Thursday, May 21, 2009

အပူ



လက်ဖ၀ါးနှစ်ခု ထိစပ်နေတာမြင်တိုင်း
မင်း...ကိုငါ သတိရတယ်

“ ကလေး ” လို့ အမှတ်တမဲ့
အခေါ်ခံခဲ့ရတာကို ပြန်တွေးတိုင်း
မင်း....ကိုငါ သတိရတယ်

လကုန်ရင် စာမေးပွဲ ဖြေဆိုရမယ်လို့ အတွေးထဲ ၀င်လာတိုင်း
မင်း...ကိုငါ သတိရတယ်

ညဆိုရင်...အရင်လို အိပ်မပျော်တက်တိုင်း
မင်း....ကိုငါ သတိရတယ်

တကမ္ဘာလုံး စီးပွားရေးကျပ်တည်းတာ ဖတ်ရတိုင်း
မင်း...ကိုငါ သတိရတယ်

မြန်မာမှာ ကျွတ်စိကျွတ်စိ အသံကြားတိုင်း
မင်း....ကိုငါ သတိရတယ်

မကြုံလိုက်ရတဲ့..နာဂစ်ကို မြင်ယောင်ကြည့်တိုင်း
မင်း...ကိုငါ သတိရတယ်

အဖေနဲ့အမေက စီးပွားရှာရတာ
ငတ်ရင်းနဲ့ သေတော့မယ်လို့...ဖုန်းထဲမှာ ပြောတိုင်း
မင်း...ကိုငါ သတိရတယ်

ဟိုလူနဲ့ဒီလူ...ဒီဘက်က ဟိုဘက်ကို
ဘယ်သူတွေက ဘယ်သူ့ကို
ဆိုတဲ့ သတင်းခေါင်းစဉ် အစတွေ ဖတ်ရတိုင်း
မင်း...ကိုငါ သတိရတယ်


စိတ်ပူတာလား....ပြောပြချင်တာလား
ရင်လေးနေတာလား...ဖြေတွေးနေတာလား
ဘာပဲ ဖြစ်ဖြစ် မင်းကို...သတိရနေတော့တာပါပဲ


5 comments:

Maung Myo said...

သတိရတတ်လိုက်တာ အစ်ကိုရေ့ ညီလည်းရောယောင်ပြီး ၀င်သတိရသွားတယ်း)

flowerpoem said...

သတိရတတ်လိုက်တာ ကိုဆိုးသွမ်းက

လင်းဒီပ said...

ကိုယ်လည်း သတိရတယ်...:P

Apprenticeship said...
This comment has been removed by the author.
Apprenticeship said...

သူကြီးပဲ ပတ်လွမ်းနေတာပဲ။ ငါလွမ်းဖို့လဲ တစ်ချို့နာမည်တွေ ချန်ထားပေးအုံး :P