5 years ago
Friday, November 23, 2007
အိမ်မက်ထဲအထိ စိုမိုးနိင်လွန်းတယ် နင်းပွင့်ရယ်။ နင်ရေးတဲ့ ကဗျာတွေ ငါဖတ်ရတော့ အိမ်မက်တွေတောင် မက်မိတယ်။ အိမ်မက်ထဲမှာ မောင်ရင်ငတေ နေတဲ့ ကျွန်းပေါ် ရောက်နေတာလေ။ ဘယ်သူမှလည်း မရှိတော့ ပျော်လိုက်တာ။(ငတေကို ပုန်းခိုင်း ထားတာ...ဟီးဟီး။ ဒီကောင်က ရှော့ရှိတယ်။ ) နှင်းပွင့်က အုံးရေသောက်လိုက် ကိုယ်က ပေါက်လိုက်နဲ့။ သြော်...ပေါက်တယ်ဆိုတာ နှင်းပွင့်က ဖောင်စီးချင်တယ် ပူဆာလို့ ပုဆိန်နဲ့ သစ်တွေ ၀ါးတွေကို ပေါက်ပြီး ဖောင်လုပ်ပေးနေတာပါ။
ပြီးတော့ နှစ်ယောက်သား ဖောင်ကိုဆွဲပြီး ကမ်းစပ်ကို ပြေးဖို့အလုပ် ဖောင်မှာချည်ထားတဲ့ ကြိုးကပြေရော။ အဲဒါနဲ့ ကိုယ်တို့နှစ်ယောက် ပျော်ပျော်ပါးပါးသောင်ပြင်ပေါ်မှာ ဖောင်ပြင်ကြတယ်လေ။ (ရေးထားသည့်အတိုင်း တည့်တည့်သာ ဖတ်ပါရန်။ ) မယုံရင်...မင်းကျန်စစ်ကိုမေးကြည့်။ အဲဒီအချိန်တုန်းက ဒင်းကျန်ရစ်တယ်။ ပျော်လိုက်တာ နှင်းပွင့်ရယ်။ အဲဒီတုန်းက ဖမ်းမဲ့သူလည်း မရှိဘူး( ငါးတွေ ဖမ်းတဲ့သူကိုပြောတာ )။ အိပ်ရာနိးတော့ ဖက်ခေါင်းအုံးမှာ အပေါက်တွေနဲ့။ အိမ်မက်က ကောင်းလွန်းလို့ ကြွက်ဝင်ကိုက်သွားတာတောင်
မသိလိုက်ဘူး။ ဒီအကြောင်းကို သိတော့ ကိုရန်အောင်က ရန်ဆောင်နေတယ်လေ။(အဲလို မပြောဘူးနော်။ )
နှင်းပွင့်ရေ....ကိုဂျူလိုင်ရဲ့ အိမ်မက်တွေထဲကလို ငါတို့မဝေးပါရစေနဲ့။ ဝေးခဲ့ရင်တော့ မေပျိုလို ကိုယ် အသေငိုမှာနော် (အများကြီးငိုတာ ပြောတာပါ)။အခုလည်း နှင်းပွင့်ဖြူလေးက သူနဲ့နာမည်တူလို့ တရားစွဲမယ်တဲ့လေ။ လွပ်လပ်စွာလွမ်းခွင့်မရတော့ပါလား နှင်းပွင့်ရယ်။ (အဟင့်ဟင့်....ဟင့် ) နွဲ့ကြည့်တာ။တို့မြို့တော်ကြီးက လျှပ်စစ်မီးနဲ့ လူတွေလို တွေ့လိုက် မတွေ့လိုက် ဖြစ်နေတဲ့ တို့နှစ်ယောက်ရဲ့ ဘ၀ကို အားမရဘူးကွာ။ လူကြီးတစ်ယောက်ရဲ့ ရင်ထဲနုနယ် ပျိုမျစ်လှတဲ့ အချစ်တွေက နှင်းပွင့်ဆိုတဲ့ မိန်းမချောလေးကို (မယုံပါနှင့်) ကြင်နာချင်လှပြီလေ။ ၅၀ မကျော်ခင် သားအရွယ် မျှော်ဖို့ ကိုယ့်ကို ငါးဆယ်ချေးပါ။ အဲ...နားလည်ပေးပါ နှင်းပွင့်ရယ်။
ပျော်ပျော်နေသေခဲ...မော်တော်နေ ရေထဲလို့ နှင်းပွင့် ပြောခဲ့တယ်နော်။မော်တော်က ရေရှိမှ တင့်တယ်သလို လူကလည်း အချစ်ရှိမှ ၀င့်ထည်မှာပါ။ထာဝရပျော်ဖို့ ထာဝ အဖော်လုပ်ရအောင် အာရှဓားပြ ၊ အဲ...ဓနဘဏ်ထက် လုံခြုံစိတ်ချတဲ့ ကိုယ့်ရင်ထဲ ၀င်လှည့်ပါတော့နော်။ ကိုယ့်ရင်ထဲမှာလေ ဟက်ပီးဝေါ ရှိတယ်။ မြကျွန်းသာရှိတယ်။ ရှုခင်းသာ ရှိတယ်။ ကန်တော်ကြီးရှိတယ်။ ယုဇနပလာဇာနဲ့ ဘလေဇွန် ရှိတယ်။ မော်ဒယ်ရှိုးရှိတယ်။ နိက်ကလပ် ရှိတယ်။ ( ကြားဖူးရဲ့လားတောင် မသိဘူး ဟိဟိ )။ လိုအပ်ရင်...အကူအညီ တောင်းရအောင် Raven ကလူကြီးကိုတောင် ပိုင်အောင်ပေါင်း ထားတယ်။
