Monday, May 4, 2009

ဝမ်းနည်းမှတ်တမ်း...


အမှတ်စဉ်(၄၆)မှ ဗိုလ်ကြီး ကျော်သီဟ သည် ရှေ့တန်း တစ်နေရာတွင် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း မေလ (၂) ရက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သွား....

ဒါက ကဗျာမဟုတ်ဘူး...အနုပညာမဆန်ဘူး
ငါလည်း သေမင်းကို အံမတုနိင်ဘူး
မင်း...ဘဝ
ငါတို့...ဘဝ
ဘ၀...တွေရဲ့...ဘဝ
( ရင်ထဲမှာ တောက် တချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ ရပ်လိုက်ကြပါတော့... )




သူငယ်ချင်းရေ..... ငါတို့လုပ်ခဲ့သမျှ ကုသိုလ်အစုစုကို မင်းကို အမျှဝေပါတယ်။ ရောက်ရာ အရပ်မှာ သာဓုခေါ်ပါကွာ။ ငါတို့...အမျှဝေတာတွေ မင်းကြားနိင်ပါစေ...မင်းကြားနိင်ပါစေ...မင်းရောက်ရာ ဘ၀ကနေ ကြားနိင်ပါစေကွာ။

ကောင်းရာ သုဂတိလားပါစေ...သူငယ်ချင်းရေ


12 comments:

ငြိမ်သက် said...

ကရင်ထဲမှာကျသွားတာလား၊့ ကရင်နီဘက်ခြမ်းမှာလား
လူတွေသာမြွေလိုဆိုရင်....တနှစ်တခါတော့ဆုံးရှုံးသွားတဲ့
သူငယ်ချင်းတွေကို...ကျနော်တို့ပိုင်ဆိုင်ခွင့်ပြန်ရမှာပဲနော်..
ကောင်းရာ သုဂတိလားပါစေ...

khin oo may said...

စိတ်မကောင်းဘူး ငယ်ငယ်လေး ရှိသေးတယ။်
ကျော်သီဟ ကောင်းရာ သုဂတိလားပါစေ...

Apprenticeship said...

ဟုတ်တယ်ကွ ငါတို့ပြောနေတဲ့ အချုပ်အခြာအာဏာတည်တံ့ဖို့နဲ့ ကိုယ့်ပြည်နယ်ကိုယ်ဆိုတဲ့ ခေါင်းစင်အောက်မှာ သေကြေခဲ့တဲ့ လူတွေနဲ့ ထိုင်းနိုင်ငံ ဒုက္ခခံတွေ များလာတာ တကယ်ကော နိုင်ငံအတွက် တိုးတက်မှုတစ်ခုလား ...?????တစ်အိမ်ထဲနေ အိမ်သားချင်းတွေ ၇န်ဖြစ်ကြတော့ ဘေးလူတွေ အိမ်ထဲက ရှိသမျှယူသွား ငါတို့အမိမြေ တုံးလုံးဘ၀ရောက်တော့မယ်... ထားပါလေး..အဲဒီအကြောင်းတွေ တွေးပီး တောက်ခေါက်နေတာကြာပေါ့။

Unknown said...

ကျွန်တော့်တပ်ခွဲကဗျာ..။ Appointment...။ သူဘာတွေ လုပ်ခဲ့တယ်..။ ဘယ်လိုလူမျိုးဆိုတာထက်...။ အခုလိုဖြစ် သွားတဲ့အချိန်မှာတော့ ရင်ထဲမှာ မချိအောင် ခံစားရပါတယ်။

နောင်တော်တစ်ဦး..။ ရဲဘော်ရဲဘက်တစ်ဦး..။ သားကောင်း တစ်ဦး..။ ....

ကောင်းရာသုဂတိ လားပါစေဗျာ...။

ဝမ်းနည်းခြင်းများစွာဖြင့်
BLACK DREAM

Unknown said...

