Sunday, November 11, 2007

ခွဲခွာနေရတာဟာ ဆုံတွေ့နေရတာထက် ပိုကောင်းတယ်တဲ့ ၊ ဝေးနေရတော့
တနေ့နေ့ ပြန်လည်ဆုံတွေ့ရမှာပဲ ဆိုပြီး မျှော်လင့်နေလို့ရတယ်။ အတူတူ
ရှိနေတာက ခွဲခွာခြင်းအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိင်တယ်။ ဒီလိုပါပဲ
မချစ်ဘဲ နေလိုက်တာက သက်သာခွင့် ရနိင်သေးတယ်။ ချစ်မိပြီဆိုရင်တော့
ဘယ်တော့များ မုန်းသွားမလဲလို့ တထိတ်ထိတ် စိုးရိမ်ပူပန် နေရတယ်တဲ့...။

အဲဒီလို ပြောတာ ကြားဖူးခဲ့လေရဲ့။

2 comments:

chaos said...

အင်း
ကိုဆိုးသွမ်းပြောတာ
မှန်ပါတယ်
ဒါပေမယ့် အမြဲဝေးနေလို့လဲမှ မကောင်းတာ ဟုတ်တယ်မလား

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဆိုးကလည်း ချစ်မိတယ်ဆိုတာ ကြိုတင်ကြံစည်မှု့ မှမပါပဲ ။သူ့အလိုလိုပြုတ်ကျတဲ့အဖြစ်ကိုး ။ ဒီတော့ စိုးရိမ်နေရခြင်ဟာလည်း ချစ်ခြင်း၏ အခြားစာမျက်နှာ တစ်ခုပေါ့။ ပြုတ်ကျပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ စိုးရိမ်နေရုံပဲပေါ့ဗျာ ။