Saturday, November 24, 2007

ဇာတ်သိမ်းခန်း

ဘ၀တစ်ခုလုံး ရည်ရွယ်လို့
ဒီဇာတ်ကို ကခဲ့မိပါတယ်
ဇာတ်ဆိုတဲ့ အတိုင်း
အချစ် အကြမ်း အလွမ်း အနမ်း တွေစုံလို့
ဘ၀ရဲ့ ပွဲခင်းထဲ ခဏတဖြုတ်
ဝင်လာတဲ့လူ ၊ ပြန်ထွက်သွားတဲ့သူ
မိုးလင်းအထိ ထိုင်ကြည့်နေတဲ့ သူတွေနဲ့
ဇာတ်က အသက်ဝင်နေလိုက်တာ...။
ပရိသတ် အလိုကျ ငိုခဲ့ရတာတွေလည်းရှိတယ်
ဇာတ်ဆရာအလိုကျ ကြမ်းခဲ့ရတာတွေလည်း ရှိတယ်
သီတာရာမ ဇာတ်လို
သုံးနှစ် သုံးမိုး မကခဲ့ရပေမယ့်
အချိန်ကာလ အတန်ကြာသည်အထိတော့
ဇာတ်ညွှန်းတွေ ရေးခဲ့ရတယ်။
ကိုယ့်ဇာတ်ကို ကိုယ်တိုင် ကြိုးဆွဲကနေတယ်လို
ထင်ထားခဲ့ပေမယ့်
တကယ်တမ်း ပါဝင်ကပြခဲ့တာက
သူတပါးရေးတဲ့ ဇာတ်က လူကြမ်းသမားနေရာကပေါ့.....။

1 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

မြင်ဘူးသမျှတော့ လူကြမ်းဆိုတာ မင်းသမိးကို ထိကပါး ရိကပါးပြော
အနည်းဆုံးတော့ လက်ဆွဲ ( ဟဲ ဟဲ . . . ဇာတ်လမ်းတွေထဲမှာ ) ။
ဒဿဂီရိလို အရူးအမူးပေမယ့် ကွဲချက်(ကွာတဲ့အချက်) က ဒဿလို မျက်နှာ မများခဲ့ဘူးဖူး ။ သူမှသူဆိုပြီးထိမ်းသိမ်းခဲ့တာက သူတော်စင်လောက် နီးနီး ။
ဒါပေမယ့် . . . . . ဒီအချစ်ခရီးမှာတော့ ကျနော်လည်း လူကြမ်း ဇာတ်သိမ်းခန်းမှာ ငိုရသူ ။