်းထွန်း said...

မှန်သဗျ။ ခေတ်မကောင်းရင် ဘာမှကို လုပ်လို့မရတော့ဘူး

khin oo may said...

kom: မှန်တာတွေ ပြောနေပါလား။

Anonymous said...

အချိန်နဲ့ ဒီရေက လူကို မစောင့်တဲ့ကာလမှာ
မိုးကောင်းတုန်းရေခံ၊
လသာတုန်း ဗိုင်းငင်တဲ့ လူတွေကိုရော
လူညီ ဤဟာ ကျွဲဖြစ်တယ် လို့
ထပ်ဆင့် ဆိုလိုက်ပါလား ကိုဆိုးသွမ်းရယ် ...။

ခင်မင်လေးစားစွာဖြင့်