Saturday, November 17, 2007



ဘ၀မှာ ဟိုးငယ်စဉ် ကလေးတည်းက မက်ခဲ့ဘူးတဲ့ အိမ်မက်တွေက
အများကြီးပဲ။ အကောင်အထည် မပေါ်ခဲ့တဲ့ အိမ်မက်တွေရယ်...အကောင်အထည် ပေါ်ခါနီးမှ ပျက်ခဲ့ရတဲ့ အိမ်မက်တွေရယ် နဲ့ ကြီးပြင်းလာခဲ့မိတယ်။ အံဆွဲထဲက...သိမ်းထားတဲ့....ဘ၀စာအုပ်ကို ထုတ်ပြီး ပြန်ဖတ်ကြည့်တော့လည်း ခြစ်ရာတွေများလိုက်တာ။ ဒီလိုနဲ့ ကုန်လွန်လာခဲ့တဲ့ စာရွက်တွေသာ များသွားတယ်....မှတ်မှတ်ရရ မှင်နီမတားခံခဲ့ရတဲ့ စာမျက်နှာတွေ နည်းပါးမှန်း သိသာပါတယ်။အမေက ပြောဘူးတယ်....သားတဲ့ “ လောကမှာ လူလည်ကျဖို့ မလိုဘူးဒါပေမယ့် လူရည်လည်ဖို့တော့ လိုတယ်တဲ့ ” အခုထိ ကြားယောင်နေ ပါသေးတယ်။ ကိုယ့်သမိုင်းကိုယ ရေးနေတဲ့ ဒီလောကကြီးမှာ သူငယ်ချင်း တစ်ယောက်ကလည်း ပြောဘူးတယ် “ သမိုင်း မလှတာထက် သမိုင်းမရှိတာ ကခံပြင်းဖို့ ကောင်းတယ်တဲ့”....စဉ်းစားရင် သိသာနိင်တဲ့ ဒဿာန စကားလေးတစ်ခွန်းပါ။

ဒါကို ပျော်တက်တဲ့ သူငယ်ချင်းတစ်ယောက်က ဘာပြန်ပြောလည်း
ဆိုတော့... “သမိုင်းမရှိတာထက် သမိုင်းစာအုပ် ပျောက်နေတာ ဆိုးတယ်တဲ့ ဟီး ဟီး...ဘယ်နားထားမိမှန်း မသိဘူး ပျောက်ရင် လျှော်ရ တော့မယ်တဲ့လေ” ။ တွေကြုံနေရတဲ့ လောကဓံက ဘာလို့များ တစ်ယောက်နဲ့တစ်ယောက့်မတူညီနိင်ကြတာလည်း ဆိုတာ ၊ စဉ်းစားမိတိုင်း ဘာကို စိတ်တိုရမှန်း မသိဘူး။

“ တစ်ခုလိုချင်...တစ်ခုပေးရမယ်တဲ့ ” လက်သင့်ခံနိင်တဲ့ စကားလေး
ပါ။ အောင်မြင်မှုလိုချင်ရင်...အချိန်တွေ ၊ ငွေတွေ ၊ ကြိုးစားအားထုတ်မှုတွေထိုက်သင့်သလောက် ပေးဆပ်ရမှန်း သိပေမယ့် ၊ အခမဲ့ ကူညီတဲ့ အလုပ်ကိုတော့ လူတွေတော်တော်များများ မေ့ထားတက်ကြတယ်။ ရှေ့ဆောင်လမ်းပြကိုယ်က လမ်းဖောက်ခဲ့လို့. လူအများက လေးစားနေကြတဲ့ အချိန်မှာ လမ်းဖောက်ခ...တစ်စုံတစ်ရာတော့ လမ်းလျှောက်မဲ့ သူတွေကို မကောက်သင့်ပါဘူး။ “အကျိုးလိုလို့ ညောင်ရေလောင်း ” ဆိုတဲ့ စကားက သူတို့ကြောင့်ပေါ်လာတာပဲ ဖြစ်မယ်ထင်တယ်။ သူများလိုချင်တာ..ကိုယ့်မှာ ရှိနေရင်ကိုယ်အတွက်လည်း အသုံးမလိုရင်...အခမဲ့ပေးနိင်မဲ့သူ ဖြစ်နိင်မဲ့ စိတ်ထားမျိုးမွေးမြူတက်ဖို့ လိုအပ်ပါတယ်။


2 comments:

Anonymous said...

အတွေးဆိုတာ တွေးလိုက်မိရင်အမျှင်မပြတ်တော့ဘူး.. ။ဒါပေမယ် တွေးတါံအတွေးတွေကတော့ မညီ မျှတတ်ပါဘူး...၊၊
သမိုင်းစာအုပ်ပျောက်တာက တခြားတယောက်ရသွားရင် အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ် ပြွမသွားဖို့ ပဲ အရေးကြီတယ်..။ ပြံသွားလို့ ကတော့ ဘယ်သူမ အသုံးမကျတော့ ဘူး။

Anonymous said...

Everybody has thinking a dream for his /her life,that dream should be for the furture what will be doing her/him for next life.
I would be building to great dream, that is laying in my draw. A person can be building his good histroy, but another can destroy his/her dream, They want to build the enomy histry. You can build the furture of your dream histroy. But don't destroy u's histroy. If someone get u's histry he/she can continue to your histry. But you must to think what histry can deplovement in the people's world.( please prepair to read my command. I'm so bad english to reading and writing.)
သမိုင်းစာအုပ် ပျောက်တာ ကအရေးမကြီးဘူး ။ မပြဲဖို့ ကအရေးပိုကြီးတယ်....