လိုချင်တာ အကုန်ရမယ် (but တခြားအမျိုးသားမပါ) ပျော်လိုက် ။ ထောင့်ငါးရာနဲ့ ငါးဆယ်ကျတယ် (ငါးဆယ်က ကားခလေ) ။ လူကြီးတစ်ယောက်ရဲ့ဘ၀ ၊ နှလုံးသား ၊ အသည်း ၊ အဆုတ် ၊ ကျောက်ကပ် ၊ ကလီဇာ အားလုံးလေလံ တင်လို့ရတယ်။ ခွေးလွှတ်....အဲ ခွင့်လွှတ်ပြီးသား။
တကယ်တော့ ရေခဲတုံးကြီးက အရည်ပျော်ခဲ့တာ ကြာပါပြီလေ။ ယောက္ခမက မောင်လေးလို့ ခေါ်ရမယ့် အသက်ကြောင့် မပြောဖြစ်ခဲ့တာပါ။ ဇာတ်လမ်းရဲ့ အဆုံးမှာ တာတူးဝါလို အမေ့ခံလူတစ်ယောက်ဖြစ်မှာလည်း ဆိုးမိပါတယ်။ (အမှန်က...အကြွေးမပေးချင်လို့ လိမ်နေတာလေ။ ရုပ်တည်နဲ့ အမေ့ခံဆိုပဲ ) ချိတ်ချိုးနဲ့။ ကိုယ့်အချစ်ကို ရဖို့အတွက်တော့ လေးညှို့ရှင်ကိုပဲ အားကိုးရ တော့မယ်။ သူ့ကို ပစ်ခိုင်းမလို့လေ။ သူကလည်း ယုန်ကလေးပဲ ပစ်နေ ချင်တော့လည်း ခက်တယ်။
“ အူး...အီး...အင်း ”
မလန့်ပါနဲ့ နှင်းပွင့်။ ဘာမှ ညှစ်နေတာ မဟုတ်ပါဘူး။ ချစ်စိတ်တွေ ဒီဂရီမြင့်လာတာပါ။ ကိုယ်လာပြီ နှင်းပွင့်။ နှင်းပွင့်ရှေ့မှာ ဖွင့်ပြဖို့ ကိုယ်လာနေပြီ။ (ရင်ဖွင့်ပြတာနော် ) အချစ်ဆိုလို့ အုန်းသီးတစ်မျိုးပဲ ချစ်ဖူးတဲ့ လူကြီး တစ်ယောက် လာနေပြီ။ ကုန်ဈေးနှုန်းထက် မြင့်မားတဲ့ အချစ်တွေနဲ့ ခုချက်ချင်း လာနေပြီ။ အိမ့်ချမ်းမြေ့ဂေဟာမှာ အတူနေနိင်ဖို့အတွက်
“တောက်....တွေ့ရင်တော့လားကွာ ”
အားပေးကြသော ညီအစ်ကိုမောင်နှမများအား ကျေးဇူးတင်ပါသည်။
(ဆိုးသွမ်း)

Labels: ဟာသ
Subscribe to:
Post Comments (Atom)
6 comments:
ကောင်းတယ်အစ်ကိုရေ။ ရယ်ရတယ်။ ပြီးသွားပြီလား။
ပထမတစ်ခုမှာ မေးထားတာဖြေဦးလေ။
ကိုဂျူလိုင်ရဲ့ အိမ်မက်တွေ ထဲကလို ငါတို့မဝေးပါရစေနဲ့။ ??? ကျွန်တော့် အိမ်မက်ထဲမှာ မဝေးပါရစေနဲ့ လို့ အော်မိလို့လား ဟင်။ ကိုဆိုးသွမ်းက ဘယ်ကနေ ဘယ်လို သိသွားတာလဲ ခင်ဗျာ။ အဟား (စတာနော် အတည်)
အော်ဆိုးသွမ်း ဆိုးသွမ်း
အရမ်းကို လွှတ်သရမ်းနေပါလား
ဟရို့
နှင်းပွင့်ကို အနော်ဝှက်ထားတာ ဟုတ်ဝူးနော် ။( တွေ့ရင်တော့လားဆိုပြီးကြိမ်း နေလို့ )တော်ကြာလက်ပူးလက်ကြပ်မိပါတယ်ဆိုပြီး လေးညှို့မှာ မျှားပြာတွေ တပ်ပြီး လွှတ်သမနေရင် ကျမ၏ဒီဇင်ဘာ မရောက်ခင် နှင်းပွင့်တွေ အကြွေစောလို့ ကဗျာလေးတောင် ချစ်သူမဖြစ်ရပဲ အမှတ်တရများစွာသို့ ပြောပါရစေရှင် ဆိုပြီး
တမ်းတနေရမှာ ကြောက်လို့် ။
သူတို့ တစ်တွေ တစ်နှင်းပွင့်ထဲ နှင်းပွင့်နေတာ
နာ့ကို များပြောသလား အောက်မေ့ရတယ်.. ငှဲငှဲငှဲ
မကျေနပ်ဘူး....... တရားစွဲမယ်
ဘာလျှောက်လဲ ချက်မှ မလာနဲ့
စိတ်ချပါ တစ်သက်တစ်ကျွန်းတော့ မပို့ဘူး
အေးအေးလူလူနဲ့ အခန်းထဲပဲ နေပေါ့ ..
ဟီးဟီး
ခင်တဲ့
နှင်းပွင့်ဖြူလေး
မေပျိုလို ကိုယ် အသေငိုမှာတဲ့..။ ဟင့် သူများက အသေငိုတယ်လို့ သူ့ကို ဘယ်သူက ပြောတုန်း။ အသေတော့ မငိုဘူးသိလား။ အရှင်ပဲ ငိုမှာ။
Post a Comment