Saturday, May 23, 2009

သိမ်း......မယ်



အထပ်ထပ်ကြဲချ ခြေရာများ
နှလုံးသားပေါ်
မြတ်နိးစွာ သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်
ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေ အားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။

မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့ မင်းနုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။

ရင်ခုန်သံတွေ အပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။

အထပ်ထပ် ၀ါးထားတဲ့
မင်း ပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။

တွေ့လိုက်တာနဲ့
ချာခနဲလှ့ည် အထွက်
အင်္ကျီကြားက မင်း ခါးသားလေး
ဝင်းမွှတ်စွာ သိမ်းမယ်။

မင်း ချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှုးပေါ်က အနံ့လေး
အိတ်ကပ်ထဲမှာ အမြဲသိမ်းမယ်။

အရမ်းခံစားပြီး ရေးထားတဲ့ ကဗျာလေး
ပေးဖတ်လိုက်တဲ့ အခါ
အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့
မင်း အသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။

ရည်းစား
တစ်ယောက်က တစ်ယောက်အကူး
ထွက်ကျတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။

နေ့ည တွေးသမျှ အတွေးတွေ အကုန်လုံး
မင်း သိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။

မတွေ့မမြင်တာ ကြာလို့ မေးတဲ့အခါ
“ ဖျားနေတာ ၊ အဖျားတွေ တသက်လုံး သိမ်းပ့ါလား ” တဲ့
တုံ့ပြန်စကားလုံးများ
အိမ်မက်ထဲမှာ သိမ်းမယ်။

ရိုက်တော့မယ်လို့
မာန်စောင်နေတဲ့ မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်.......

( စောဝေ )

5 comments:

လင်းဒီပ said...

ကိုစောဝေကြီးလည်းသိမ်း..ညီလေး မင်းလည်း သိမ်း..
ကိုယ်လည်း သိမ်းမယ်ကွာ...ချစ်တာကိုး..။

အိုက်ခီလောက် said...

သိမ်းတဲ့အထဲမှာ ညီလည်းပါသေးတယ်
မေ့မနေပါနဲ့ လေ ကိုဆိုးသွမ်းရယ်
ကျေးဇူးဗျာ သိမ်းခွင့်ရသွားပြီ

ကျောပိုးအိတ် said...

ဘုရားဘုရား

ချစ်တီးတော့ဟုတ်လောက်ပါဘူးနော်။
အိမ်အသစ်ပြောင်းသွားပြီ။အိမ်သစ်လာလည်ဘို့ ဖိတ်ခေါ်ပါတယ်။
း)

မီးမီးငယ်

flowerpoem said...

ကိုဆိုးသွမ်းကအကုန်သိမ်းတာပဲ ခုရော ဘာတွေကျန်သေးလည်း ရှိသေးရင်နည်း၂ချန်ထားပါအုံး ဟဲ၂ (လာသိမ်းမလို့ပါ)

ကြယ်ပြာ said...

ကောင်းလိုက်တဲ့ ကဗျာလေး ဆိုးသွမ်းရေ .. ဖတ်ခွင့်ရလို့ကျေးဇူး ...