Friday, May 1, 2009

လွမ်းရဲတယ်.....



သူမေ့ပြီလား.....
လူတွေ့ရန် မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ ဓလေ့တောင်မှ.......
သြော်......မုန်းရက်ပြီလို့ထင် ။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင် ယုံချင်တက်သူမို့
( သူပြောလျှင် )......
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်

မလွမ်းတက်လို့လား
လွမ်းတတ်သူ မပူရှိနိင်ပ့ါ
သူသိအောင် ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ရပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို..... ဘယ်သူခွဲနိင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့.... ဆယ်သက်


မောင်စိန်ဝင်း ( ပုတီးကုန်း )


3 comments:

မီးမီးငယ် ရဲ့  ထည်ဝါချို said...

သြော် ကဗျာဆရာလက်စွမ်းပြတာ တယ်ကောင်းတယ် ဆိုပြီး ဖတ်လိုက်ရတာ နောက်ဆုံးမှ မောင်စိန်ဝင်းဖြစ်နေတယ်။

ကိုဆိုးသွမ်းရေးထားတဲ့ကဗျာထင်နေတာ
း)

flowerpoem said...

မောင်စိန်ဝင်း ရဲ့ ကဗျာကောင်းလေးကို ဘယ်ကနေရလည်းသိဘူး ကောင်းတယ် ခံစားချက်တွေအပြည့်နဲ့ ကိုဆိုးသွမ်းကြီး တကယ်လွမ်းရဲလား :P (စတာ)

လင်းဒီပ said...

ကိုယ့် အကြိုက်ဆုံးကဗျာဆရာတစ်ယောက်..
ညီလေးနဲ့ကိုယ် ရင်ဘတ်ချင်းတူတယ်