Saturday, May 2, 2009

စိတ်ဒဏ်ရာ...


၁ နှစ်ပြည့်ပြီ
ပျော်ပွဲ ရွှင်ပွဲနဲ့ ကျင်းပရအောင်လည်း
မွေးနေ့ပွဲ မဟုတ်
မင်္ဂလာဆောင် မဟုတ်
ရွှေရတု ၊ ငွေရတု ၊ စိန်ရတုတွေလည်း မဟုတ်

ဆိုင်းဝိုင်းလည်း မလိုဘူး
IC နဲ့ဟစ်စရာလည်း မလိုဘူး
ဒစ်စကောင့်နဲ့ မျှားစရာမလိုဘူး

ဖိတ်စာကဒ်တွေနဲ့ လှလှပပ လိုက်ဝေမျှရင်
ရက်စက်မှုအပေါင်း ....သရဖူ ခင်ဗျားဆောင်းပြီမှတ်

လူပေါင်းများစွာ...အသက်ပေါင်းများစွာ
အိုးအိမ်ပေါင်းများစွာ
စိတ်အနာတရ ပေါင်းများစွာ
ကြောက်ရွံထိတ်လန့်ခြင်းများစွာ
သွေးပျက်မှုများစွာနဲ့

အငတ်ငတ်အပြက်ပြက်
အဖေအမေနဲ့သားသမီး
အစ်ကိုနဲ့ ညီမ...အစ်မနဲ့မောင်
ဦးလေးအဒေါ်...တူ၊တူမလေး
အဘိုးနဲ့ အဘွား
ဘ၀တွေ စုတ်ပြက်ခဲ့ရတဲ့ည

ဒါဟာ သတိရစရာ မကောင်းဘူးဆိုရင်
ကိုယ့်ကိုကိုယ် ရှက်ဖို့ကောင်းတယ်
ဆေးရောင်ချယ် ပကာသနတွေနဲ့
ချယ်သပြီး လှစ်ဟပြမနေကြစမ်းပါနဲ့
ခင်ဗျားတို့ရင်ထဲ..ဘာတွေရှိလဲ မေးလိုက်ချင်တယ်

အိုး...နာဂစ်
ဘယ်သူမှ...မကူလည်း
ငါကတော့....မင်းကို
သံသရာမှာ...ရန်ကြွေးပြန်ဆပ်မယ်


4 comments:

အိုက်ခီလောက် said...

အကိုရေ စိတ်မပူနဲ့ ညီလည်းရှိတယ်
ညီလည်းကူမယ် အကိုနဲ့ ထပ်တူထပ်မျှပါ

flowerpoem said...

နာဂစ်အမှတ်တရ ကဗျာလေးလာတ်ပါတယ်....

သမီးပျိုhttp://anglepyo.blogspot.com/ said...

ရန်ကြွေးဆပ်ရင် သမီးပျိုကိုလဲခေါ်နော်

မိုးအိမ့်ဖြူ said...

http://moeeaintphyu1.blogspot.com/ <<< ဒါလေးကတော့ ဒီကဗျာလေးနဲ့လိုက်ဖတ်ပါတယ်..။ ဘလောခ့်ခွဲလေးပါ အဲဒီထဲမှာ ကျွန်တော်နှင့် ကျွန်တော့်ချစ်သူ တို့ရဲ့ ဇာတ်လမ်းလေးတွေထည့်ဖို့ပါ ....။