Wednesday, November 19, 2008


ငယ်ငယ်ကတည်းက ပတ်သက်ခဲ့တယ်
ဒါပေမယ့် အခုထိကြောက်တုန်း

စိတ်နာလို့ အတွေးထဲက အကြိမ်ကြိမ်မောင်းထုတ်ခဲ့ပေမယ့်
အချိန်တန်တော့ သူမ ကျွန်တော်ဆီ ပြန်လာခဲ့တာပါပဲ

မခေါ်မပြောလို့လည်း မဖြစ်
မိဘသဘောတူလို့ ပေးစားတဲ့ မိန်းမလို
မချစ်ပေမယ့် အောင့်ကာ နမ်းနေရတဲ့ဘဝ

ဒါပေမယ့် သူမနဲ့ ရှေ့ရောက်ရင်
အချိန်တိုင်း ရင်က အမြဲတမ်းခုန်နေခဲ့တယ်
ကာလ အတန်ကြာ မပေးနိင်တဲ့ အကြွေးရှင်ကိုတွေ့သလိုမျိုး
ဒူးမတုန်လောက်ပေမယ့် ရင်ခုန်ရင်း သေလောက်တယ်

သူကတော့ ကျွန်တော်နဲ့တွေ့တိုင်း
ခပ်အေးအေးပဲ
သူပြောချင်တဲ့ စကားတွေပြောမယ်
ပြီးရင် သူမေးသမျှ ကျွန်တော်ပြန်ဖြေဖို့ အလှည့်ပဲ

နောက်ပြီးရင် ကျွန်တော့်ဘ၀ကို
သူဆုံးဖြက်တော့တာပဲ
သူနဲ့တွေ့ဖို့ နောက်ထပ် ၂ ခါပဲ ကျန်တော့တယ်

အဲဒီ ၂ ခါအတွင်း သူကျွန်တော့်ကို ထားသွားမှာလား
ကျွန်တော် သူ့ကို အောင်မြင်တဲ့အပြုံးနဲ့ နုတ်ဆက်နိင်မလားဆိုတာ
မကြာမီလာတော့မယ်



“ စာမေးပွဲ ”


5 comments:

mgngal said...

ဘာပါလိမ့်လို့  ။ စာမေးပွဲကိုးး ။ အောင်မြင်ပါစေ ဘရို ။

khin oo may said...

မေးတဲ့ သူကမေး ဖြေတဲ့သူကဖြေ.

ဟန်လင်းထွန်း said...

အလာကြီးပါလား။ စာမေးပွဲကိုများ :) သားလည်းကြောက်တယ်

လင်းဒီပ said...

ဖြစ်မဖြစ်ရလေ..ကိုယ်ဆိုးသွမ်းရယ်..လမ်းခွဲခါနီး အလွမ်းစကားတွေ ဆိုနေဦးမှာလား

မောင် said...

အားမလျှော့နဲ့ ရောက်တော့မည်
ကျိုးစားလျှောက်ပါမည် ...
ဘေမန်းကြီးက ပညာရေးမို့အားပေးသည်
စူပါဗိုက်ဆာကြီးမမည်...။

စားပြီး သောက်ပြီး ချီသီးရီး ( 4 )
သုံးမှတ်ပေးလည်း ပြုံးဖြီးဖြီး
ကိုဆိုးသွမ်းကြီး ပြန်ဖို့နီး ...။

အားမလျှော့နဲ့နယ်သားကြီးရေ ကျိုးစားထား