Friday, November 7, 2008

ဒီတပတ်အတွက် ရီစရာ

မောပန်းနေတဲ့ မြန်မာဘလော့ဂ်ဂါများ အတွက် ရီစရာတွေ သယ်လာပြီဗျာ။ ဖတ်ပြီးသာလည်း ဖြစ်ချင်ဖြစ်မယ် ၊ မဖတ်ရသေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီဟာသတွေကို တင်ထားတဲ့ ဘလော့ဂ်ဂါတွေ ရှိချင်လည်း ရှိမယ် ၊ မရှိချင်လည်း မရှိနိင်ဘူး။ ဟာသဆိုတာ ကိုယ်ပိုင်ထုတ်ဖို့ ခဲယဉ်းတယ်မဟုတ်လား။ ကျွန်တော်ကတော့ ရီရအောင် ယူခဲ့တာ။ တိုက်ဆိုင်မှု့များ ရှိခဲ့ရင် တောင်းပန်ပါကြောင်း။ ကဲ....စပြီး ရီရအောင်

(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။


တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။


လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။


ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။


ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က “ သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ....................

( ၂) မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် “ ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ “ ဆရာမောင်လှ ”


( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ


( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

( ၅ ) မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ....“ ဘာမယ်တဲ့တုန်း ”

“ ပါးကျိုးမယ် ” တဲ့

( ၆ ) မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက “ ယောင်္ကျားတွေဟာ မိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက “ စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်


ရယ်မောခြင်းဖြင့် ပျော်ရွှင်ကြပါစေ......ခင်ဗျာ



10 comments:

ဟန်လင်းထွန်း said...

ကြိုက်တယ်ဗျာ ဟာသတွေကို ။ နောက်ထပ်လေး လုပ်ပါအုန်း

khin oo may said...

8 Nov 08, 04:06
ုkom: “ ဆရာမောင်လှ ” လာပါတယ် ကိုဆိုးသွမ်.

mgngal said...

ရယ်ရတာတော့ လွန်ရောပဲဗျိုး ။ ကောင်းတယ် ။ နောက်
ဆက်တွဲလေးတွေ လုပ်ပါဦး ။ :)

Anonymous said...

ဟားဟား ရယ်လိုက်ရတာ ကိုဆိုးသွမ်းရယ်၊ သုံးဆယ်သား စာအုပ်ဆိုင်ရောက်တဲ့အထိ မနားရဘူး တဟားဟားနဲ့ ရယ်လည်း ပြီးရော ဘ၀အမော၊ blogger အမောတွေလည်း ပြေနေရောပဲဗျာ။ လုပ်ပါဦး နောက်ဆက်တွဲတွေ၊ အားပေးနေပါတယ်။

ခင်မင်လေးစားစွာဖြင့်

လင်းဒီပ said...

မလွယ်ဘူး..တော်သေးရဲ့ သုံးဆယ်သားမဟုတ်လို့..
ရယ်ရယ်မောမောလာသွားတယ်..

Apprenticeship said...

:D :) :P ဆရာဆိုးသွမ်းရေ... အိမ်စာတွေအပါခံနေရပီလား?
သုံးဆယ်သားဆိုတော့ အင်း... ကောင်းပါတယ်လေ... ကမ္ဘာပေါ်မှာလူဦးရေးတိုးနုန်းများနေရင်လဲ မြန်မာအတွက်တော့နည်းနေသေးတယ် တရုတ်နဲ့ကုလားလူးဦးရေကို မှီအောင်လိုက်တာပေါ့ :P

HAPPY CLOUD said...

တော်သေးတာ... ခုနစ်ရာချောင်က မပါလာလို့.... ရီသွားတယ်...ဗျ...
(ဖိုးမောင်)

:P said...

လာရီသွားပါတယ်..

Mhaw Sayar said...

ရှယ်ပဲ. မိုက်တယ်ဗျ. ဟာသလေးတွေက.

ဒါနဲ့ ခင်ဗျားရော. ဒီတစ်ပတ် ရေသွားကူးဖို့ ရှိသေးလား. :P

ရွှန်းမီ said...

ပါးကျိုးမယ် ကို မမြင်ဖူးဘူး.. ပုံလေးရှိရင် ပြပါနော် =) လှလား?