Tuesday, November 27, 2007

လူပီသချင်...သူ

ယုံကြည်ရာကို
ရဲရဲဝင့်ဝင့် လုပ်ကိုင်နိင်မှ လူပီသမယ် ဆိုရင်
ငါ....လူ မပီသသေးဘူး။

မှန်နေမှန်း သိရက်နဲ့
ထုတ်ဖော်ပြောရဲမှ လူပီသမယ် ဆိုရင်
ငါ....လူ မပီသသေးဘူး။

အများအတွက်
အကျိုးစွန့် အနစ်နာခံနိင်မှ လူပီသမယ် ဆိုရင်
ငါ...လူ မပီသသေးဘူး။

ဒါပေမယ့်.....
လူပီသ အောင်တော့ ငါ..ကြိုးစားနေတယ်
တစ်နေ့တော့ ယုံကြည်ရာကို လက်ကိုင်ထားလို့
အမှန်တရားကို ပြောရဲတဲ့သူ
ငါ...ဖြစ်လာဦးမယ်။

4 comments:

ထွန်း said...

ယုံပါတယ်ဗျာ လူပီသအောင် ခင်များစိတ်ထဲလုပ်ချင်တာ လုပ်နိုင်အောင်က တော့ နောက်ဘ၀မှဘဲ ဖြစ်နိုင်မှာပါ ကံကောင်းပါစေ

ဆိုးသွမ်း said...

အချိန်တွေ အများကြီး ရှိပါသေးတယ်။ ကိုဂျေရ။ ဖြည်းဖြည်းပေါ့ဗျာ

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကျနော်တော့ ခုအထိ လု ပဲရှိသေးသဗျ ။ လူဖြစ်အောင်ကြိုးစားတုန်း ။
မရင့်ကျက်သေး ၊ မပြည့်ဝသေး ဘူးဗျာ ။ပြန်စဉ်းစားလိုက်တိုင်း လိုနေဆဲပဲ ။

Kaung Kin Ko said...

ဒီကဗျာကို ကြိုက်ပါတယ်။ ဆန္ဒရှိသလို လုပ်နိုင်ပါစေဗျာ။