စိတ်မကောင်းပါဘူးဗျာ။
ဒီလိုမျိုး ကိစ္စတွေ ထပ်မဖြစ်အောင်
ကဆိုးသွမ်း ပြောသလို
ရပ်ကြပါတော့....... လို့ပဲ ပြောချင်တယ်။

အိုက်ခီလောက် said...

အင်း ကိုဆိုးသွမ်းပြောသလိုပဲ ရပ် လိုက်ရင် ကောင်းတယ်
တောက် ခေါက်တာတော့ များနေပြီ ဗျာ
နယ်စပ် ဖက်နေတာဆိုတော့ သူ့ ဖက်သွားရင် သူ့ ကောင်းတယ် ဒီဖက်လာရင် ဒီကလည်းကောင်းနေရော ခက်တယ် ပြောမရဘူး အချင်းချင်းတွေ သတ်ဖြတ်နေတာ
တာဝန်ကျေတဲ့လူကကျေလို့  အသက်ပေးတဲ့လူကပေးလို့ 
ကဲ အသက်ရှင်ကျတဲ့ လူတွေ ကရော စဉ်းစားမိပြီလား
ဘာလုပ်သင့်လည်း ဘာလုပ်ဖို့ လိုလည်း
တစ်မြေတည်းနေ တစ်ရေတည်းသောက်လာတဲ့ ညီအစ်ကိုတွေ ခုလို ဖြစ်နေတာကိုမကြည့်ချင်တော့ဘူးဗျ
ဝမ်းနည်းစွာနဲ့ ပြောသွားတာပါ
ကောင်းရာသုဂတိလားပါစေ လို့  ဆုတောင်းပေးလိုက်ပါတယ်

တောင်ပေါ်သား said...

အကိုရေ ကြားရတာ စိတ်မကောင်းပါ။ တိုင်းပြည်အတွက် အကျိုးရှိစွာ လုပ်သွားတဲ့ လူတွေအတွက် ဂုဏ်ယူနေပါတယ်ဗျာ..


လေးစားလျက်
တောင်ပေါ်သား

flowerpoem said...

ကိုဆိုးသွမ်း သတင်းကို ဖတ်ပြီး စိတ်မကောင်းပါဘူး ကိုဆိုးသွမ်းသူငယ်ချင်း တစ်ယောက် ကောင်းရာသုဂတိလားပါစေရှင်.

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ဟင်း

မကြားလိုပါ မကြားလိုပါ ဒီသတင်းတွေ
ငယ်သေးတယ်နော်။

ဘာဘဲပြောပြော black dream ပြောသလို
သူဘာတွေ လုပ်ခဲ့တယ်..။ဘယ်လိုလူမျိုး ဆိုတာထက်...။ အခုလိုဖြစ် သွားတဲ့အချိန်မှာတော့ ရင်ထဲမှာ မချိအောင် ခံစားရပါတယ်။

ကောင်းရာသုဂတိလားပါစေ။
ရဲသော်မသေ သေသော်ငရဲမလားတဲ့
တောက်မခေါက်နဲ့ တော့နော်
း)

Unknown said...

ထပ်ထူထပ်မျှ ၀မ်းနည်းကြေကွဲပါကြောင်း ...
သူငယ်ချင်း ကျော်သီဟ ကောင်းရာသုဂတိလားပါစေ ...
တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ သူငယ်ချင်း မင်းအတွက် ငါတို့အားလုံးက အမြဲဂုဏ်ယူ နေမှာပါကွာ ...

လင်းဒီပ said...

ရပ်လိုက်ကြပါတော့...
ရပ်လိုက်ကြပါတော့...
ရပ်လိုက်ကြပါတော့...
ရပ်လိုက်ကြပါတော့...
ညီလေး အစ်ကိုလည်း မင်းလိုပဲ အားလုံးကို အော်ပြောချင်တယ်...။

Anonymous said...

really made me feel very sad.