Friday, November 21, 2008



မင်းအပေါ် ထားတဲ့အချစ်ကို
အသွေးအသားနဲ့ .....ထပ်တူပြု ကျိန်ဆိုဝင့်ပါတယ် “ ဒဏ္ဍာရီ ”

“ ရှင်ရတဲ့ လခလေးနဲ့
ဒီခေတ်ကြီးမှာ ထမင်းမငတ်အောင်တော့
စားလို့ရတာပေါ့လို့ ” မင်းပြောတော့

ငါ့လက်ထဲက ခြစ်ကုတ်ဝယ်ထားတဲ့
နှစ်ပဲတပြားတန် လက်ဆောင်လေးက
တုန်တုန်ရီရီနဲ့ င့ါကို မော့ကြည့်တယ်

မွေးကတည်းက စွဲကပ်ခဲ့တဲ့
ဆင်းရဲသား ကင်ဆာရောဂါကို
ဒီခေတ်ကြီးမှာ အမြစ်ပြတ်အောင်ကုချင်ပေမယ့်လည်း......

“ ချစ်တာတခုတည်းနဲ့ ထမင်းတလုပ်စားလို့ရလားတဲ့ ”
မိုက်ခနဲ့ တွေဝေသွားတဲ့ အသိကို
အတန်တန် ထိန်းရင်း
မင်းနုတ်ခမ်းတွေကို လူသေတစ်ယောက်လို
ငေးမောမိတယ်

ဘ၀ကို “ ရှင် ” ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ဆက်လှမ်းရမှာပဲလို့ ပြောတော့
မျက်ရည်ဝဲရင်း ပြုံးမိတယ်

ပြုမိတဲ့ အပြုံးက
ငါချစ်တဲ့မင်းဟာ သိပ်ကို စိတ်ဓတ်မာတဲ့ မိန်းခလေးမှန်း သိလိုက်ရလို့
ဝဲမိတဲ့ မျက်ရည်က
ငါမပါဘဲ မင်းအနာဂတ်တွေ လှပနိင်မှန်းလည်း မှန်းဆမိလို့


အားလုံးမှန်တယ် “ ဒဏ္ဍာရီ ”
ဘ၀ဟာ အချစ်တခုတည်းနဲ့ မပြည့်စုံဘူး
ဒီကြားထဲမှာ ဆင်းရဲတဲ့ ငါက မင်းဘ၀အတွကိ ပိုမပြည့်စုံဘူး
မငတ်အောင်ပဲ ထားနိင်တဲ့ ဘ၀ကိုလည်း
ဘယ်သူမှ မလိုချင်ကြဘူး မဟုတ်လား


7 comments:

Anonymous said...

"ချစ်တာတစ်ခုတည်း နဲ့ထမင်းတစ်လုပ်စားလို့ရလားတဲ့"
ကောင်းတယ်ဗျာ..ဘ၀တစ်ခုလုံးအတွက်ကို စဉ်းစားလိုက်တာဘဲ ..အားပေးလျက်ပါ ..အဆင်ပြေပါစေဗျာ

Anonymous said...

အချစ်တစ်ခုဟာ ဘ၀တစ်ခုလုံးကို ထောက်မဖို့ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာကို လက်ခံပေမယ့် ...
“တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ၊ ထမင်းရည်အတူလျှက်ရ လျှက်ရ ” ဆိုတဲ့စကားဟာ
အဓိပ္ပါယ်မဲ့ ထွက်ပေါ်ခဲ့တာမဟုတ်လောက်ဘူးလို့ ဆိုချင်မိတယ် ... ။ အချစ်ကို တန်ဖိုးထားတဲ့လူတွေကို
အစဉ်ထာဝရလေးစားပါတယ်။ ပေးဆပ်ခြင်းအချစ်လို ခက်ခဲ့တဲ့ အလုပ်မျိုးကို လုပ်ဝံ့တဲ့ ချစ်တတ်သူတစ်ယောက်ကို
ပိုလေးစားပါတယ် ... ။

ခင်မင်လေးစားစွာဖြင့်

လင်းဒီပ said...

ကောင်းတယ်ဗျာ...
အချစ်ရယ်..လူတန်းစားကွာဟမှုရယ်က..ခေတ်တိုင်း
စနစ်တိုင်းမှာ
ရှိနေဦးမှာပဲ.....အရေးအသားလေးတွေ ခက်မာပြတ်သားသလို...ပျော့ပြောင်းနူးညံ့မှုလည်း ရောနေတယ်...
ယောက်ျားတစ်ယောက်ရဲ့မာနနဲ့ကြေကွဲမှုကိုရောပြထားတယ်လို့ ခံစားမိတယ်...
ငြိမ်းချမ်းပါစေ..

Unknown said...

ငါ့နယ်သားလေးကို သနားလို့တဲ့ တိမ်တွေတောင်ငိုချလိုက်တယ် နှင်းတွေကိုဖွေးရော ....

နယ်သားလေး ဘ၀ဆိုတာရှင်းပါတယ်ကွာ ... ကိုယ့်လမ်းကိုရွေး နောက်ပြန်လှည့်မကြည့်ကြေးတဲ့ ...

အဆင်ပြေပါစေ နယ်သားရာ ...

Unknown said...

ဆိုးသွမ်း

ကဗျာလာဖတ်သွားတယ်
စကားလုံးတွေနဲ့တင်စား
လို့မရအောင်ကောာင်းလွန်း
လို့..
တကယ်ကောင်းတယ်မောင်လေး
အမြဲအားပေးနေပါတယ်..
အားလုံးအဆင်ပြေပါစေမောင်လေးရေ..
စာမေးပွဲတွေလည်းဖြေနေလောက်ပီထင်ပါတယ်..
ရာသီဥတုကလည်းအေးလာပြီ
နွေးနွေးထွေးထွေးဝတ်နော်
ကျန်းမာရေးဂရုစိုက်နော်..

Apprenticeship said...

အဆင်ပြေပါစေ ဆိုးသွမ်းရေ.. ညှိလိုက်ပါ... အဆင်ပြေမှာပါ.. တခြားဟာတွေ ဘယ်လောက်ပဲပြည့်စုံ ပြည့်စုံ အချစ်မပါတော့လဲ တစ်ခြားဟာတွေအားလုံးက အလကားပဲပေါ့

ကြယ်ပြာ said...

ကဗျာလေးက ခံစားလို့ကောင်းလိုက်တာ ဆိုးသွမ်းရေ …